အိမ်ပြန်ချိန်တွေ ဝေးဦးမည်

0
483

ယခုလပိုင်းအတွင်း ပွက်လောရိုက်သည့် ကိစ္စများအနက်တစ်ခုမှာ သင်္ကြန် ပိတ်ရက်ကို ၁၀ ရက်မှ ၅ ရက်သို့လျော့သည့်ကိစ္စ ဖြစ်သည်။
စီးပွားရေးကို အခြေခံသည့် ရပ်တည်ချက်ဖြင့် စဉ်းစားဆုံးဖြတ်ခဲ့သည်ဆုံး ဖြတ်ချက် ဖြစ်သည်။ယင်းဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးအရ ဆုံးရှုံးနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူများ သေချာစဉ်းစားသုံး သပ်ခဲ့ခြင်း ရှိ^မရှိတပ်အပ်မသိရပါ။

ယခုသတ်မှတ်လိုက်သည့် ပိတ်ရက်ကြောင့်အထင်သာဆုံး လူမှုရေးအရ ဆုံးရှုံးမှုမှာ မိသားစုများ တစ်နှစ်တစ်ခါ ပြန်စုံပြန်ဆုံသည့် အိမ်ပြန်ချိန်ဖြစ်သည်။
ယေဘုယျအားဖြင့် မွေးရပ်ကိုစွန့်ခွာပြီး နယ်ဝေးတွင် ရေကြည်ရာမြက်နု ရာသွားရောက်လုပ်ကိုင်နေရသူများအဖို့ အိမ်ပြန်ချိန်သည်ပိတ်ရက်ရှည်သည့် သင်္ကြန်ကာလဖြစ်သည်။ ယခုနှစ်သတ်မှတ်လိုက်သည့် သင်္ကြန်ပိတ်ရက်သည် သင်္ကြန်အကြိုနေ့တွင်စပြီး နှစ်ဆန်း ၁ ရက်တွင်ဆုံးသည်။

သင်္ကြန်ပိတ်ရက်အတွင်း ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲသည့်တိုင်အောင် အကြိုနေ့မှအိမ်ပြန်၍ မည်သို့မှ မဖြစ်နိုင်ပေ။ ဥပမာ ထားဝယ်ကဲ့သို့ ရန်ကုန်သုံး ၁၂ နာရီခရီးတာရှိသည့်နေရာတွင် နေသူများပင်လျှင် အကျနေ့မနက်မှ အိမ်ရောက်ပြီး နှစ်ဆန်း ၁ ရက်နေ့ညနေ ပြန် တက်ပြေးရမည့်ကိန်း။ ထားဝယ်ထက် ဝေးလံခေါင်သီသည့်ဒေသများတွင် နေသူ များအတွက် ထိုထက်ပိုဆိုးပေမည်။

အခြားခံစားခွင့်ရက်များနှင့် ပေါင်းယူခြင်း၊ အိမ်ပြန်ချိန်အတွက် နေ့ဝက် သို့မဟုတ် တစ်နေ့ခွင့်ပေးခြင်းစသည့် အလုပ်ရှင်နှင့်ညှိသည့်နည်းကလည်း အားလုံးအတွက် ဘောင်ဝင်မည်မဟုတ်။ ထို့အပြင်လုပ်ငန်းရှင်နှင့်အလုပ်အမျိုး အစားအပေါ် မူတည်ပြီး ရက်မတူဘဲအိမ်ပြန်ရောက်ကြမည်ဖြစ်သည့်အတွက် မိသားစုများ စုဆုံမှု၊ မိတ်ဆွေငယ်ပေါင်းများ စုဆုံမှုသည်လည်း ဟန်ချက် ညီမည်မဟုတ်။

မိတ်ဆွေတစ်ဦး မှတ်ချက်ပြုသည်က တစ်နိုင်ငံလုံး ကျည်ဆံရထားကွန် ရက်ဖြန့်ကျက်ပြီးသည့် အခြေအနေမျိုးဆိုလျှင် ထောက်ခံသည်ဟူ၏။ အခုက ကျည်ဆံရထားမရှိသေး။ ကျည်ဆံသာရှိသေးသည့်အခြေအနေ ။နိုင်ငံတစ်ခု၏ စီးပွားရေးတိုးတက်မှုသည် အရေးကြီးသည်။ သို့သော်စီးပွားရေးအရ ရပ်တည်ချက်တစ်ခုတည်းဖြင့် မူဝါဒများကို မဆုံးဖြတ်မိရေး အထူး ဂရုပြုသင့်ပါသည်။

အစိုးရများအနေဖြင့် ဈေးကွက်၏ မောင်းနှင်မှု၊ စီးပွားရေးအဖွဲ့အစည်းများ၏ မောင်းနှင်မှုကိုအရှည်သဖြင့်တွေး၊ သက်လုံကောင်းကောင်းဖြင့် ဥာဏ်ကြီးစွာတုန့် ပြန်နိုင်မှ တော်ကာကျပေသည်။