လိင်ဖျော်ဖြေရေးအရုပ်နှင့် ကာမဆက်စပ်ဆေးများ ဖမ်းမိ

0
628

လိင်ဖျော်ဖြေရေးအရုပ်နှင့် တားမြစ် ကာမ ဆက်စပ်ဆေးများ ရောင်းချသည့် မြိတ်မြို့မှ ကွမ်းယာဆိုင်ပိုင်ရှင်ကို မတ်လ ၃၀ ရက်က ဖမ်းဆီး အရေးယူ လိုက်သည်။
မြို့ပေါ်ရှိ ကွမ်းယာဆိုင်များတွင် တားမြစ်ဆေးဝါးများ ရောင်းချနေကြောင်း သိရှိသဖြင့် မတ်လ ၃၀ ရက်က သက်ဆိုင် ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာ ရေးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် မူးယစ် အထူးအဖွဲ့တို့မှ လိုက်လံစစ်ဆေးစဉ် ယင်းသို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ် ကြောင်း မြိတ်မြို့နယ်ရဲစခန်းမှ သိရ သည်။

ထားဝယ်စုရပ်ကွက် ဂုဏ်ရုံလမ်းရှိ ကွမ်းယာဆိုင်မှ ကာမဆက်စပ် ဆေး ပြား၊ ဆေးဘူး၊ ဆေးဘူးခွံ့စသည့် အမျိုးအစား ၁၂ မျိုးနှင့် လိင်ဖျော် ဖြေရေး အမျိုးသမီးရုပ်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း ရဲစခန်းမှ သိရသည်။သိမ်းဆည်းရမိသည့် လိင်ဖျော်ဖြေ ရေး အမျိုးသမီးအရုပ်မှာ လေထိုး အသုံး ပြုရသည့် အမျိုးအစားဖြစ်သည်။

ယင်းကွမ်းယာဆိုင်တွင် ယခင်က လည်း တားမြစ်ဆေးဝါးများရောင်းချမှု ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ဖူး ကြောင်း ရဲစခန်း ရဲတပ်ဖွဲ့က ဆိုသည်။
ယင်းကဲ့သို့ တားမြစ်ဆေးဝါးများ ရောင်းချနေသည့် ကွမ်းယာဆိုင်ရှင် ဦးဇော်ဝမ်းဆိုသူအား (ပ) ၇၀၄ / ၂၀၁၇ အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ၁၈/ ၁၉ အရ အမှုဖွင့်အရေးယူထား ကြောင်း မြိတ်ရဲစခန်းမှ သိရသည်။