ခရီးသွားလုပ်ငန်းသုံး ရေယာဉ်များ သတ်မှတ်ဦးရေထက် ပိုမတင်ရန် ဟိုတယ်/ခရီး စာထုတ်

0
405

မြိတ်ခရိုင် အတွင်းရှိ ခရီးသွားဝန် ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုနေ ကြသည့် ရေယာဉ်များပေါ်တွင် သတ်မှတ် ဦးရေထက် ပိုမတင်ရန် မတ်လ ၆ ရက် က စာထုတ် သတိပေးထားကြောင်း ခရီး သွားဝန်ဆောင်မှု လုပ်ငန်းအသိုင်း အဝိုင်း မှ သိရသည်။

ခရီးသည်များ ပို့ဆောင်ရာတွင် လုံခြုံမှုရှိစေရန်နှင့် သက်တောင့်သက်သာ သွားလာနိုင်ရန်အတွက် ရေကြောင်းဦး စီးဌာနက ခွင့်ပြုပေးထားသည့် သတ်မှတ် လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း မပြု ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မြိတ်ရုံးခွဲ)က စာထုတ်ထား ခြင်းဖြစ်ကြောင်း သိရသည်။
” ဒါက လုပ်သင့်တယ်လို့ ထင်ပါ တယ်။ တစ်ခါတစ်လေ ခရီးသည်ဦးရေ ဘယ်လောက်ပါမှန်း မသိရဘူး” Sky Max Travels & Tour ခရီးသွား လုပ်ငန်းမှ ဦးမြင့်သန်းက ပြောသည်။

ခရီးသွားလုပ်ငန်းများတွင် အသုံး ပြုနေသည့် ရေယာဉ်အမျိုးအစားပေါ် မှု တည်ပြီး အနည်းဆုံး ၁၀ ဦးမှ အများဆုံး ၃၀ အထိသာ တင်ဆောင်ရန် ခွင့်ပြုပေး ထားကြောင်း မြိတ်အခြေစိုက် ခရီးသွား လုပ်ငန်းများမှ သိရသည်။ထို့ပြင် ပဲ့နင်းလိုင်စင်ရယူထားသူ များသာ ရေယာဉ်အား မောင်းနှင်ခွင့်ပြု ရန်နှင့်ခရီးစဉ်တွင် ထူးခြားမှု တစ်စုံ တစ်ရာ ဖြစ်ပေါ်လာက ဟိုတယ်^ ခရီးဦးစီးဌာန သို့ အချိန်နှင့်တပြေးညီ အချိန်နှင့်တပြေး ညီ သတင်းပေးပို့ရမည်ဖြစ်ကြောင်း သတိ ပေးစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်က ခရီး သွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ရေယာဉ်(စပိဘုတ်စက်လှေ)နှင့် ကင်း မွန် ငါးဖမ်းစက် လှေတို့ ဒုံးညောင်မှိုင်း အနီးရေပြင်တွင် တိုက်မိခဲ့ရာ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။