သရုပ်ဆောင်ရတာထက် သီချင်းဆိုရတာကို ပိုနှစ်သက်တဲ့ ထားဝယ်သား သားလေး

0
1049

သီချင်းဆို ပြိုင်ပွဲတွေမှာ ဆုများ ရရှိထားပြီး သင်္ကြန်သီးချင်းခွေလည်း ထွက်နေတဲ့ ထားဝယ်သား ” သားလေး” ဟာ အနုပညာအလုပ်ကို သရုပ်ဆောင် ပိုင်းထက် သီချင်းဆိုတဲ့အပိုင်းကို ပိုနှစ် သက်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတော် ပညာပေး ဗွီဒီယို “နောင်တ ” အမည်နဲ့ တစ်ကား ရိုက်ဖူး တယ်။ ပြီးတော့ ” ငါးနှစ်တကြိမ် လူစားတဲ့ အိမ် ” တစ်ကား စုစုပေါင်း ၂ ကားရိုက်ဖူးတယ်။ ဇာတ်ကား ရိုက်ခေါ်ပေမဲ့ သရုပ်ဆောင်ရတာ ပင်ပန်းလို့ မရိုက်ဖြစ်တော့ဘူး။ သီချင်း ဆိုရတာ ပိုသဘောကျတယ် ”
သားလေးဟာ Nivea cosmetics သီချင်းဆိုပြိုင်ပွဲမှာ ပထမဆု၊ ဒုတိယအကြိမ် ဂီတတံခါးလေးမှာ ရွှေသော့၊ Premier coffee mix သီချင်းဆိုပြိုင်ပွဲမှာ ပထမနဲ့ မြန်မာ့ တေးသံရှင် ရွေးချယ်ပွဲမှာ ပထမ ဆုစသဖြင့် ဆုအသီးသီးရရှိထားပြီး အဆိုတော် အချို့နဲ့တွဲပြီး နယ်ရှိုးပွဲတွေမှာ သီချင်းလိုက်ဆိုနေတယ်လို့ ဆိုပါတယ်။

ထွက်ရှိထားတဲ့ သီချင်းခွေ တွေ ကတော့ ဟဲလေး၊ ချမ်းချမ်းတို့နဲ့ အတွဲခွေ၊ အိမ့်ချစ်၊ ရတနာမိုင်တို့နဲ့ လူစုံအတွဲခွေ များ ဖြစ်ပြီး သင်္ကြန် သီချင်းခွေအဖြစ် သင်္ကြန် Summer 2 ၊ အလန်းကဲ စသဖြင့် စုစုပေါင်းအခွေ ခြောက်ခွေသီဆိုထား တယ်လို့ သိရပါတယ်။