မယားထိ တူမီးကြည့်

0
397

” မင်းမိန်းမ ငါနဲ့ တစ်ည ပေးအိပ် ပါလား” ပြောသည့် ညီအစ်ကိုနှစ်ဦးအား အပြောခံရသူမှ တူမီးသေနတ်ဖြင့် ပစ်ခဲ့ ရာညီအစ်ကိုနှစ်ဦးစလုံး သေဆုံးသွား သည့် ဖြစ်စဉ်တစ်ခု ထားဝယ် ကျောက်မဲ တောင်ကျေးရွာအုပ်စု၊ သစ်ခက်ချောင်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသည့် ဦးကျော်မိုးလွင်နှင့် ညီဖြစ်သူ ဇော်မိုးတို့မှာ ဧရာဝတီတိုင်း အင်္ဂပူမြို့၊ ကွင်းကောက်ကျေးရွာသားများ ဖြစ်ကြပြီး ရင်ညွှန့်၊ လည်မျို၊ ရင်အုံ၊ ဝမ်းဗိုက်၊ ယာပါးတို့တွင် ခဲသီးဒဏ်ရာ တို့ဖြင့် မှောက်လျက် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြသည်။တရားခံ သစ်ခက်ချောင်းရွာသား အသက် ၃၃ နှစ်အရွယ် ဦးအောင်ဌေး အား စစ်ဆေးရာ မတ် ၂၂ ရက်တွင် တူတော်သူ ၂ ဦးအပါအဝင် သေဆုံးသူ နှစ်ဦးနှင့် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး အရက်ဝိုင်းအား မှောက်ပစ်ခဲ့ပြီး ထွက်လာစဉ် သေဆုံးသူ ညီအစ်ကို နှစ်ဦးမှ အထက်ပါအတိုင်း လိုက်ပြောသဖြင့် လက်သီးထိုးပွဲ ဖြစ်ရာ မှ တစ်ဆင့်အသင့်ပါလာသည့် ခဲသီး ၁၀ လုံးထည့်တူမီးသေနတ်ဖြင့် ပစ်ခဲ့ ကြောင်း ထွက်ဆိုသည်ဟု ရဲမှတ်တမ်း အရ သိရသည်။

ကျောက်မဲတောင်ကျေးရွာအုပ်စု သစ်ခက်ချောင်းကျေးရွာနေ အမျိုးသမီး တစ်ဦးထံ တစ်ရွာတည်းနေ ဦးအောင်ဌေး ရောက်လာပြီး အမျိုးသားနှစ်ဦးအား တူမီးသေနတ်နှင့်တောထဲတွင် ပစ်သတ် ခဲ့ကြောင်း မယုံကြည်ပါက သွားကြည့် ရန် ပြောဆိုခဲ့သဖြင့် မတ်လ ၂၄ ရက် တွင် ကျောက်မဲတောင်နယ်မြေ ရဲစခန်း သို့ လာရောက် သတင်းပို့သဖြင့် ယင်း နေရာသို့ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲစခန်း တာဝန်ရှိသူများနှင့် ကရင် အမျိုးသားရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်းကာ ဦးအောင်ဌေးအား လိုက်လံရှာဖွေဖမ်း ဆီးရာ မတ်လ ၂၄ ရက်တွင် ဦးအောင်ဌေး နေအိမ်တွင် သွေးစွန်းနေသည့် တူမီးသေ နတ်(အရှည် ၄ ပေကျော်)အား ရှာဖွေ သိမ်းဆည်းမိပြီး ယင်းညတွင် မြေခံဘော် ကျေးရွာအုပ်စု ကမိတ်ရွာ၌ ဦးအောင်ဌေး အား ဖမ်းမိခဲ့ကြောင်း တိုင်းရဲမှတ်တမ်း တွင် ဖော်ပြသည်။

အမှုကွင်းဆက် ဦးအောင်ဌေး၏ တူတော်သူ နှစ်ဦးအား ဆက်လက်စုံစမ်း ရှာဖွေနေကြောင်း သိရသည်။