သူရမချစ်ပိုရုပ်တု ထုလုပ်မည်

0
489

မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရအမျိုးသမီး သူရ မချစ်ပို၏ ရုပ်တု ထုလုပ်မည်ဖြစ်ကြောင်း ရုပ်တု ဖြစ်မြောက်ရေး ကော်မတီထံမှ သိရ သည်။
ရုပ်တုအမြင့်မှာ ၆ ပေ ၃ လက်မခန့် ရှိမည်ဖြစ်ပြီး ညာလက်က သေနတ်ရှည် ကိုင်မြောက်၊ ဘယ်လက်က လက်ပစ်ဗုံး တစ်လုံးဆုပ်ကိုင်ကာခါးတွင်ဓား မြှောင် တစ်လက် ထိုးထားသည့်ပုံစံ ထုလုပ်မည် ဟု ရုပ်တုအား တာဝန်ခံထုလုပ်မည့် ပန်းချီပန်းပုဆရာ ဦးမောင်ကျော်ထံမှ သိရသည်။

လာမည့် မေလအတွင်းရုပ်တုဖွင့်ပွဲ ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဟု အထက်ပါ ကော်မတီအတွင်းရေးမှူး ဦး ထိန်ဝင်းက ပြောသည်။” မချစ်ပိုရဲ့ ရဲစွမ်းသတ္တိ၊ အနိုင် ကျင့်စော်ကားမှုကို တွန်းလှန်တတ်တဲ့ စိတ်တွေကိုပြည်သူတွေ အမှတ်ရစေချင် လို့ရော သူရဘွဲ့ရ မြန်မာ့အမျိုးသမီး တစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ပါ သူ့ရုပ် တုထုလုပ် ဂုဏ်ပြုရတာပါ” ဟု ဦးထိန် ဝင်းကဆိုသည်။

ပြီးစီးပါက ၎င်း၏ဇာတိ လောင်းလုံး မြို့နယ် နခံတောရွာအနီး သောကြာ ပြင်လမ်းဆုံ (ထားဝယ် – မောင်းမကန် ကားလမ်းနဘေး) တွင် ပန်းခြံငယ်ပြုလုပ် ထားရှိမည် ဖြစ်ကြောင်း သိရသည်။ယင်းရုပ်တုအား ၇ ပေမြင့်သည့် အောက်ခံခုံတုံးပေါ် ထားမည်ဖြစ်ကာ ပန်းခြံနှင့် ခုံတုံးအား ရက်ပိုင်းအတွင်း နေ့ကောင်းရက်သာရွေးချယ်ပြီး အုတ် မြစ်ချပွဲကျင်းပမည်ဟု ဦးထိန်ဝင်းက ပြောသည်။

ရုပ်တုနှင့် ပန်းခြံအတွက် ရန်ပုံ ငွေအား သံဃာတော်များနှင့် ကော်မတီ ဝင်တို့ကမတည်ထည့်ဝင်ထားပြီး ဒေသ တွင်းစေတနာရှင်များထံတွင်လည်း အလှူခံသွားမည်ဟု ကော်မတီဝင်များ ထံမှ သိရသည်။