သပွတ်အူ မောင်းမကန် တစ်ကျော့ပြန်ရှင်းရေး

0
614

ခေတ်အဆက်ဆက် ဖော်ဆောင်ရန် ရေပန်းစားခဲ့သော နာမည်ကျော် မောင်း မကန် ကမ်းခြေသာယာရေး မဟာစီမံကိန်း တစ်ကျော့ပြန် နိုးထလာတော့မည် ဖြစ် သည်။အနားယူအပန်းဖြေသူ အများဆုံး ကမ်းခြေတန်းနေရာအပါအဝင် ကမ်းခြေ မြေ ၃၅၄ ဒသမ ၆၄ ဧက နှင့် စပ်လျဉ်း၍ စိစစ် တင်ပြရန် တိုင်းအစိုးရအဖွဲ့မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် ရက်စွဲဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။

ယင်းကော်မတီမှ ကမ်းခြေလှပသာယာရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် လုပ် ဆောင်မည်ဟု ကော်မတီဥက္ကဋ္ဌ ဦးခင် မောင်ချို (ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး)က ပြောသည်။” ဘယ်အချိန်ပြီးမယ် မပြောနိုင်ပေမဲ့ တစ်ဆင့်ချင်း အမြန်ဆုံးတော့ လုပ်နေပါ တယ်” ဟု ဦးခင်မောင်ချိုက ပြောသည်။ယင်းသို့သော ကမ်းခြေသာယာရေး၊ ကမ်းခြေစိမ်းလန်းစိုပြေရေး ခေါင်းစဉ် များဖြင့်ပင် အထက်ပါမြေ ၃၅၄ ဒသမ ၆၄ ဧကအား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှသည် ၂၀၁၆ ခုနှစ် နှောင်း ပိုင်းထိ တပ်မတော်မှ သိမ်းယူထားကြောင်း မောင်းမကန်ရွာသားများက ဆိုကြသည်။ဘန်ဂလိုများ၊ စားသောက်ဆိုင်များ နှင့် လူနေအိမ်များကိုလည်း ဂရမ် သက် တမ်းတိုးပေးခြင်း၊ အသစ် ချပေးခြင်းများ မရှိခဲ့ပေ။ ယင်းဧရိယာအတွင်းရှိ မောင်း မကန်အလယ်တန်းကျောင်းကိုပင် ဖျက် သိမ်းရန် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က အမိန့် စာထုတ်ခဲ့ဖူးကြောင်း ယင်းကျောင်း အကျိုးတော်ဆောင်ဖြစ်ခဲ့ဖူးသူ ဦးမောင် အေးက ပြောသည်။

ခေတ်အဆက်ဆက် တာဝန်ရှိ သူများက ကမ်းခြေသို့ ရောက်လာတိုင်း ဟော်တယ်၊ ဂေါက်ကွင်း၊ ရေကူးကန် စသည်တို့ပါဝင်သော စီမံချက်စာရွက် ကြီးများ ယူလာရှင်းပြတတ်ကြောင်း ရွာ သားများက ပြောကြသည်။ ၂၀၀၀ ခုနှစ် မှအစ ယင်းကမ်းခြေနှင့် မောင်းမကန် ဒေသတစ်ဝိုက်အား သစ်တောကြိုးဝိုင်း ကြိုးပြင်ဧရိယာအတွင်း ထည့်သွင်း သတ် မှတ်လိုက်ပြန်သဖြင့် ယင်းမြေနေရာက ရွာသားများနှင့် ပိုအလှမ်းကွာသွာပြန် သည်။ ယင်းနေရာတွင် ဝင်ရောက်နေ ထိုင်ဖို့အသာထား မောင်းမကန်ရွာနီး စပ်တို့ ယခုထိ မြေခွန်ပြေစာ မရတော့ ပေ။

ထိုနှစ်များအတွင်း ကမ်းခြေမြေများ တွင် ချဉ်ပေါင်နှင့် ရာသီပင်စိုက်ပျိုးသူများ၊ ယာယီနေထိုင် ဈေးဆိုင်ရောင်းချသူများမှ အပ အတည်တကျ နေထိုင်ရန် မည်သူမျှ စိတ်မကူးကြကြောင်း ရွာသားများက ဆို သည်။ အထက်ပါ တပ်သိမ်းမြေအတွင်းရှိ သီဟိုဠ်တောများအား တပ်မတော် ခလရ (၁၀၄)ထံမှ ရွာသားများက သီးစားယူ ဆွတ်ခူးကြရသည်။” ရွာသားတွေက အမိန့်ကို ကြောက် ကြပြီး ရိုးသားကြတော့ တပ်သိမ်းမြေထဲ မှာ ဘယ်သူမှ အိမ်တွေဆိုင်တွေ အခိုင် အမာ မဆောက်ရဲကြဘူး” ဟု မောင်းမကန် ရွာသား ဦးယူဝင်းက ပြောသည်။၂၀၁၀ ဝန်းကျင်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း လုပ်ငန်းစတင်သည်နှင့် တစ်ပြိုင်နက် မောင်းမကန်ဒေသ တစ် ဝိုက်ရှိ ကမ်းခြေမြေ နေရာများလည်း စန်းထလာသည်။ အကွက်မြင်သည့် ဒေသခံများက ကမ်းခြေမြေများကို အရဲ စွန့် ခြံခတ်လာကြရာမှ ပိုင်ဆိုင်မှုအထောက် အထား မရှိကြသော်လည်း နားလည်မှုဖြင့် ရောင်းချဝယ်ယူမှုများ ပြုလုပ်လာကြ သည်။

နောင်တွင် ယင်းကမ်းခြေမြေ နေရာ များ ဈေးကွက်အတွင်းသို့ အနယ်နယ် အရပ်ရပ်မှ စီးပွားရေးလုပ်ငန်းရှင်များ သာမက အိမ်နီးချင်း နိုင်ငံခြားသားများပါ နောက်ကွယ်မှ ပါဝင်လာကြကြောင်း ဒေသခံများက ပြောသည်။ချဉ်ပေါင်ကဲ့သို့သော ရာသီပေါ် ဓားမဦးချစိုက်ပျိုးသူများ လက်ထဲတွင် လည်း ညှိနှိုင်းဈေးဖြင့် ဝယ်ယူကြ၊ ခြံဝင်း ခတ်ထားကြသည်။” လုပ်ငန်းရှင်တွေကတော့ ကံစမ်း သလိုပေါ့လေ၊ ဓားမဦးချသမားတွေက ငွေအလကားရသလိုဖြစ်ပြီး ရောင်းကြ တယ်လေ” ဟု ရွာသားတစ်ဦးဖြစ်သည့် ဦးယူသိန်းက ပြောသည်။

ယခုအချိန်တွင် မောင်းမကန် အပါ အဝင် ထားဝယ်ခရိုင်အတွင်း ကမ်းခြေ တန်းတစ်လျှောက်လုံး ခြံစည်းရိုးများ မှတ်တိုင်များများဖြင့် ပြည့်နေသည်။
၂၀၁၂ ခုနှစ်တွင် ထားဝယ် အများ ပိုင်ကုမ္ပဏီ(DDPC)မှ မောင်းမကန် ကမ်းခြေ တပ်သိမ်းမြေ ဧရိယာ၏ တောင် ဘက်ပိုင်း ဧက ၇၀ အား အပြောင်ရှင်းကာ ဟိုတယ်ဇုန်လုပ်ငန်း စတင်အကောင် အထည် ဖော်လာသည်။ သီဟိုဠ်ပင်များ အပြောင်ရှင်းခံရခြင်း၊ ကမ်းခြေ လှေဆိပ် ဆင်းလမ်း အပိတ်ခံရခြင်းများကြောင့် ရွာသားများမှ သဘောမတူ ကန့်ကွက်မှု များ ရှိခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှစ၍ တပ်သိမ်းမြေ ၃၅၄ ဒသမ ၆၄ ဧကကို တိုင်းအစိုးရ စီမံခန့်ခွဲပိုင်ခွင့် ပြန်လည် ရရှိခဲ့လေသည်။ ယခုဆိုလျှင် ယင်းတပ် စွန့်မြေအတွင်း ကမ်းခြေသာယာရေး လုပ်ငန်းများ တိုင်းအစိုးရဦးဆောင်မှုဖြင့် စတင်နေပြီဖြစ်သည်။စီမံလုပ်ဆောင်မည့် လုပ်ငန်းများ တွင် ဟိုတယ်ဇုန်၊ ဈေးဆိုင်ခန်းများ၊ အခမဲ့အများသုံး အပန်းဖြေနေရာများ၊ ကားရပ်နားရန် နေရာများ၊ ပန်းခြံများ၊ အားကစားကွင်းများ၊ လုံခြုံရေးစခန်းနှင့် ကွပ်ကဲရေးရုံးခန်းများ၊ အမှိုက်စွန့်ပစ် နေရာများအား ပါဝင်မည်ဟု တိုင်းအစိုးရ အဖွဲ့ကိုယ်စား ဦးခင်မောင်ချိုက ပြော သည်။

ယင်းဧရိယာအတွင်း နေထိုင်လုပ်ကို နေသူများအား လျော်ကြေးများ ပေးချေ ခြင်း၊ ပြန်လည်နေရာချထားပေးခြင်း များကို အစိုးရ အဖွဲ့မှ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်သွားမည်ဟု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြော သည်။၃၅၄ ဒသမ ၆၄ ဧကအတွင်း လူနေအိမ် ၂၅၆ လုံး၊ ဘန်ဂလို ၃၁ လုံး၊ ဈေးဆိုင်ခန်း ၁၄၂ ခန်း၊ ခြံ မြေကွက် ၆၂ ကွက်အား စာရင်းကောက်ယူရေး ကော်မတီမှ ကောက်ယူမှတ်တမ်းပြုထား သည်ဟု ဆိုသည်။
ကမ်းခြေ ဆိုင်ခန်းရှင် အချို့ကမူ ယခုနေရတွင် အသားကျနေပြီး မပြောင်း လိုကြဟု ဖွင့်ဟသည်။” စိုးရိမ်နေကြတာတော့ ရှိတယ်ဗျ၊ နေရာသစ်တစ်ခုမှာ အဆင်ပြေပါ့ မလား ပေါ့ ” ဟု ကမ်းခြေရှိငွေလာဖြူ စားသောက် ဆိုင်ရှင်က ပြောသည်။

လက်ရှိအစိုးရမှ လက်လွတ်စပယ် မလုပ်ဟု ယုံကြောင်း ၎င်းက ဆိုသည်။ယင်းတပ်စွန့်မြေအတွင်း ကမ်းခြေ ပေါက် ပေ ၁၀၀ ပတ်လည် ဝန်းကျင် မြေတစ်ကွက် ဝယ်ယူပိုင်ဆိုင်ထားသော တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင် မောင်အေးက ထုတ်ဖော်လုပ်ဆောင်မည့် စီမံကိန်းတွင် မြေနေရာနှင့် အဆောက်အအုံ လက်ငင်း ပိုင်ဆိုင်ထားသူများကို ဦးစား ပေးလုပ်ဆောင်စေသင့်ကြောင်း ပြော သည်။

လက်ရှိစာရင်းပေါက်သူများကို လက်ရှိနေရာတွင် အသစ်လုပ်မည့် စီမံကိန်းနှင့် ဘောင်ဝင်အောင် ပထမ ဦးစားပေးဆောက်လုပ်စေသင့်ပြီး မလုပ် နိုင်မှသာ အခြားထားဝယ်သား တစ်ဦး ဦးအား ဒုတိယဦးစားပေး၊ လုံးဝ မလုပ် နိုင်မှ အခြားနယ်သားများကို လုပ်ဆောင် စေသင့်သည်ဟု ဦးခင်မောင်အေးက ဆို သည်။
” အဲလိုလုပ်မှ ထားဝယ်အတွက် အကျိုးဖြစ်လိမ့်မယ်၊ ညီညွတ်လိမ့်မယ်၊ နို့မဟုတ်ရင် တအား စကားများလိမ့်မယ်၊ အဓမ္မ မလုပ်သင့်ဘူး၊ ဘန်ဂလိုရှင်တွေ၊ ဆိုင်ရှင်တွေကို သေသေချာချာ ခေါ်ယူ ဆွေးနွေးသင့်တယ်၊ မျှမျှတတ လုပ်သင့် တယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

ခေတ်အဆက်ဆက် အကောင် အထည်ဖော်ရန် ကြိုးပမ်းခဲ့သော မောင်း မကန် ကမ်းခြေသာယာရေး၏ တစ်ကျော့ ပြန်က အခက်အခဲများ အဖုအထစ်များ၊ မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများ ရှိနိုင် ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် ဦးခင်မောင်ချိုတို့က ပြော သည်။
ပြည်သူလူထု အဆင်ပြေဆုံးနည်း လမ်းကို အများဆန္ဒနဲ့အညီ ပြည်သူ လူထုနှင့် ပူးပေါင်းပါဝင်သော ကော်မတီ များဖြင့် လုပ်ဆောင်မည်ဟု ပြောကြ သည်။
ယင်းမြေဧရိယာအတွင်း အသစ်ထပ် ဆောက်ခွင့်လုံးဝ မပြုဟု ဦးခင်မောင်ချိုက ပြောသည်။

DDဏဃ ကုမ္ပဏီအားလည်း ကျူး ကျော်ဆောက်လုပ်ထားသည့် ဘန်ဂလို နှင့် အခြားအဆောက်အအုံများ ဖျက်သိမ်း ရန် ၂၀၁၆ နိုဝင်ဘာလနှင့် ၂၀၁၇ ဇန်နဝါရီလတို့တွင် နှစ်ကြိမ်တိုင်တိုင် စာပို့ထားလေသည်။ သို့သော် ယင်း တပ်စွန့် (စီမံကိန်း)မြေ ၃၅၄ ဒသမ ၆၄ ဧကအတွင်း အခြားမြေကွက်များပေါ်တွင် အဆောက်အအုံအသစ်များ ဆောက်နေကြ သည်ကို ၂၀၁၇ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပင် တွေ့နေသည်။DDPC ကလည်း ဘန်ဂလို ၅ လုံး ခန့် ဖျက်ပြီးနောက် ဖျက်သိမ်းခြင်း ဆက်မလုပ်တော့ကြောင်း မောင်းမကန် ရွာသားများ ပြောကြသည်။

ယင်းသို့ ထပ်မံဆောက်လုပ်နေ သည်ကို မည်သို့ဆောင်ရွက်ရမည်ဟု တိုင်းအစိုးရအဖွဲ့ထံ တင်ပြမေးမြန်းထား ကြောင်း ဦးခင်မောင်ချိုက ပြောသည်။
မောင်းမကန်နှင့်တကွ တချို့ကမ်း ခြေများတွင် ဧည့်သည်များ ညအိပ် တည်းခိုရန် ဘန်ဂလိုများတရားမဝင် ငှားရမ်းပေး နေသည်ကို တွေ့ရသည်။
ထို့ပြင် မောင်းမကန်ကမ်းခြေ တပ် သိမ်းမြေထဲတွင်လည်း ဒေသခံများအပြင် ဒေသခံနှင့် နှီးနွယ်သော အထက်ဒေသ သားများ ပြောင်းရွှေ့ကျူးကျော်နေထိုင် လာရင်း ပြည့်ကြပ်လာကြောင်း မောင်း မကန်အုပ်ချုပ်ရေးမှူးက ဖွင့်ဟလေသည်။

” အစိုးရ စီမံမှုလျော့ရဲတော့ ကမ်း ခြေက အရမ်းအရုပ်ဆိုးလာတယ်” ဟု အုပ်ချုပ်ရေးမှူး ပြုလုပ်ဖူးသူ ကိုယူသိန်း က ပြောသည်။
မောင်းမကန်အပြင် အချို့ကမ်းခြေ များတွင်လည်း ကမ်းခြေအထိ ခြံစည်းရိုး ရံထားသည်များ ရှိနေသည်။ နောက်တွင် ယင်းကမ်းခြေများ၌ မောင်းမကန်ကဲ့သို့ စီမံကိန်းများ အကောင် အထည်ဖော်လာပါက အရှုပ်အထွေး များပြီး ရှင်းရခက်သော မောင်းမကန်၏ လက်ငင်းအခြေအနေမျိုး မဖြစ်စေလိုဟု ဒေသခံတို့က ဖွင့်ဟကြသည်။နုစဉ်က ကုစေချင်ကြောင်း ဆိုကြ သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို ကတော့ ထားဝယ်ခရိုင်အတွင်း စည်း ကမ်းပျက် အဆောက်အအုံ တစ်လုံးမှ မရှိ ဟု ပြောသည်။
အခြားနေရာများတွင် တားမြစ်ထား သည့် စည်းကမ်းဥပဒေများကို ဖောက် ဖျက်ကျူးလွန်ကြောင်း တွေ့ရှိပါက တားမြစ်ခြင်း၊ ပညာပေးခြင်း၊ ဖျက်သိမ်း ခိုင်းခြင်းများ ပြုလုပ်သွားမည်ဟုဆိုသည်။ယခု မောင်းမကန်ကမ်းခြေ သာယာ စိုပြည်ရေးစီမံကိန်းကိုကား လက်ရှိတိုင်း အစိုးရမှ စိန်ခေါ်မှုများစွာ ရှိသည်ဟု ဝန်ခံကာ စတင်နေလေပြီ။

” အများဆန္ဒနဲ့ သဘောတူတဲ့ဟာကို ဆုံးဖြတ်ပြီးတော့ အများအတွက် ရှေးရှု ပြီး အလုပ်လုပ်ပေးမယ်၊ အဲဒီကြားကမှ အားလုံးက သဘောတူလျက်သားနဲ့ တစ်ယောက်ယောက် ဖောက်လာရင်တော့ ဘယ်လို ဆက်လက်ဆောင်ရွက်မယ် ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက် စောင့် ကြည့်ပေးပါ” ဟု ဦးခင်မောင်ချိုက ပြောသည်။

ယင်း ဦးခင်မောင်ချို၏စကားကို ကမ်းခြေကော်မတီ နာယကလည်းဖြစ် သော ဝန်ကြီး ဦးမြင့်စန်းက တစ်သဘော တည်းဖြစ်ကြောင်း၊ ထောက်ခံကြောင်း ပြောသည်။တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေးကတော့ မောင်းမကန်ကမ်းခြေ စီမံကိန်းအား တိုင်းဒေသကြီးလွှတ်တော် သို့ တင်သွင်းအတည်ပြုသင့်သည်ဟု ဆိုလေသည်။