သဲလက်တန်းကျွန်းပေါ် လည်ပတ်ခွင့် ပိတ်

0
711

ခရီးသွားလုပ်ငန်းများ အဓိက လည်ပတ်သွားလာသည့် ကျွန်းတစ်ကျွန်း ဖြစ်သည့် မြိတ်ခရိုင်ကျွန်းစုမြို့နယ် အတွင်းရှိ သဲလက်တန်းကျွန်းပေါ် လည် ပတ်ခွင့်ကို မတ်လ ၂၁ ရက်က စာထုတ် ထားမြစ်ထားကြောင်း သိရသည်။

ကျွန်းစုမြို့ တနင်္သာရီရေတပ်စခန်း ဌာနချုပ်နှင့် မတ်လ၂၃ ရက်တွင် ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြိတ် ရုံးခွဲတို့က ခရီးသွားလုပ်ငန်းကုမ္ပဏီများ ကို စာထုတ် အကြောင်းကြားထား ကြောင်း ယင်းခရီးသွား လုပ်ငန်းတို့ထံမှ သိရသည်။သဲလက်တန်း(သဲနှစ်တန်း)ကျွန်း ဧရိယာသည် မြန်မာအတ္တလန်တစ် ကုမ္ပဏီက ပုလဲမွေးထုတ်လုပ်ခြင်း လုပ် ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း ရေတပ်စခန်းဌာနချုပ်၏ ထုတ် ပြန်စာတွင် ဖော်ပြထားသည်။

” သွားလာ ခွင့်မရတော့ဘူးဆိုရင် ခရီးသွားလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်း ထားရမယ့် သဘောရှိနေတယ်” ဟု မြိတ် အခြေစိုက် Jade Flower Travel & Tours မှ Operation Manager ဦးကျော်ဇေယျာလင်းက ပြောသည်။မြိတ်ကျွန်းစုအတွင်းရှိ သဲလက် တန်းကျွန်း၊ နတ်သမီးရေတွင်းကျွန်းနှင့် လေးကျွန်းတို့ကို ပြီးခဲ့သည့်နှစ်မှစပြီး ပြည်တွင်းပြည်ပ ခရီးသွားလာမှုများရှိ လာခဲ့ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ် ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

သင်္ကြန်တွင်း ကျွန်းခရီးစဉ်များတွင် သဲလက်တန်းကျွန်းခရီးစဉ်ပါ ထည့်သွင်း ထားပြီး လက်မှတ်များလည်း ရောင်းချ ထားပြီး ဖြစ်သည့်အတွက် လည်ပတ်ခွင့် မရလျှင် လုပ်ငန်းထိခိုက်မှုများ ရှိနေ ကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ် ငန်းရှင်တစ်ဦးက ပြောသည်။အဆိုပါ သဲလက်တန်းကျွန်းအား ခရီးသွားလုပ်ငန်းဇုန်ကျွန်း (သို့မဟုတ်)အကန့်အသတ်ဖြင့် ခွင့်ပြုပေးသင့် ကြောင်းကို ခရီးသွားလုပ်ငန်းကုမ္ပဏီများ စုပေါင်းလက်မှတ်ထိုးကာ ယခုရက်ပိုင်း အတွင်း တနင်္သာရီတိုင်းဒေသကြီး ဝန် ကြီးချုပ်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌတို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
သဲလက်တန်းကျွန်းသည် မြိတ်မြို့ မှအမြန်ရေယာဉ်ဖြင့် နှစ်နာရီနီးပါးသွား လာရသည့် ကျွန်းတစ်ခု ဖြစ်သည်။

မြိတ်ခရိုင်အတွင်း ခရီးသွားဝန် ဆောင်မှုလုပ်ငန်း ၁၈ ခုရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဌာန မြိတ်ရုံးခွဲထံမှ သိရသည်။