အမည်နာမ ပေးကြရာဝယ်

0
532

တံတားတစ်စင်း အမည်ပေးဖို့အရေး လွှတ်တော်ထဲမှာ မဲခွဲပြီး ဆုံးဖြတ်ရတယ် ဆိုတာ ကမ္ဘာပေါ်မှာ ရှိပါလေစ။တစ်ဘက်မှာလည်း သဘောထားကွဲ ကာကန့်ကွက်တဲ့ သူတွေရှိတဲ့နာမည် တစ်လုံးဟာ ဒီတိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်၊ အာဇာနည်သူရဲကောင်း၏အမည်ဖြစ် နေပြန်သည်။

မကြာမီ ဖွင့်လှစ်တော့မည့် သံလွင် မြစ်ကိုဖြတ်ပြီး မော်လမြိုင်မြို့နှင့် ဘီလူး ကျွန်း(ချောင်းဆုံမြို့)ကို ဆက်သွယ်ထား တဲ့ တံတားကို” ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်ပြောင်းဖို့ ပြည်သူ့ လွှတ်တော်မှာ မတ်လ ၁၄ ရက်က ဆွေး နွေးခဲ့ကြသည်။ ကန့်ကွက်သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃မဲနှင့် ကြားနေမဲ ၁၁၆ မဲရရှိသည့်အတွက် ထောက်ခံမဲများကာ၊ ” ဗိုလ်ချုပ်အောင်ဆန်းတံတား” } ဟု တရားဝင် သတ်မှတ်တော့မည်။
၎င်းကိစ္စနှင့်ပတ်သတ်၍ မကျေနပ် သောဒေသခံများက ကန့်ကွက်ဆန္ဒပြ မည်ဟု သိရသည်။

လွှတ်တော်ထဲ အဆိုတင် ထောက် ခံသူများက ဘာကြောင့်များ ဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် ပေးချင် ကြတာလဲ။ ကန့်ကွက်သူများကရော ဘာကြောင့်များ အမျိုးသားခေါင်းဆောင် တစ်ဦးရဲ့အမည်ကိုတောင် ကန့်ကွက်ရ ပါသလဲ။ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ မချိတ် ဆွဲရဲ၊ ဗိုလ်ချုပ်အောင်ဆန်း အမည်အသုံး မပြုရဲသော အချိန်ကာလ မြန်မာပြည်မှာ ရှိခဲ့သည်။ စစ်အာဏာရှင်တို့ တန်ခိုး ထွားချိန်၌ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ တွေဖြုတ်ချ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့်အရာများကို ဖျောက် ဖျက်ကာ မေ့လျော့အောင် ပြုလုပ်ခဲ့ကြ သည်။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားရုံနှင့် ထောင်ကျသွားနိုင် သော အချိန်ကာလတွေသည် မြန်မာ နိုင်ငံ၏ အမှောင်မိုက်ဆုံးနေ့ရက်များ ဖြစ်သည်။

အခုတော့ ရုံးတွေမှာ၊ စာသင် ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံတွေ ပြန်လည် ချိတ်ဆွဲခွင့်ရပြီ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေ ထုလုပ် ကာ ပန်းခြံတွေ၊ လမ်းဆုံတွေမှာ ထားခွင့် ရပြီ။ နှစ်ပေါင်းများစွာ တောမခုတ်၊ မြက်မရှင်းဘဲ ပစ်ထားခဲ့ကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းအမည်နဲ့ ပန်းခြံတွေ၊ ဗိုလ် ချုပ်ရုပ်ထုရှိတဲ့ ပန်းခြံတွေကို ပြန်လည် အလှဆင် မွမ်းမံခွင့်ရပြီ။ ဒီမိုကရေစီအစိုးရနှင့်အတူ အမှောင် ညတွေပျောက်ကာ မိုးသောက်ခဲ့ပြီ။
ထို့ကြောင့် တံတားကြီးကို ဗိုလ်ချုပ် ကို ချစ်မြတ်နိုးသူတွေက ” ဗိုလ်ချုပ် အောင်ဆန်းတံတား” ဟု အမည်ပေးချင် နေကြသည်။
ဤအရာသည် အကျိုးအကြောင်း သင့်လှသည်။

သို့သော်လည်း တခြား တစ်ဖက်မှာ ကန့်ကွက်သံတွေ ကြားနေရသည်။ တံ တားအမည် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော် ဝါရီ ၁၃ ရက် မတိုင်မီကပင် ဒေသခံ တွေက ဗိုလ်ချုပ်အောင်ဆန်း အမည် မပေးရန် မွန်လူမျိုးတို့၏ သမိုင်းအစဉ် လာကြီးသော ခေါင်းဆောင်တစ်ဦးဦး၏ အမည်ကိုပေးရန် တောင်းဆိုခဲ့ကြသည်။

တံတားနာမည်ပေးခြင်းရဲ့ နောက် ကွယ်မှာ နိုင်ငံရေးအမြတ်ထုတ်မှု ရှိနေ ရော့သလား။ ဤအရာမှန် မမှန်ကိုတော့ ပါဝင်တဲ့သူများသာ သိနိုင်လိမ့်မည်။
ဤနေရာတွင်ကြံ့ခိုင်ရေး အမတ် တစ်ဦးဖြစ်သော ဦးမောင်မြင့်၏ ဆွေး နွေးချက်ကို ထည့်သွင်းစဉ်းစားသင့် သည်။ ]]၅၃၆ မီတာပဲရှည်တယ်။ ပေ အားဖြင့် ၁၇၅၈ ဒဿမ ၅ပေပဲရှည်တယ်။ သာမန်တံတားလေးပဲ။ အဲဒါလေးကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည် ပေးတာ ဗိုလ်ချုပ်ကိုနှစ်ခါသတ်တာလို့}}ဟု ကန့်ကွက်ပြောဆိုသွားခဲ့သည်။

ဟုတ်ပါသည်။

မိမိနိုင်ငံ၏ အမျိုးသား ခေါင်း ဆောင်၊ လွတ်လပ်ရေးဖခင် အာဇာနည် သူရဲကောင်း ဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံ နေသော ခေါင်းဆောင် တစ်ယောက်၏အမည်ကို မြန်မာနိုင်ငံ၏အရှည်ဆုံး လည်းမဟုတ်၊ အမြင့်ဆုံးလည်း မဟုတ်၊ နည်းပညာအရ အဆင့်မြင့်တဲ့ တံတား လည်း မဟုတ်သည့် ထူးခြားသော ဝိသေသမရှိသော သာမန်မြစ်ကူးတံတား တစ်စင်း၏ အမည်ကို ပေးသင့်သလား၊ ဒါ့အပြင် ပြည်သူအများစုရဲ့ ချစ်မြတ် နိုးတန်ဖိုးထားသော ခေါင်းဆောင် တစ် ယောက်၏အမည်ကို ကန့်ကွက်တဲ့ ကြား က အတည်ပြုမှာလား။

ဒေသခံတို့၏ အစစ်အမှန်အသံ များကို နားထောင်ကာ ဆက်လက်ဆောင် ရွက်သင့်သည်ဟု ထင်ပါသည်။တံတား၏ အမည်ကို၎င်းရဲ့အမည် မပေးလို့ ဗိုလ်ချုပ်အောင်ဆန်းက စိတ်ဆိုး လိမ့်မည် မဟုတ်။ ဒီတံတား၏နာမည် ပေးလို့ ဗိုလ်ချုပ်၏ ဂုဏ်ပုဒ်ပို၍ ထွန်း ပြောင်လာ စရာမရှိ၊ မပေး၍လည်း ယုတ် လျော့သွား မည်မဟုတ်ပါ။ တံတားကို ဖြတ်သန်းသွား လာနေ သော ဒေသခံများက တံတားကို ဖြတ် သန်းတိုင်းတံတားအမည်ကို ကြည့်ကာ စိတ်ဆိုးနေမည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ကိုအားနာစရာပင် ကောင်းဦးမည်။

ဒါ့အပြင် တံတားအမည်တစ်ခု အတွက်နှင့် အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးမှာ အဟန့်အတားဖြစ်စေခဲ့လျှင် ကျွန် တော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဆန္ဒကို ဆန့်ကျင်သလို ဖြစ် နေမည်။တံတားတစ်စင်းရဲ့ နာမည်က သမိုင်း ကို အကျည်းတန်စေလျှင် ကျွန်တော် တို့သည် သမိုင်းရဲ့ တရားခံများဖြစ်သွား လိမ့်မည်။

သက်ဆိုင်သူများ ပညာသတိဖြင့် ဆောင်ရွက်နိုင်ပါစေလို့ တိုက်တွန်း လိုက်ရပါသည်။