သေနတ် ၅ လက်နှင့် မူးယစ်ဆေးများ ဖမ်းမိ

0
418

ရေဖြူမြို့နယ် ကျောက်ကညာရွာနေ အမျိုးသားတစ်ဦးထံမှ သေနတ် ၅ လက် နှင့်အတူ မူးယစ် ဆေးဝါးများကို မတ်လ ၁၈ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ယင်းကျေးရွာရှိ အသက် ၃၁ နှစ် အမျိုးသားတစ်ဦး၏ နေအိမ်ကို သတင်း အရ ဝင်ရောက်ရှာဖွေရာ နေအိမ် အနောက် ဘက်ရှိ ကြက်ခြံအနီးတွင် မူးယစ် ဆေးဝါးသုံးစွဲနေသည့် အိမ်ရှင်အမျိုး သားနှင့် အသက် ၂၁ နှစ်အရွယ် ညီငယ် အပါအဝင် အမျိုးသား ၅ ဦးကိုတွေ့ရှိ ရာမှ အဆိုပါ သေနတ်များ ဆက်စပ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲမှတ် တမ်းအရ သိရသည်။လက်ရှိဖြစ်စဉ်တွင် ပစ္စတို ၁လက်၊ ၃၈ ဗို့ ခြောက်လုံးပြူး ၁လက်၊ စနိုက် ပါတပ် ပွိုင့်-၂၂ သေနတ်တစ်လက်၊ ၁၂ ဗို့ပြောင်းချော နှစ်လုံးပြူးသေနတ် ၁ လက်နှင့် ပွိုင့်-၂၂ သေနတ် ၁လက် (ကျည်အိမ်မပါ၊ ခလုတ်ကာကွင်းမပါ) စုစုပေါင်းသေနတ် ၅ လက် ဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

” အမဲလိုက်ဖို့ ဝယ်ထားတယ်လို့ တော့ ပြောတယ်၊ ဒီသေနတ်တွေကို မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ ဆက်နွယ်မှုရှိ / မရှိ စစ်ဆေးနေတုန်းပါ” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။သို့ရာတွင် မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်ရာတွင် လက်နက်အသုံးပြု သည့် ပုဒ်မဖြင့် အမှုဖွင့် အရေးယူထား ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။

အဆိုပါသေနတ်များနှင့် ကျည် ၁၅၅၆ တောင့်ကို အသက် ၄၀ နှစ်ခန့် အရွယ်ရှိ အမျိုးသား (မမိသေး) ထံမှ ငွေကျပ် ၂၆ သိန်းခွဲဖြင့် ဝယ်ယူခြင်းဖြစ် ကြောင်း တိုင်းရဲမှတ်တမ်းတွင် ပါရှိ သည်။