အိမ်ခွန် တိုးကောက်မည်

0
528

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်အစဖြစ်သည့် ဧပြီလမှစကာ အိမ်ခွန်နှုန်းထားများကို တစ်ဆနီးပါးခန့် တိုးမြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယမန်နှစ်က ပျဉ်ထောင်အိမ်တစ် လုံးကို တစ်နှစ်အတွက် အဆောက် အအုံနှင့်မြေခွန်(အိမ်ခွန်)ကျပ်၁၆၀၀ ကောက်ခံ နေရာမှ လာမည့်ဧပြီလမှစကာ ကျပ် ၃၀၀၀ ခန့် ကောက်ခံသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ခေတ်ကာလနှင့် လျော်ညီစေရန် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် စံငှားခ နှုန်းကိုတစ်ဆနီးပါးခန့် တိုးမြင့်လိုက် သည့်အတွက် အဆောက်အအုံနှင့်မြေခွန် (အိမ်ခွန်) တိုးလာခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

စံငှားခနှုန်းမှာ နေအိမ်တစ်လုံးကို တစ်နှစ်စာ ငှားရမ်းရာတွင် ရရှိမည့် ငွေကြေး ပမာဏ (အိမ်ငှားခ)ကို ဆိုလို သည်။အိမ်ခွန်ဈေးနှုန်း တိုးလာသော် လည်း အမှိုက်နှင့် အညစ်အကြေးခွန်ကို ပယ်ဖျက်လိုက်သည့်အတွက် ယမန်နှစ် ထက် ကျသင့်ငွေ သက်သာမည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။