ကော့သောင်းပွဲမလာဖြစ်လို့ ပရိသတ်ကို တောင်းပန်ပါတယ်ဆိုတဲ့ အေမီဈာန်

0
960

Myanmar Idol Final ပွဲမှာ ဖျော်ဖြေ ရမှာမို့ မတ်လ ၁၉ ရက်မှာ ကော့သောင်းမှာ မိဘမဲ့ ကလေးများအတွက် ပြုလုပ်မယ့် ဖျော်ဖြေရေး အစီ အစဉ်ကို ဖျက်လိုက်ရတဲ့အတွက် ပရိသတ်ကို တောင်းပန်ပါတယ်လို့ အေမီဈာန်က ဆိုပါတယ်။

အေမီဈာန်ဟာ လက်ရှိကျင်းပနေတဲ့ Myanmar Idol Top 10 စာရင်းမှာပါဝင်ခဲ့ပြီး မဲပေး စနစ်နဲ့ပထမဆုံး ထွက်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ပါတယ်။
” Myanmar Idol Top 10 ဝင်ခဲ့တာကလည်း ပရိသတ်အားပေးမူကြောင့်ပါ။ ပရိသတ်ကတနင်္သာရီ တိုင်းက ကျွန်မကိုချစ်တဲ့ ပရိသတ်တွေကြောင့်ပါ။နောက်လည်း ဒီထက်ကောင်းတဲ့အခွင့်အရေးရရင် အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ။အေမီကသီချင်းဆိုရတာ ဝါသနာပါတယ်။ ငယ်ငယ် ကတည်းက အနုပညာနဲ့ပတ်သက်လာရင်ပိုးရှိတယ် သရုပ်ဆောင်ရတာ၊ ကတာဆိုရတာဖြစ်ဖြစ် ဝါသနာ ပါတယ်”