သင်္ကြန်ယိမ်းအကဖွဲ့ ဆုကြေးငွေတိုး

0
455

လာမည့်သင်္ကြန်တွင် ယိမ်းအကဖွဲ့ များကို ဆုကြေးငွေ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး က ပြောကြားသည်။

ထားဝယ်မြို့ရှိ ဗဟိုမဏ္ဍပ်တွင် ဝင်ရောက်ဖျော်ဖြေမည့် ယိမ်းအကဖွဲ့ ၁၂ ဖွဲ့ရှိပြီး ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၇ သိန်းနှင့် တတိယ ဆုအဖြစ် ငွေကျပ် ၅ သိန်း ချီးမြှင့်သွား မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး က ဆိုသည်။ယမန်နှစ်က ယိမ်းအကအဖွဲ့ ဆုကြေး ငွေကို ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်းနှင့် တတိယဆု ကျပ် ၂ သိန်း ချီးမြှင့်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

” ပြိုင်ပွဲဝင် ယိမ်းအက အဖွဲ့တိုင်းကို စရိတ်ရအောင် နှစ်သိန်းစီ ကြိုထောက်ပံ့ ပေးမယ် ” ဟု ဝန်ကြီးဦးဟိုပင်က ပြော သည်။ယင်းအပြင် နှစ်သိမ့်ဆုအဖြစ် ပြိုင် ပွဲဝင် အဖွဲ့များကို ကျပ် ၂ သိန်းစီ ချီးမြှင့် မည်ဖြစ်ပြီး ပြိုင်ပွဲမဝင်ဘဲ သီးသန့် ဖျော် ဖြေသည့် ယိမ်းအကအဖွဲ့များကို ကျပ် ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လာမည့်သင်္ကြန်တွင် ထားဝယ်မြို့ ၌ အစိုးရဌာန မဏ္ဍပ် ၃ ခုအပြင် NLD ပါတီမဏ္ဍပ်တစ်ခု၊ တပ်နယ်မဏ္ဍပ်တစ်ခု နှင့် ကြက်စားပြင်ရပ်ကွက်ရှိ ကွန်ဒို မဏ္ဍပ်တစ်ခုတို့ ရှိလာနိုင်ပြီး အခြား ပုဂ္ဂလိက မဏ္ဍပ်ဆောက်ရန် လျှောက်ထား လာပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ À