နိုင်လွန်ကတ္တရာလမ်း ပျက်ဆီးစေသည့်ယာဉ်များ အရေးယူခံရမည်

0
387

မြိတ်မြို့နယ်အတွင်းရှိ နိုင်လွန် ( AC )ကတ္တရာလမ်းများကို ပျက်စီးစေ သည့် မော်တော်ယာဉ်များ အရေးယူခံရ မည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကို ကိုထံမှ သိရသည်။နိုင်လွန် ကတ္တရာလမ်းများ မပျက် စီးအောင် စနစ်တကျသယ်ယူရမည် ဖြစ် ပြီး စည်းကမ်းမဲ့ ပစ္စည်းသယ်ယူပါက အရေးယူ မည်ဖြစ်ကြောင်းကို သက်ဆိုင် ရာ မော်တော်ယာဉ်များနှင့် အရောင်းကုန် မာဆိုင်များကို မတ်လ ၂၀ ရက်နေ့
ရက်စွဲဖြင့် စာပို့အကြောင်းကြား ထားပြီးဖြစ်ကြောင်း အထက်ပါ ကော်မတီ မှ သိရသည်။

ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် နိုင်လွန်ကတ္တရာလမ်းပျက်စီးစေသည့် ကုန်တင်ယာဉ် ၂ စီးကို ကျပ် သိန်း ၂၀ နှင့် သိန်း ၁၀ အသီးသီးပေးဆောင်စေကာ အရေးယူခဲ့ကြောင်း အထက်ပါ ကော်မ တီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။လက်ရှိတွင် မြိတ်မြို့တွင်း နိုင်လွန် ကတ္တရာလမ်း ၄ မိုင်နီးပါး ခင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ကတ္တရာများ ပျက်စီးအောင် မောင်နှင်သည့် မော်တော် ယာဉ်များအား ဥပဒေအရ အရေးယူနိုင် ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။