မဏ္ဍပ်လုံခြုံရေးနှင့် လှည့်ကင်းအချိုးညီမည်

0
353

သင်္ကြန်ကာလအတွင်း မဏ္ဍပ် လုံခြုံရေးနှင့် လှည့်ကင်းဆောင်ရွက်မည့် ရဲတပ်ဖွဲ့အင်အားကို အချိုးညီညီ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ပြီးခဲ့သည့်နှစ်များက မဏ္ဍပ်များ လုံခြုံရေးကိုသာ အဓိကထား ဆောင်ရွက် ရာမှ ယခုနှစ်တွင်မူ မြို့ရွာများအတွင်း ခိုက်ရန်ဖြစ်မှု နည်းပါးစေရန် ရဲတပ်ဖွဲ့ လှည့်ကင်းကိုလည်း အရှိန်မြှင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။ပြီးခဲ့သည့် သင်္ကြန်ကာလများတွင် ရဲတပ်ဖွဲ့က မဏ္ဍပ်တစ်ဝိုက်တွင်သာ အဓိကထား လုံခြုံရေး စောင့်ကြပ်ပြီး ပြဿနာဖြစ်နိုင် ခြေများသည့် ရပ်ကွက် များအတွင်း လှည့်ကင်းဆောင်ရွက်မှု အားနည်းသည့်အတွက် ပြည်သူများ အကြား ဝေဖန်မှု အချို့ရှိခဲ့သည်။

” မဏ္ဍပ်တွေရဲ့ နေရာအနေအထားနဲ့ စည်ကားမှု အပေါ်မူတည်ပြီးပဲ ချထား တော့မယ်” ဟု ထားဝယ်မြို့မရဲစခန်း စခန်းမှူးက ပြောသည်။
လှည့်ကင်းအင်အား များပြားပါက ပြဿနာဖြေရှင်းရာတွင် ပိုမိုလျင်မြန် လွယ်ကူစွာ ဖြေရှင်းနိုင်သည့်အတွက် ယင်းကဲ့သို့ တိုးချဲ့လုပ်ဆောင်ရခြင်းဖြစ် ကြောင်း စခန်းမှူးက ရှင်းပြသည်။

” ဟန်ပြပုံစံလေး လှည့်ပေးနေတာ တောင် ပြဿနာမဖြစ်အောင် တားဆီး နိုင်လိမ့်မယ်ထင်တယ်” ဟု ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ ကိုလှ သိန်းက ပြောသည်။လက်ရှိအချိန်တွင် ဈေးကွက်အတွင်း များပြားစွာ ဝင်ရောက်နေသည့် မျက်နှာ ဖုံးများကို အကာအကွယ်ယူကာ သင်္ကြန် ကာလအတွင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို ပြည်သူ များအကြား စိုးရိမ်ပူပန်မှုအချို့ ရှိနေ သည်။