ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း တက်သူများသော်လည်း လုပ်ငန်းခွင် ဝင်သူနည်း

0
416

မြိတ်ခရိုင်တွင် ဒေသဆိုင်ရာ ဧည့် လမ်းညွှန် သင်တန်းများ ဖွင့်သည့်အခါ စိတ်ပါဝင်စားစွာ တက်ရောက်သူများ သော်လည်း လုပ်ငန်းခွင် ဝင်ရောက်သည့် အရေအတွက် နည်းပါးဆဲဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီး ဌာန(မြိတ်ရုံးခွဲ)ထံမှ သိရသည်။

မြိတ်သို့ ကမ္ဘာလှည့်ခရီးသွားများ သာမကပြည်တွင်းခရီးသွားများပါ အများအပြား လာရောက် လည်ပတ်ကြ သည့်အတွက် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ဒေသဆိုင်ရာဧည့်လမ်း ညွှန်အခြေခံသင်တန်းများကို ဖွင့်လှစ် ပေးလျက်ရှိသည်။မြိတ်ခရိုင်အတွင်း၌ ခရီးသွားလုပ် ငန်းများမှာ ပွင့်လင်းရာသီ၌သာ အဓိက လုပ်ကိုင်ရသည့်အတွက် ဒေသ ဧည့် လမ်းညွှန်များအနေဖြင့် ကြားကာလတွင် ရပ်တည်ရန် အခက်အခဲရှိသည့်အတွက် ယင်းသို့နည်းပါးခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာန(မြိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးနိုင်လင်းဇော်က ပြော သည်။
” သင်တန်းပြီးတဲ့နောက်ပိုင်းမှာ တကယ်တမ်းလုပ်ငန်းခွင်မှာ ရှိနေတဲ့ အရေအတွက်က အရမ်းနည်းတယ်” ဟု မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဦး ပြောသည်။

ဧည့်လမ်းညွှန် သင်တန်းမှထုတ် ပေးသောလက်မှတ်ဖြင့်တရားဝင် ဒေသ ဆိုင်ရာ ဧည့်လမ်းညွန် လုပ်ခွင့်ရသွား ပြီဖြစ်သော်လည်း ဘာသာစကားကျွမ်း ကျင်မှုနှင့် ခရီးသွား လုပ်ငန်း အတွေ့ အကြုံများလည်း ဖြည်းဆည်းရန် လိုအပ် သည်ဟု ဦးဇော်မင်းဦးက ပြောသည်။ ပွင့်လင်းရာသီ၌ ခရီးသွားဝင် ရောက်မှု များသည့်အတွက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုအပ်ချက် ၁၀၀ ဦးခန့် ရှိသော်လည်း လက်ရှိတွင် ဧည့်လမ်းညွှန် ဦးရေ ၂၀ ဝန်းကျင်ခန့်သာရှိကြောင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။

မြိတ်ခရိုင်အတွင်း၌ လိုင်စင်ရ ခရီး သွားဝန်ဆောင်မှု လုပ်ငန်း ၁၈ ခုရှိ ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှု ဦးစီးဌာန (မြိတ်ရုံးခွဲ)မှသိရသည်။