လမ်းတံတားကြေး လေလံပေးတော့မည်မဟုတ်

0
389

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်အတွက် လမ်းတံတား ဖြတ်သန်းခ ကောက်ခံသည့် လုပ်ငန်းများကို ပုဂ္ဂလိ က လုပ်ငန်းရှင်များအား လေလံပေးမည် မဟုတ်တော့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။လမ်းများသတ်မှတ်ချိန်အတွင်း မပျက်စီးရေး တန်ပိုတင်ခြင်းကို ထိန်း သိမ်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ကောက်ခံသွားမည် ဖြစ် ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူးက ဆိုသည်။

” တန်ပိုတင် ယာဉ်တွေကို ကြီး ကြပ်ရာမှာ အားနည်းမှုတွေ ရှိနေလို့ပါ” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ပြောသည်။
တန်ပိုမတင်အောင် လေလံမပေး တော့ဟုဆိုသော်လည်း လက်ဝါး ရိုက် မှုများ ဆက်ရှိနိုင်သေးသည့်အတွက် အဆက်မပြတ် ကြီးကြပ်ရန် လိုကြောင်း ကိုယ်ပိုင်လုပ်ငန်းသုံးကား မောင်းနှင်နေ သည့် ထားဝယ်မြို့မှ ဦးဟိန်းအာကာက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းအတွင်းရှိ အိမ်ရှေ့ ပြင်လမ်းဂိတ်ကို ၈၂၀ သိန်း၊ ရွှေဂူ တောင် (ပေါက်တိုင်း)ဂိတ်ကို ၅၂၀ သိန်း၊ ကျွဲကူး-ကျောက်ဖျာ တံတားဂိတ်ကို ကျပ် ၆၉၅ သိန်းနှင့် ကော့သောင်း လမ်းဂိတ်ကို ငွေကျပ် ၅၀၀ သိန်းဖြင့် လေလံပေးခဲ့ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရသည်။

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ လမ်း^ တံတား အသုံးပြုခ ကောက်ခံရေး ဂိတ် ၁၆ ခုကို ဒေသအစိုးရများ၏ တောင်းဆို ချက်အရ ဖျက်သိမ်းသွားရန်ရှိပြီး တနင်္သာရီတိုင်းရှိ လမ်းတံတားဂိတ်များ မပါဝင်သေးကြောင်း လမ်းဦးစီးဌာနထံ မှ သိရသည်။