KNU မြို့နယ် ဥက္ကဋ္ဌနှင့်အဖွဲ့ သစ်တောဝန်ထမ်းနှစ်ဦးကို သေနတ်ဒင်ဖြင့် ထုရိုက်

0
429

KNU မှ မြို့နယ်ဥက္ကဋ္ဌ ပါဝင် သည့်အဖွဲ့က ပျဉ်းကတိုး စိုက်ခင်း ဧက ၁၀၀ တွင် တာဝန်ကျနေသည့် သစ်တော ဝန်ထမ်း ၂ ဦးကို မတ်လ ၂၉ ရက်က သေနတ်ဒင်ဖြင့်ထု၊ ကိုယ်ထိလက်ရောက် ထိုးနှက်ခဲ့၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်းအနီး နတ်အိမ် တောင်လမ်းဘေးရှိ ပျဉ်းကတိုး ဧက ၁၀၀ စိုက်ခင်း သို့ မတ်လ ၂၉ ရက် ည ၇ နာရီခန့်တွင် KNU တပ်ဖွဲ့မှ လယ်ဒိုစိုးမြို့နယ် (ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ်ပါဝင်) ဥက္ကဋ္ဌနှင့် လက်နက်ကိုင်တစ်ဦးတို့ကားဖြင့် ရောက်လာပြီး စိုက်ခင်းဆိုင်းဘုတ်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။ယင်းနောက် အဆိုပါ စိုက်ခင်းတွင် တာဝန်ထမ်းဆောင်နေသည့် တောအုပ် တစ်ဦးနှင့်တောခေါင်းတစ်ဦးတို့ကို ကား ဖြင့် ၃ မိုင်ခန့်ဝေးသည့် နေရာသို့ ခေါ် သွားပြီး သေနတ်ဒင်ဖြင့်ထု၊ ထိုးကြိတ် ကန်ကျောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ် တမ်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက်က သစ် ၄၅ တန်ခန့်၊ ဆိုင်ကယ် ၄ စီး၊ ချိန်ဆွဲစက် ၂ လုံး ဖမ်းဆီးသည့် ကိစ္စနှင့် လက်ရှိ စိုက်ခင်းလုပ်နေသည့် နေရာမှာ KNU တပ်ဖွဲ့ လယ်ဒိုစိုးမြို့နယ် အပိုင်ဖြစ်သည့်အတွက်မလုပ် ရန်ပြော ပြီး ရိုက်နှက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
” နယ်စွန်နယ်ဖျားမှာ တာဝန်ကျ နေတဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အစိုးရ အနေနဲ့ တာဝန်ယူသင့်တယ်၊ သတ်သွား ရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး” ဟု ရိုက်နှက်ခံရသည့် တောခေါင်း၏ အစ်မဖြစ်သူ ဒေါ်မူမူအေးက ပြောသည်။

ရိုက်နှက်မှုကြောင့် သစ်တောဝန် ထမ်းများဖြစ်သည့် တောအုပ်နှင့် တော ခေါင်းတို့တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ အပါအဝင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး KNU တပ်ဖွဲ့ မြို့နယ်ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ ဝင်တစ်ဦးက စိုက်ခင်းအနီးသို့ ကားဖြင့် ပြန်ပို့ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ဒဏ်ရာရရှိသည့် သစ်တောဝန်ထမ်း ၂ ဦးကို ကလိန်အောင်ဆေးရုံကို တင်ပို့ ကုသခဲ့ပြီး မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ထားဝယ်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသနေပြီး လက်ရှိအချိန်တွင် ဒဏ်ရာရ သူ ၂ ဦးစလုံး စကားပြောနိုင်ပြီ ဖြစ် ကြောင်း ဒေါ်မူမူအေးက ဆိုသည်။ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်း နိုင်ရန် မြိတ်-ထားဝယ်ခရိုင် တပ်မဟာ၎ ဆက်ဆံရေးရုံးတာဝန်ခံ ဖဒိုဝင်းခိုင်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက် ပိတ်ထားသဖြင့်မေးမြန်းခွင့် မရခဲ့ပေ။

” သူတို့ ခရိုင်ဥက္ကဋ္ဌ ကိုယ်တိုင် ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့အဖွဲ့အစည်းက လက်မခံကြောင်း စာထုတ်ဖို့ရှိပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။KNU ဗဟိုတွင် အစည်းအဝေး တက်နေသည့် မြိတ် – ထားဝယ်ခရိုင် ဥက္ကဋ္ဌက မတ်လ ၃၀ ရက်တွင် ထားဝယ် အရောက် ပြန်လာမည်ဟု ထိုင်းဖုန်းဖြင့် ဆက်သွယ်လာကြောင်း အဆိုပါတာဝန်ရှိ သူက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်း အစိုးရထံတင်ပြသွားမည်ဖြစ်ပြီး ဖြေရှင်း ဆောင်ရွက်နိုင်ရန် JMC-S (တိုင်း ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)မှတစ်ဆင့် ပူးပေါင်းဆောင်ရွက် သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။သစ်တောဝန်ထမ်း ၂ ဦးကို ရိုက် နက်ခဲ့သူများကို (ပ)၁၁/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၃ ဖြင့် ကလိန်အောင် နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။