တစ်ရွာသားအချစ်

0
500

တကယ်တော့ ဒီကိစ္စကိုရေးကြီးခွင် ကျယ်မပြောချင်လှပါ။ သို့သော်သမိုင်းဟာသမိုင်းသာဖြစ်သမို့ မှတ်တမ်းပြုလို တဲ့စိတ်နဲ့ပြော (ရေး) မယ်ဖြစ်လာရခြင်း ပါ။ (အယ်ဒီတာမင်းကြီးစာမူတောင်း တာလည်း ပါသပေါ့လေ) ကိစ္စက ဘာလဲဆိုတော့အားလုံးသိ တော်မူကြတဲ့အတိုင်း ဟုန်းဟုန်းကျော်နေ တဲ့တံတားကိစ္စ။ မော်လမြိုင်မြို့နဲ့ကျွန်းမြို့နယ်ကလေး ချောင်းဆုံကိုဖြတ်သန်းထိုးထားတဲ့တံတားအမည်ကိစ္စ။

ဖေဖော်ဝါရီလကတည်းကစခဲ့တဲ့ အဲဒီဇာတ်လမ်းတွဲဟာ ကိုးရီးယားကား တွေထက်မနိမ့်ဘဲ ဇာတ်ရှိန်အနိမ့်အမြင့် အတက်အကျတွေနဲ့ ရင်ခုန်စရာလည်း ကောင်း၊ ရင်မောစရာလည်း လွှတ်ကောင်း လှ။အိမ်း . . . နောက်ဆုံးတော့ (ပြော သာပြောရတာ ဇာတ်သိမ်းခန်းပြီးသွား ပြီလား ဆက်ရန်ရှိသေးသည်လား တောင် မသိ) အချို့တွေကမင်းသားဖြစ်၊ အချို့ တွေက ဗီလိန်ဖြစ်၊ အချို့တွေကဇာတ်ပို့ ဇာတ်ရံ၊ အချို့ပုဂ္ဂိုလ်ကျတော့လည်း အခါတော်ပေး ဒါရိုက်တာကြီးပေါ့လေ။
တံတားကိစ္စနဲ့ပတ်သက်ပြီး အမျိုးမျိုး သောသုံးသပ်ဝေဖန်ချက်၊ အဖက်ဖက် သော ရှုထောင့်များကြားထဲက ဗမောင်း တို့ စာဖတ်ပရိသတ်နဲ့ ကိုက်နိုင်တဲ့ သမိုင်း ခဲခြစ်လေး နှစ်ချက်ချ ရေးကြည့်မိတယ်။

၁။အိုင်ဒီယာများ

တံတားနာမည်ပေးရေး ဇာတ်လမ်း တွဲမှာ ပြောတာဆိုတာတွေ၊ စဉ်းစား ချက်တွေကတော့အများသား။ အဲဒီထဲ မှ နည်းနည်းသိသာတာလေးတွေ စုစည်း ကြည့်ပါတယ်။မွန်ပြည်နယ်က သံလွင်မြစ်ကူးတံ တားကို ဗိုလ်ချုပ်အောင်ဆန်းအမည်ပေး ချင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့နိုင်ငံရေးဆန္ဒ (Political Will) နဲ့ပတ်သက်ပြီးဒီနေရာမှာ မပြောလိုသေးပါ။

ဒါပေမဲ့ တံတားနာမည်ပေးရေး ဒေသ ခံတွေရဲ့ နှလုံးသားပါလာအောင်လုပ် တဲ့နေရာမှာ NLD အစိုးရကော ဟုတ်ကောဟုတ်ရဲ့လားတောင် ထင် သွားရလောက်အောင် အထိပါပဲ။၂၀၁၂ခုနှစ် ဇွန်လထဲမှာ ပြုလုပ်တဲ့ နော်ဝေနိုင်ငံက အော်စလိုဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘားမား၊ မြန်မာနာမည်နဲ့ ပတ်သက်ပြီး ဒီလိုပြော ဖူးပါတယ်။ ဘားမားလို့ဘာလို့ အဲဒီအချိန် တုန်းက ဆက်ခေါ်နေရလဲဆိုတဲ့အကြောင်း နဲ့ပတ်သက်ပြီး ပြောဖူးတာပါ။
” စကားလုံးအသုံးအနှုန်းကို မကြိုက် လို့မဟုတ်ဘဲနဲ့ ပြောင်းလဲလိုက်တဲ့ပုံစံ၊ လူထုကို မတိုင်ပင်အသိမပေးဘဲ တစ် ဖက်သတ် ပြောင်းလဲလိုက်တဲ့ပုံစံမျိုးကိုလက်ခံဖို့ အခက်အခဲရှိနေသေးလို့ဒီ အတိုင်း ဆက်ခေါ်တာပါ” ဆိုတော့ အခုတံတားအမည်ကိစ္စ မှာ ဒေသခံတွေ အဲဒီလောက်ကန့်ကွက် နေတဲ့ကြားက ဘာလို့အဓမ္မအမည်ပေး လိုက်ရတာလဲ။ ဘာလို့ NLD ရဲ့အခြေ ခံမူ သဘောထား ဖောက်လွဲသွားရတာ လဲ။စဉ်းစားစရာပါ။

နောက်တစ်ခုက မွန်ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာအေးဇံ ပြောတဲ့ စကားပါ။ ဦးမင်းမင်းဦးနေရာအစားဝင် တဲ့ ဒေါက်တာအေးဇံက တံတားအမည် ဟာ ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြစ် သင့်ပါတယ်တဲ့။ အဲဒီအထိပြဿနာမရှိ သေးပါဘူး။ ဒါပေမဲ့ ဘာဆက်ပြောလဲ ဆိုတော့ (အခြားအကြောင်းတွေလည်း ရှိပေမဲ့) ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဘဏ္ဍာ ငွေနဲ့ဆောက်တာမို့ဒီအမည်က ဖြစ်သင့်ပါတယ်တဲ့။ဒီနေရာမှာ မေးစရာကပြည်ထောင်စု အစိုးရအဖွဲ့ ဘဏ္ဍာငွေဆိုတာဘယ်က ရလာတာပါလဲ။ နေပြည်တော်နယ်မြေရှစ်မြို့နယ်ကရတဲ့ ဘဏ္ဍာငွေလား၊ အဲဒါ ဆိုရင်တော့ ပဲ၊ နှမ်းနဲ့စပါးက အခွန်ပဲ ရှိမှာပါ။

တကယ်က ပြည်ထောင်စုအစိုးရ အဖွဲ့ ဘဏ္ဍာငွေဆိုတာ ပြည်ထောင်စု တစ်ဝန်းလုံးက ကောက်ယူရရှိထားတာပါ။ အဲဒီမှာ မွန်ပြည်နယ်ကလည်း ပါပါတယ်၊ တနင်္သာရီတိုင်းကလည်း ပါပါတယ်၊ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကလည်းပဲ ပါပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့ဘဏ္ဍာ ငွေဆိုပြီး ဘုန်းတော်ကြောင့်မိုးပေါ်က ကျလာသလိုလို ပြောထွက်တဲ့ မွန်ဝန် ကြီးချုပ်ရဲ့ အိုင်ဒီယာက အံ့မခန်းပါပဲ။နောက်တစ်ခုက အဘဦးဝင်းထိန် ပြောတဲ့ ဆေးခါးကြီးပါ။ ပြည်သူ့လွှတ် တော်မှာ တံတားအမည်ဗိုလ်ချုပ်အောင် ဆန်းလို့ အမည်ပေးဖို့အဆိုနဲ့ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ (အမျိုး မျိုးသော ဝေဖန်ကန့်ကွက်မှုကြားက) ဆေးခါးကြီး သောက်လိုက်ကြတဲ့။

ဆေးခါးကြီးဆိုတာ ဆေးဖက်ဝင်ဖို့ အောင့်အီးသောက်ရတာမျိုးပါ။ အခုဆေး ခါးကြီးက ပြည်ထောင်စုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လား၊ NLD အစိုးရနဲ့ ပါတီဂုဏ်ရောင်တက်လာစေရေးအတွက်လား၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ရောင်တက်လာရေး အတွက်လား။
ဝေဖန်သုံးသပ်မှုတွေအရ ဆိုရင် အဲဒါတွေထဲက တစ်ခုမှဆေးဖက်ဝင်သွား တာမျိုးမရှိ။ဆိုတော့ မေးစရာက သောချာတာ ကတော့ ချီး(ချေး) တော့ ခါးသွားမှာပါ။ ဘာအတွက် ဆေးခါးကြီးပါလဲ။


၁။ တစ်ရွာသားအချစ်

တကယ်တော့ မွန်ပြည်နယ်မှာ (တနင်္သာရီတိုင်းလို တိုင်းလုံးကျွတ်မနိုင် ပေမဲ့) NLD က အများဆုံးအနိုင်ရပါ တယ်။ မွန်တိုင်းရင်းသားပါတီတွေ အောင် တစ်ဦးစ၊ နှစ်ဦးစပဲ နိုင်ပါတယ်။ဆိုတော့ အဆိုတော်တွံတေးစိုးအောင်ရဲ့ နာမည်ကျော် ” တစ်ရွာသားအချစ်က ပိုပါတယ်” ဆိုတဲ့ သီချင်းအတိုင်းပဲ မွန် ပြည်သူတွေ မဲပေးခဲ့တာပါ။

ထပ်ရှင်းရရင် သူတို့ရွာသား မွန် တိုင်းရင်းသားပါတီတွေအစား တစ်ရွာ သားကို အားကိုးမဲပေးခဲ့ကြတာပါ။ အခု တော့ တံတားအမည်ကို မွန်ပြည်သူ တွေ သိသိသာသာ ကန့်ကွက်နေတဲ့ကြား (တကယ်တော့ ကန့်ကွက်တဲ့အထဲမှာ မြန်မာနိုင်ငံ အခြားနေရာက ဗမာလူမျိုးတွေ ပါပါတယ်၊ NLD ပါတီဝင်အချို့တောင် စိတ်ပျက်စကားဆိုပါတယ်)က ဥပဒေ ပြုရေး အဓိကလုပ်ရမဲ့ လွှတ်တော်လမ်း ကြောင်းက အတည်ပြုလိုက်တာပါ။ဆိုတော့ တစ်ရွာသားရဲ့ဒီလုပ်ရပ် ကတော့ ဘာကိုပြောနေ။ ပြနေတာပါလဲ။

တကယ်တော့ သိပ်တော့ ထူးဆန်း တဲ့ ကိစ္စမဟုတ်ပါ။ NLD ဟာပါတီကြီး ဖြစ်တယ်၊ တစ်နိုင်ငံလုံးလွှမ်းခြုံစဉ်းစား တယ်၊ တံတားအမည်ပေးတာလိုမျိုးကတိုင်းရင်းသားလူမျိုးတွေရဲ့ နှလုံးသား ဖြစ်ပေမဲ့ ပါတီကြီးတွေအတွက်ကတော့ ဘာမှမဟုတ်တဲ့ ထမင်းစားရေသောက် ဆုံးဖြတ်ချက်ကိစ္စ ဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့် ပြည်ထောင်စုနေ့ မှာ ထားဝယ်ယဉ်ကျေးမှုအက အဖွဲ့ စေလွှတ်ဖို့ အငြင်းပွားဖွယ်ကိစ္စပါ။ NLD ပါတီကနေ မွေးဖွားလာတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထားဝယ်ယဉ်ကျေးမှုအကအဖွဲ့ကို ၂၀၁၇ ခုနှစ် နေပြည်တော်မှာ ကျင်းပမဲ့ ပြည်ထောင်စုနေ့ အခမ်းအနားသို့ မစေ လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါပြီးတဲ့ နောက်ပိုင်း ဝေဖန်ကန့်ကွက်ကြလို့ ဆုံးဖြတ် ချက် ပြန်ပြင်ခဲ့ပါတယ်။ နှစ်စဉ်စေလွှတ် နေကြအတိုင်း ပြန်စေလွှတ်ခဲ့ပါတယ်။

ဒီအကကိစ္စက တံတားလောက်ဟိုး ဟိုးမကျော်ခဲ့ပေမဲ့ တံတားဖြစ်ရပ်အသေး စားလေးတစ်ခု ဖြစ်ပါတယ်။ ပါတီကြီး တွေအတွက် ဒီလိုဆုံးဖြတ်ချက်က အသေးအဖွဲပါ။ ဒါပေမဲ့ဆိုင်ရာတိုင်းရင်း သားတွေအတွက်တော့ သေရေး ရှင်ရေး လို ဖြစ်နေတတ်ပါတယ်။မြန်မာလို ဖက်ဒရယ်ပြည်ထောင်စု မှာ ဒီလိုနောက်ထပ်အများကြီး ကြုံဦး မှာပါ။ ပြည်ထောင်စုအစိုးရနဲ့ သက် ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအကြား (သို့တည်းမဟုတ် ပြည် ထောင်စုအစိုးရနဲ့ တိုင်းရင်းသားတွေ အကြား) အငြင်းအခုံတွေ၊ ပဋိပက္ခ တွေများစွာ ဆက်ရှိဦးမှာပါ။

မြန်မာနိုင်ငံရဲ့ ပေးထားချက် သဘာဝအရ ဒီလိုဖြစ်နေဦးမှာဖြစ် ပါတယ်။ ပါတီကြီးတွေကလည်းသူ့ သဘာဝအတိုင်း စဉ်းစားလုပ်ဆောင် နေဦးမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား တွေ တိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေအနေနဲ့လည်း ဆက်လက် ရုန်းကန်နေရဦးမှာပါပဲ။မဲဆန္ဒရှင်တွေကလည်း တစ်ရွာ သားအချစ်နဲ့ ကိုယ့် ရွာသားကြား အချစ် တို့အကြား ဆက်လက်စမ်းသပ်မဲပေး နေရဦးမှာပါပဲ။

ပြည်ထောင်စု ဇာတ်လမ်းတွဲ ရှည် မှာ အခုထိတော့ (တစ်ခါတစ်ရံရက်စက် တတ်ရုံကလွဲပြီး) တစ်ရွာသား အချစ် ကပိုကြောင်း သက်သေမပြနိုင်သေး ပါ ဘူး။ ဒီရွာသားတွေကတော့ဆေးဖက် မဝင်တဲ့ ဆေးခါးကြီး သောက်နေရဆဲပါ။