ငါးနှစ်အတွင်း ငှက်ဖျားရောဂါ တစ်ဝက်ကျော်လျော့

0
426

တိုင်းအတွင်း ငှက်ဖျားရောဂါ ဖြစ် ပွားသူဦးရေမှာ ၅ နှစ်အတွင်း တစ်ဝက် ကျော် ပမာဏအထိ လျော့နည်း လာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငှက် ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရ သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ငှက် ဖျားရောဂါဖြစ်ပွားသူဦးရေ နှစ်သောင်းခွဲ ခန့် ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားသူ ဦးရေ တစ်သောင်းကျော်သာ ရှိတော့ ကြောင်း တိုင်းငှက်ဖျား ရောဂါတိုက်ဖျက် ရေးအဖွဲ့ ခေါင်းဆောင် ဆရာဝန်က ဆို သည်။အဓိကအားဖြင့် ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်း၊ ထားဝယ် (နယ်ဘက်)နှင့် မြိတ်မြို့နယ်များတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများပြီး ငှက်ဖျားပိုး သယ် ဆောင်သည့် ခြင်ကိုက်ရာမှ ကူးစက် ခြင်း ဖြစ်ကြောင်းအဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဇေယျာကျော်က ပြောသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ကင်းရှင်းရေးကို ရည် မှန်းချက်ထား ဆောင်ရွက်နေပြီး မြန်မာ နိုင်ငံ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းအရ တနင်္သာရီတိုင်းက အဆင့် ၆ တွင် ရှိကြောင်း ၎င်းက ပြောသည်။