ရှစ်နှစ်သမီးကို မုဒိမ်းကျင့်သူနှစ်ဦး ထောင်ဒဏ်နှစ် ၂၀ စီ အချခံရ

0
448

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ယမန်နှစ်က အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ခဲ့သူ အမျိုးသားနှစ်ဦးကို ထားဝယ် ခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်သည်။

မုဒိမ်းကျင့်သူ အသက် ၄၂ နှစ် အရွယ် ပထွေးဖြစ်သူနှင့် ၁၉ နှစ် အရွယ် အမျိုးသားတို့ကို မတ်လ ၇ ရက်တွင် ထိုသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ရေဖြူမြို့၊ (ဂ)ရပ်ကွက် နေ ပထွေးဖြစ်သူ အသက် ၄၂ နှစ် အရွယ် ဦးဇော်ဝင်းကို ရာဇသတ်ကြီး ပုဒ်မ- ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်ကျခံစေရန် ခရိုင်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲမှတ်တမ်း အရ သိရသည်။

အဆိုပါ မိန်းကလေးကိုပင် ၂၀၁၆ ခုနှစ် ဩဂုတ်လက ရေဖြူမြို့ရှိ ဘုန်းကြီး ကျောင်းတွင် ယဉ်ကျေးမှုသင်တန်း တက် နေစဉ် အပေါ့သွားရာမှ ပြုကျင့်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကိုအောင်ဘိုငြိမ်း(ခ) ၀တုတ်ကို ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရအလုပ်နှင့်ထောင်ဒဏ်၂၀ နှစ်ကျခံ စေရန် ခရိုင်တရားရုံးက အမိန့်ချလိုက် ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နေ့အထိ ၁၄ မှုရှိပြီး ထားဝယ်ခရိုင်တွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုနှုန်း အများ ဆုံးဖြစ်ကြောင်း တိုင်းရဲတပ် ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။