ကျွန်ုပ်တို့အားလုံး သူခိုးများ ဖြစ်သွားသည်

0
660

တနင်္သာရီတိုင်းဒေသကြီးကို ခရီး သွားလုပ်ငန်းဖွံ့ဖြိုးအောင် လုပ်ဆောင် မည်ဟု လက်ရှိအစိုးရက ပြောဆိုထား သည်။လှပသည့်ကျွန်းများ၊ ကမ်းခြေများ ရှိသည့် တနင်္သာရီတိုင်းသည် ခရီးသွား လုပ်ငန်းအတွက် အလားအလာ အကောင်း ဆုံးဒေသ။ သို့သော် တိုင်းအစိုးရအဖွဲ့ရုံးစိုက် ရာ ထားဝယ်ခရိုင်တွင်မူ ခရီးသွား လုပ် ငန်းများအတွက် လုံလောက်သည့် အခင်း အကျင်း မရှိသေး။

နိုင်ငံခြားသား ညအိပ်တည်း ခိုခွင့်၊ အရက်ဘီယာ ဝယ်ယူသောက် စားခွင့်၊ သွားလာခွင့် ကန့်သတ်ထားသည့် လောင်းလုံး ဘုတ်ကျွန်းစသဖြင့် ကန့်သတ်ချက် များက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။ဈေးကွက်၏ တောင်းဆိုမှုသည် ရပ်မနေ။ ထို့ကြောင့် လုပ်ငန်းရှင်များ ကလည်း တရားဝင်လုပ်ကိုင်ခွင့် ရရန် ကြိုးစားလာသည်။ သို့သော် အစိုးရက လက်ရှိအချိန်အထိ မဖြေ လျှော့ခြင်းက လုပ်ငန်းရှင်များအား တရားမဝင် သို့မဟုတ် ခိုးရောင်းခိုးဝယ် အခြေဆိုက် အောင် တွန်းပို့နေသည်ဟု ၎င်းတို့က ပြောသည်။


နိုင်ငံခြားသား ညအိပ်တည်းခိုခွင့်

နိုင်ငံခြားသားအများစု စိတ်ဝင် စားသည့် ကမ်းခြေများရှိသော လောင်း လုံးမြို့နယ်တွင် ညအိပ်တည်းခိုခွင့် ရှိ သည့်နေရာ ၄ နေရာသာ ရှိသည်။ Maungmagan Beach Resort (ဒေသအခေါ် တနင်္သာရီဟိုတယ်)၊ ထားဝယ်အများပိုင် ဘန်ဂလို၊ Coconut အဆင့်မြင့် တည်းခိုရိပ်သာ နှင့် Myan-mar Paradise Beach Bungalows တို့ ဖြစ်သည်။ တည်းခိုနိုင်သည့် အခန်း ပေါင်း ၁၀၂ ခန်း ရှိသည်။ ယင်းတို့အနက် ၃ ခုသည် မောင်းမကန်တွင်တည်ရှိသည်။

သို့သော် နိုင်ငံခြားသားအများစု စိတ်ဝင်စားသည်က မောင်းမကန် မဟုတ်။ ထားဝယ် ပင်နီစူလာဒေသ ဟု ခေါ်ကြသည့် လောင်းလုံး ကျွန်းဆွယ်ရှိ ကမ်းခြေများဖြစ်သည့် ဆတ်ဆော်အော်၊ ဖိုးဖိုးကျော့၊ ဆင်ထောက်၊ စသဖြင့် ကျွန်းဆွယ်တစ်လျှောက် ကမ်းခြေများ ဖြစ်သည်။ ယင်းကမ်းခြေများအနက် နိုင်ငံခြား သား ညအိပ်တည်းခိုခွင့်ရှိသည့် နေရာ တစ်နေရာသာ ရှိသည်။ ယင်းမှာ ဆပ်ဆော်အော် ကမ်းခြေရှိ ပြညောမေ Myanmar Paradise Beach Bungalows ဖြစ် သည်။ ဘန်ဂလို အရေအတွက်မှာလည်း ၁၀ လုံးသာ ရှိသည်။

နိုင်ငံခြားသားများ လည်ပတ်မှုနှင့် တည်းခိုနိုင်သည့် နေရာအချိုး မမျှတ သည့်အတွက် အခြားကမ်းခြေများတွင် လည်း Myanmar Paradise ကဲ့သို့ ဘန်ဂလိုများ ဆောက်လုပ်ရန် ကြိုးပမ်း လာကြသည်။ လောင်းလုံးကျွန်းဆွယ် ကမ်းရိုး တန်းတစ်လျှောက်တွင် ကမ်းခြေဘန်ဂလို များ ဆောက်လုပ်ရန် ပုံစံ-၇ ရှိထားပြီး သည့် ဥယျာဉ်ခြံမြေများကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် နေရာ ၅ နေရာခန့်ရှိကြောင်း လျှောက်ထားသူ များထံမှ သိရသည်။
လိုအပ်သည့် အချက်အလက် အထောက်အထားများ အပြည့်အစုံဖြင့် အခြားနည်း အသုံးပြုခွင့်လျှောက်ထား သော်လည်း လက်ရှိအချိန်အထိ တိုင်း ဒေသကြီးအစိုးရ၏ ခွင့်ပြုချက် မရရှိ သေးကြောင်း ၎င်းတို့က ပြောသည်။

“တရားဝင်လမ်းကြောင်းက သွားချင် တယ်။ ဒါပေမယ့် လမ်းကြောင်းက ပိတ် နေတယ်” ဟု ဖိုးဖိုးကျော့ကမ်းခြေတွင် ဘန်ဂလိုဆောက်လုပ်ရန် မြေအခြားနည်း အသုံးပြုခွင့် လျှောက်ထားသည့် Titan ခရီးသွား လုပ်ငန်းပိုင်ရှင် ဦးတင်နိုင်က ပြောသည်။အဆိုပါ ကမ်းခြေများအနက် အချို့ နေရာများတွင် ဘန်ဂလိုအချို့ ဆောက်လုပ် ထားကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေး သည့်လုပ်ငန်း လိုင်စင်မရှိသည့်အတွက် နိုင်ငံခြားသားများကို ညအိပ်လက်ခံခွင့် မရှိပေ။

ထို့ကြောင့် ကမ်းခြေတွင် ရွက်ဖျင် တဲထိုး၊ ဖျာခင်းပြီး အဆင်ပြေသလို နေလေ့ရှိသည့်အတွက် မလိုလားအပ် သည့် ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ဘန်ဂလိုဆောက်လုပ်ရန် ကြိုးစားနေကြ သူများက ထောက်ပြသည်။” လာတဲ့ နိုင်ငံခြားသားတွေက ပြောကြတယ်။ နင်တို့ဆီမှာ ငါတို့က ပိုက်ဆံလာသုံးတာ။ ဘာလို့ ညအိပ်ခွင့် မပေးရတာလဲလို့ ပြောတယ်” ဟု ကမ်း ခြေတစ်ခုတွင် ဘန်ဂလိုဆောက်ထားသူ တစ်ဦးက ဆိုသည်။တိုင်းဒေသကြီး မြေယာ အထူး စိစစ်ရေး ကော်မတီဥက္ကဋ္ဌလည်း ဖြစ် သည့် တိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကမူ ” ကြန့်ကြာတယ်ဆိုတာက တင်တဲ့သူပေါ် မူတည်တယ်” ဟု ပြော သည်။

လျှောက်ထားသူများက အထောက် အထားမခိုင်လုံဘဲ တင်လာသည့်အတွက် ပြန်လည်စိစစ်ခြင်း လုပ်ငန်းများ လုပ် ဆောင်နေသည့်အတွက် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။” လက်ရှိ အစိုးရရဲ့မူကတော့ ကမ်း ခြေနဲ့ပတ်သက်ပြီး အများပြည်သူပိုင် အနေနဲ့ပဲထားမယ့် သဘောမှာရှိတယ်” ဟု တိုင်းအစိုးရအဖွဲ့မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍကို တာဝန်ယူ ထားသည့် ဝန်ကြီး ဦးမြင့်မောင်က ဆို သည်။ပုဂ္ဂလိက ပိုင်လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်ပါက နောင်တွင် ယင်းပုဂ္ဂလိက လုပ်ငန်းရှင်များက ဒေသခံများဝင် ရောက်ခွင့်ကို ကန့်သတ်မှုများရှိလာ နိုင်သည်ဟု ၎င်းက ပြောသည်။

အရက်၊ ဘီယာရောင်းချခွင့်
ထားဝယ်ဒေသနှင့် ကမ်းခြေများ သို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားများနှင့် ပြည်တွင်း ခရီး သွားများအတွက် အခြားလိုအပ်ချက် တစ်ခုမှာ အရက်၊ ဘီယာ လွတ်လပ်စွာ ဝယ်ယူသောက်သုံးခွင့် ဖြစ်သည်။ စားသောက်ဆိုင်ပေါင်း ၆၀ နီးပါး ရှိသည့် မောင်းမကန်ကမ်းခြေတွင် ပင် လျှင် အရက်ဘီယာရောင်းချခွင့် လိုင် စင်တစ်ဆိုင် သို့မဟုတ် နှစ်ဆိုင်ဝန်းကျင် သာ ရှိသည်။ အချို့ဆိုင်များက လိုင်စင်လျှောက် ထားကြသည်ဟု ဆိုသည်။
သို့သော် လက်ရှိအချိန်အထိ မကျ သေး။

” ဧည့်သည်လာရင် ဘီယာရှိလားပဲ အရင်မေးကြတယ်။ အရက်မရောင်းဘူး ပြောရင် တခြားဆိုင် သွားကုန်ကြလို့ အစားစာတောင် မရောင်းရတော့ဘူး” ဟု မောင်းမကန်ကမ်းခြေရှိ သရဖူ စားသောက်ဆိုင်ပိုင်ရှင် ဦးနေဝင်းက ပြောသည်။မောင်းမကန် ကမ်းခြေလာသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားအများစုက အရက်၊ ဘီယာ သောက်လိုကြပြီး ရောင်း ချခွင့် လိုင်စင်မရှိသည့် စားသောက် ဆိုင်များမှာ ခိုးရောင်းခိုးဝယ် ပြုလုပ် နေရသည်ဟု မောင်းမကန်ကမ်းခြေရှိ မြန်မာဘီယာ ရောင်းချနေသည့် စား သောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။


သွားခွင့်ပိတ်ထားသည့် လောင်းလုံး ဘုတ်ကျွန်း

ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားသည့် နာမည်ကျော် လောင်း လုံးဘုတ်ကျွန်းကို သွားလာခွင့် ပိတ် ထားခြင်းကလည်း ခရီးသွားလုပ်ငန်းကို သက်ရောက်မှု ရှိသည်။လောင်းလုံးဘုတ်ကျွန်း သွားခွင့် ပိတ်ထားခြင်းကြောင့် ထားဝယ်ဒေသ ဘက် ခရီးသွားရန် စိတ်ဝင်စားမှု လျှော့ နည်းလာကြောင်း လောင်းလုံးဘုတ် ကျွန်းကို ပို့ဆောင်ပေးနေသည့် ခရီးသွား လုပ်ငန်းအချို့ထံမှ သိရသည်။

ယင်းကျွန်းသို့ လည်ပတ်ခွင့်ပြုရန် ခရီးသွား လုပ်ငန်းများက တောင်းဆို ထားသော်လည်း လက်ရှိအချိန်အထိ ခွင့်ပြုခြင်း မရှိသေးပေ။ယင်းကြောင့် ခရီးသွားလုပ်ငန်း အချို့မှာ လောင်းလုံးဘုတ်ကျွန်းသို့ တရား မဝင် ပို့ဆောင်လာကြသည်။ ခိုးပို့ ခိုး သွား ဖြစ်လာသည်။”ပြန်မဖွင့်သရွေ့တော့ ခိုးသွားတဲ့ သူတွေက ရှိနေဦးမှာပဲ ” ဟု Sky Light Travel ခရီးသွားလုပ်ငန်းပိုင်ရှင် ဒေါ်မိုးမိုး သူက ပြောသည်။ခိုးပို့ခိုးသွား အနေအထားဖြင့် နိုင်ငံခြားခရီးသွားများကို ပို့ဆောင်မိ သည်ဆိုပါက မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို နိုင်ငံသား များ၏ လိုက်နာမှုအပေါ် ကဲ့ရဲ့စရာ ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

” သွားလာနိုင်ဖို့အတွက် တပ်ပိုင် မြေအဖြစ်ကနေ စွန့်လွှတ်ပေးနိုင်ဖို့ နိုင်ငံ တော် သမ္မတရုံးကို တောင်းဆိုထားတယ်” ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ယင်းသို့ အစိုးရ၏ ကန့်သတ်ချက် များကြောင့် တရားမဝင် လုပ်ကိုင်လာမှု များသည် အောက်ခြေအဆင့် သက်ဆိုင် ရာဌာန၊ အဖွဲ့အစည်းများရှိ တာဝန်ရှိ သူများနှင့် လာဘ်ပေးလာဘ်ယူ အခြေ အနေများအထိ ဖြစ်လာစေသည်ဟု ခရီး သွားလုပ်ငန်းအသိုင်းအဝိုင်းက ဆိုသည်။ ” Black Market တွေရှိနေတာက နှစ်ဖက်စလုံး မကောင်းဘူး။ အစိုးရဘက် ကနေ ရသင့်ရထိုက်တဲ့ အခွန်မရဘူးလေ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဒုဥက္ကဋ္ဌ ဦးခင်မောင်လွင်က အကြံပြုပြောကြားသည်။

မှောင်ခိုဈေးကွက်များက စားသုံး သူများအတွက်လည်း အကာအကွယ်မဲ့ စေသည်ဟု ၎င်းက ဆိုသည်။ကမ်းခြေဒေသများတွင် အရက်၊ ဘီယာရောင်းချခွင့်ကို ခွင့်မပြုခြင်းက မဖြစ်သင့်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။”နိုင်ငံခြားသားတိုင်းက အရက် သောက်တတ်တယ်။ Social အနေနဲ့ သောက်ကြတယ်။ အဲဒါကို သွားတားမြစ် လိုက်ရင် နိုင်ငံခြားသားတွေကို မလာနဲ့ လို့ ပြောလိုက်သလိုပဲ” ၎င်းက ဆိုသည်။

၎င်းအပြင် အခြားဖျော်ဖြေရေးလုပ် ငန်းများဖြစ်သည့် KTV ၊ အနှိပ်ခန်း စသည်တို့ကိုလည်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ ခွင့်ပြုသင့်သည်ဟု ၎င်းက ပြောသည်။တနင်္သာရီတိုင်းတွင် လှပသည့် ကမ်းခြေများစွာရှိသည့်အတွက် တိုင်း အစိုးရအနေဖြင့် ယင်း ကမ်းခြေများကို ဖော်ထုတ်ပြီး ခရီးသွား လုပ်ငန်းလုပ် ဆောင်ရန်အတွက် ကျွမ်းကျင်ပညာရှင် များဖိတ်ခေါ်ကာ Master Plan ရေးဆွဲသင့်သည်ဟု ဦးခင်မောင်လွင်က အကြံပြုသည်။
လောင်းလုံးကျွန်းဆွယ် တစ်လျှောက် တွင် ဘန်ဂလိုလုပ်ငန်းများ တစ်နိုင် တစ်ပိုင် လုပ်ကိုင်မည့် လုပ်ငန်းရှင်များ ကိုလည်း အစိုးရအနေနှင့် စိစစ်ခွင့်ပြု သည်ဟု ဦးခင်မောင်လွင်က ဆိုသည်။

သို့သော် မြန်မာလုပ်ငန်းရှင်အမည် ခံသည့် နိုင်ငံခြားသားလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်မရှိရန် သေချာစိစစ်သင့် သည်ဟု ဆိုသည်။ဈေးကွက်တောင်းဆိုမှုသည် ရပ် မနေ။ ထို့ကြောင့် မူဝါဒ အမှားများက သူခိုးဈေးကွက်ကို ဖော်ဆောင်နေသကဲ့ သို့ ဖြစ်နေသည်။ဧည့်သည်နိုင်ငံခြားသားများသာ မက ပို့ဆောင်သူ၊ ယမကာရောင်းသူ စားသုံးသူအားလုံး ဥပဒေနှင့်မညီ ဖြစ် သွားသည်။ ကျွန်ုပ်တို့အားလုံး သူခိုး ဖြစ်သွားသည်။