မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ကုသပေးမည်

0
375

မြိတ်မြို့၊ ဒက္ခိဏဒီပါဆေးရုံကြီးနှင့် အမေရိကန်နိုင်ငံမှ Alliance For Smile အဖွဲ့တို့ ပူးပေါင်း၍ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား မေလ အတွင်း အဆိုပါဆေးရုံ၌ အခမဲ့ ခွဲစိတ် ကုသပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှသိရသည်။

“မွေးရာပါ မခွဲဖူးသေးတဲ့သူတွေ ပြီးတော့ နှုတ်ခမ်းကွဲဝေဒနာရှင်ရယ် ပြီး ရင် ကလေးတွေကို ဦးစားပေး ကုသပေး မှာပါ” ဟု အဆိုပါဆေးရုံမှ လူထု ဆက်ဆံ ရေးအရာရှိ ဒေါ်ခိုင်သဉ္ဇာဝင်းက ပြောသည်။အဆိုပါအဖွဲ့တွင် ကလေးအထူးကု၊ မေ့ဆေးဆရာဝန်၊ နား၊ နှာခေါင်း၊ လည် ချောင်းအထူးကု ဆရာဝန်များ ပါဝင်မည် ဖြစ်ပြီး မေလ ၂၂ရက်မှ ဇွန် ၁ ရက်အထိ ခွဲစိတ်ကုသပေးမည် ဖြစ်ပြီးလူဦးရေကန့် သတ်ထားသဖြင့် ဧပြီ ၃၀ရက် နောက် ဆုံးထားစာရင်းပေးသွင်း ရမည်ဖြစ် ကြောင်း အဆိုပါဆေးရုံမှ သိရသည်။

လာရောက်ပြသချိန်မှစ၍ ဆေးရုံ ဆင်းသည့်အချိန်အထိ ဆေးစစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဆေးဝါးစရိတ်များ အပါ အဝင် နယ်ဝေးမှ လာရောက်သူများအတွက် လူနာစောင့် တစ်ဦးအပါအဝင် နေထိုင် စား သောက်စရိတ်များနှင့် ခရီးစရိတ် များပါ အခမဲ့ ကူညီပေးသွားမည်ဖြစ်ကြောင်း ဒေါ်ခိုင်သဉ္ဇာဝင်းက ပြောသည်။