ကျောက်မိုင်းကုမ္ပဏီအများစု စည်းကမ်းမလိုက်နာဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော

0
470

မွန်ပြည်နယ်အတွင်းရှိ ကျောက် မိုင်းကုမ္ပဏီအများစု စည်းကမ်းမလိုက် နာဘဲ အစိုးရထံ အခွန်ဆောင်ထားသည့် ကျောက်ထုတ်လုပ်ခွင့်ပမာဏထက် ပိုထုတ်လုပ်နေသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ကျောက်မိုင်းကုမ္ပဏီများသည် အစိုးရထံ အခွန်ဆောင်ထားသည့် ထုတ် လုပ်ခွင့်ပမာဏ ၁၀ ဆကျော် ပိုထုတ် လုပ်နေသည်ကို တွေ့ရှိနေရပြီး စိစစ်မှု ကို ယခုလအတွင်း လုပ်ဆောင်သွားမည် ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

” စိစစ်လို့တွေ့ရှိရင်တော့ စည်းမျဉ်း အတိုင်း အရေးယူ လုပ်ဆောင်ရမယ်၊ ဒါမှ မဟုတ် ပိုထုတ်တဲ့ ကျောက်တွေကို နိုင်ငံတော်ကို အခွန်ပြန်သွင်းခိုင်းမယ်၊ မွန်ပြည်နယ်မှာ ကျောက်ထုတ်လုပ်တဲ့ ကျောက်မိုင်းကုမ္ပဏီအားလုံး ပိုထုတ် နေတာ တွေ့ရတယ်။ ကုမ္ပဏီအားလုံး စည်းကမ်းဖောက်ဖျက်တာ တွေ့နေရ လိုပါ” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။ ကျောက်မိုင်းကုမ္ပဏီများကို မြို့နယ်သယံဇာတ ထိန်းသိမ်းရေး ကော် မတီမှ အနီးကပ်စောင့်ကြည့်ခြင်း၊ ချုပ် ဆိုထားသည့် စာချုပ်စာတမ်းဖြင့် စိစစ် ခြင်း၊ ယမ်းခွဲခြင်းမှ တစ်ဆင့် စိစစ် ခြင်း၊ ကျောက်များသယ်ထုတ်ချိန်တွင် စိစစ် ခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ကတော့ အတတ် နိုင်ဆုံး စည်းမျဉ်းစည်းကမ်းနဲ့အညီပဲ လုပ်နေတာပါ” ဟု ပေါင်မြို့နယ်တွင် ကျောက်ထုတ် လုပ်နေသည့် Long Life Aggregate Co.Ltd ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောသည်။ကျောက်မိုင်း ကုမ္ပဏီများသည် အခွန်အဖြစ် ကျောက်တစ်ကျင်းလျှင် ကျပ် ၂၅၀၀ ကို ပြည်နယ်အစိုးရသို့ ပေး ဆောင်ရသည်။

ဝန်ကြီးချုပ်အနေဖြင့် ဝန်ကြီးချုပ် တာဝန် မထမ်းဆောင်ခင် ကာလက မွန်ပြည်နယ်အတွင်းရှိ ကျောက်မိုင်းများ အနက်မှ ကွင်းဆင်း သွားရောက်စစ်ဆေး ခဲ့ရသည့် ကျောက်မိုင်းကုမ္ပဏီ ၅၀ ခန့် ရှိပြီး စည်းကမ်းနှင့်အညီ လုပ်ဆောင် နေသည့် ကုမ္ပဏီတစ်ခုမျှမရှိဟု ပြောသည်။
မွန်ပြည်နယ်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင်သစ်တော ကြိုးဝိုင်းအတွင်း ကုမ္ပဏီ ၂၂ ခုနှင့် ဥယျာဉ်ခြံမြေ အတွင်း ကုမ္ပဏီ ၈၈ ခုတို့ကို ကျောက်ထုတ် လုပ်ခွင့် လိုင်စင်ထုတ်ပေးထားသည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ သိရသည်။