စားသုံးရန် မသင့်ကြေညာထားသည့် ဟင်းခတ်အမှုန့် လုပ်ငန်းနှစ်ခု လိုင်စင်လာလျှောက်

0
409

စားသုံးရန်မသင့်ကြောင်း ကြေညာ ခြင်းခံရသည့် ငရုတ်သီးမုန့်နှင့် မာဆ လာ လုပ်ငန်းနှစ်ခုက ထုတ်လုပ်ခွင့် လိုင်စင် လာလျှောက်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လက FDA က ထုတ်ပြန်ကြေညာခဲ့ သည့် စားသုံးရန် မသင့်သည့် ငရုတ် သီးမှုန့်နှင့် မဆလာ ၅၉ မျိုးကို ထုတ် ပြန်ကြေညာခဲ့ရာတိုင်းအတွင်း ထုတ် လုပ်ရောင်းချနေသည့် ငရုတ်သီး မှုန့်နှင့် မာဆလာ စုစုပေါင်း ၆ မျိုး ပါဝင်နေ သည်။ယင်း ငရုတ်သီးမုန့်နှင့် မဆလာ အလုပ်ရုံများကို ဆက်မထုတ်ရန် တား မြစ်ခဲ့ပြီး ဈေးကွက်အတွင်းရှိ ပစ္စည်းများ ကိုလည်း လက်လှမ်းမီသမျှ ပြန်လည် သိမ်းဆည်းခဲ့ပြီးနောက် အလုပ်ရုံ ၆ ရုံ အနက် ၂ ရုံက ထုတ်လုပ်ခွင့် လိုင်စင်လာ လျှောက်ကြကြောင်း FDA တိုင်းဒေသ ကြီး တာဝန်ခံက ဆိုသည်။ ” ကျန်တဲ့အလုပ်ရုံတွေလည်း အချိန် မရွေး လာလျှောက်နိုင်ပြီး ပြည်သူတွေ ကလည်း လိုင်စင်ရှိတာကိုပဲ ရွေးချယ် ဝယ်ယူသင့်တယ်” ဟု FDA တိုင်းဒေသ ကြီးတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက် အောင်က ပြောသည်။

ထားဝယ်မြို့ရှိ ရွှေအိုးမဆလာနှင့် မြိတ်မြို့ရှိ ဒေါ်ဖြူ ငရုတ်သီးမှုန့် ထုတ် လုပ်သည့် အလုပ်ရုံများက လာလျှောက် ထားသည့်အတွက် ကွင်းဆင်းစစ်ဆေးပြီး ကုန်ပစ္စည်း နမူနာများကို ဓာတ်ခွဲစမ်း သပ်ရန် ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။လိုင်စင်မရှိဘဲ ထုတ်လုပ်ရောင်းချ နေသည့် အလုပ်ရုံများကို တင်းတင်း ကြပ်ကြပ်စစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ ရှိပါက အမျိုးသားအစားအသောက် ဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး တာဝန်ခံက ပြောသည်။

” အရေးယူမယ်ဆိုတာက အပြော သာရှိပြီး လက်တွေ့လုပ်ဆောင်မှု အရမ်း အားနည်းတယ်လို့ ခံစားရတယ်” ဟု ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုလှသိန်းက ပြောသည်။ယင်းကဲ့သို့ ဌာနဆိုင်ရာအချို့၏ လက်တွေ့လုပ်ဆောင်နိုင်မှုမရှိဘဲ ပြော ဆိုကြေညာခြင်းများကြောင့် အစိုးရ ဌာန များအပေါ် ပြည်သူယုံကြည်မှု လျော့ နည်းလာနိုင်ကြောင်း ပြည်သူများအကြား ဝေဖန်မှုများလည်း ရှိသည်။