မီးပျက်သည့်အပေါ် လျှပ်စစ်ဝန်ကြီး တောင်းပန်

0
395

ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၂၆ ရက် မနက်ပိုင်းက ဂက်စ် လိုင်းပေါက်ကွဲကာ လျှပ်စစ်မီး ပြတ်တောက် ခဲ့သည့်အပေါ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးက ပြည်သူများအား တောင်းပန် လိုက်သည်။လျှပ်စစ်မီးကို မပျက်စေချင်သော် လည်း ဂက်စ်လိုင်းပေါက်ကွဲပြီး အခြေ အနေအရ မီးပျက်ခဲ့ရသည့်အတွက် ပြည် သူများကို တောင်းပန်ကြောင်း တိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည် လှိုင်က ဆိုသည်။

” မီးကို ကျွန်တော်တို့က မပျက် စေချင်ပါဘူး၊ မီးပျက်ရခြင်းအတွက် ကျွန်တော်တို့က ပြည်သူတွေကို အသိ ပေးပြီး တောင်းပန် ချင်ပါတယ်” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။မတ်လ ၂၆ ရက် နံနက် ၈ နာရီ ခွဲခန့်က ကံပေါက်ဒေသရှိ ရှင်ပြန်ကျေး ရွာအနီးတွင် မြိုင်ကလေး ဘိလပ်မြေ စက်ရုံသို့ ပေးပို့နေ သည့် သဘာဝဓာတ် ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး ထားဝယ် ခရိုင်ကို လျှပ်စစ် မီးပေးနေသည့် ကံပေါက် ဒေသရှိ သဘာဝ ဓာတ်ငွေ့သုံး အင်ဂျင် များလည်း ရပ်နားခဲ့ရပြီး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။

“ပြည်သူတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ တောင်းပန်တယ်လို့ နားလည်တာကြောင့် လေးစား ဂုဏ်ယူ စရာ ကောင်းတယ်” ဟု ထားဝယ်တိုင်း ရင်းသားများပါတီ၏ ပြန်ကြားရေးတာ ဝန်ခံဖြစ်သူ ဦးရာဇာစိုးက ပြောသည်။

အစိုးရအနေဖြင့်ကျန်သည့် ကိစ္စ များတွင်လည်း ယင်းကဲ့သို့ တလေး တစားဖြင့် ပြည်သူများအပေါ် အမြဲကြည့် စေချင်ကြောင်း ဦးရာဇာစိုးက ဆိုသည်။
ပေါက်ကွဲခဲ့သည့် ဂက်ပိုက်လိုင်းကို မတ်လ ၂၇ ရက် မနက်ပိုင်းတွင် ပြင်ဆင် မှုပြီးစီးကာ ထားဝယ်ခရိုင် အတွင်းရှိ နေရာအချို့ကို ညနေ ၆ နာရီခန့်တွင် လျှပ်စစ်မီး ပြန်လည် ဖြန့်ဝေပေးခဲ့သည်။