ရှပ်ပြေးအမြန်ရေယာဉ်ပေါ်တွင် ဘိန်းစာမှုန့်များ သိမ်းဆည်းရမိ

0
391

မြိတ်မြို့၊ မြို့သစ်(၆)ရပ်ကွက်ရှိ ယောကြီးဝတံတားတွင် ဆိုက်ကပ်ထားသည့် ရှပ်ပြေး အမြန်ရေ ယာဉ်ပေါ်တွင် ဘိန်းစာမှုန့်များကို မတ်လ ၁၈ ရက်က သိမ်းဆည်းရမိခဲ့ကြောင်းယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ကောင်းစံအမည်ရှိ အမြန်ရေယာဉ်ပေါ်တွင် မသင်္ကာဖွယ် အိတ်တစ်လုံးနှင့် ခြင်းတောင်းတစ်လုံး ကျန်ခဲ့ကြောင်း အမြန်ယာဉ်ပဲ့နင်းဖြစ်သူက သတင်းပေးပို့သဖြင့် စစ်ဆေးရာမှ ဘိန်းစာမှုန့် အထုပ်ရေ ၉၆ ထုပ် တန်ဖိုးအားဖြင့် ကျပ် ၆ သိန်းခွဲကျော်ကို ပိုင်ရှင်မဲ့ သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

အမြန်ရေယာဉ်ပေါ်တွင် ကျန်ခဲ့သည့် ပိုင်ရှင်မဲ့ ဘိန်းစာမှုန့်များအတွက် မြို့မရဲစခန်းက မယ(ပ) ၄၂/၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။ အဆိုပါ ကောင်းစံရှပ်ပြေး အမြန်ရေယာဉ်သည် မြိတ်မှ တနင်္သာရီမြို့နယ်သို့ ခရီးသည်တင် ပြေးဆွဲနေသည့် အမြန်ယာဉ်ဖြစ်ကြောင်း သိရသည်။