သစ်ကား နဲ့  ၀ါးကား

0
423

” မင်းတို့ကို ဦးတစ်ခု မေးကြည့်မယ်၊ သစ်တွေ တင်လာတဲ့ ကားကို ဘယ်လို ခေါ်သလဲ”
” သစ်ကားပါဦး”
ကျွန်တော့်ရှေ့မှာ စာရွက်လေး ကိုယ်စီကိုင်ပြီး မတ်တပ်ရပ် နေကြသော ကျောင်းသားကျောင်းသူ လေးဦးစလုံး ပြိုင်တူ ဖြေလိုက်ကြသည်။
” ကဲ….ကောင်းပြီ၊ ဒါဖြင့် ဝါးတွေ တင်လာတဲ့ ကားကိုရော ဘယ်လိုခေါ် သလဲ”
” ဝါးဂါးလို့ ခေါ်ပါတယ်ဦး ”
“ေ ဟ…သစ်တွေ တင်လာတဲ့ ကားကိုတော့ သစ်ကားလို့ ခေါ်ပြီး ဝါး တွေ တင်လာတဲ့ ကားကိုတော့ မင်းတို့ ဝါးကားလို့ မပြောဘဲ ဘာကြောင့် ဝါးဂါး လို့ ပြောရတာလဲ ”

သူတို့ လေးဦးစလုံး ဘယ်လိုမှ မျှော်လင့်မထားသော မေးခွန်းမို့ ပြန်မဖြေ နိုင်ဘဲ ကျွန်တော့်ကို မျက်လုံးလေး အဝိုင်းသားနှင့် ငေးကြည့်နေကြပါသည်။
အမှန်မှာ ထိုနေ့က ကျွန်တော့် ရှေ့တွင် စာရွက်လေး ကိုယ်စီကိုင်ပြီး မတ်တပ်ရပ်နေကြသော ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းက ချာ တိတ်လေးတွေကို မေးခွန်းမေးရန် ကျွန်တော်သွားရောက်ခဲ့ခြင်း မဟုတ်ပါ။ ဝီ ဆရာ က အင်္ဂလိပ်ဘာသာပါပူးတွဲ သင်နေရတာ ကိုယ်တွေ့ပင် မဟုတ်ပါလား။

ဆက်လက်ပြီး အလယ်တန်း၊ အထက်တန်း အဆင့် ရောက်တော့ ကျောင်းစာ ဖိစီးမှုက တစ်နေ့တခြား တိုးသထက် တိုးလာပါသည်။ သူတို့ လေးတွေ ခမြာ တစ်နေကုန် ကျောင်းနှင့် ကျူရှင်ကြား ဗျာများနေကြ သောကြောင့် ကလေးပီပီ ကစားဖို့ပင် အချိန်မရတော့ ပေ။ ထိုကြောင့် ဆရာတွေ ဘက်ကလည်း မိမိ တပည့်တွေ စာမေးပွဲ အောင်ဖို့၊ မိမိ ကျောင်း၊ မိမိကျူရှင် အောင်ချက်ကောင်းဖို့ အဓိကထား သင်ကြားကြသလို တပည့် တွေ ဘက်ကလည်း စာမေးပွဲ အောင်ရင် ပြီးရောဟု နှလုံးသွင်းပြီး စာမှန်က နား လည်လည် မလည်လည် အာဂုံဆောင် နိုင်ရင် အာဂလူဟု သဘောထားကျက် မှတ်ကြသောကြောင့် စူးစမ်းချင်စိတ်က စာသင်ခန်းထဲ အတုန်းအရုန်းကျဆုံးကုန် ကြလေသည်။

ထို့အတူ ဘာကြောင့်ဟူ သော အသုံးအနှုန်းမှာ မြန်မာပြည် ပညာ ရေးလောကအတွက် ပြက်လုံးတစ်ခုပမာ ဖြစ်ရလေတော့သည်။ ထိုနည်းတူစွာ တက္ကသိုလ် ပညာရေးစနစ်မှာလည်း စာတွေ့နှင့် လက်တွေ့ကို ပေါင်းစပ်မပေး နိုင်သောကြောင့် ဓာတုဗေဒ ဘာသာရပ် နှင့် ဘွဲ့ရခဲ့သူ အများစုမှာ ဆပ်ပြာခဲ တစ်ခဲဖြစ်အောင် မလုပ်တတ်ကြပေ။ စာရွက်ပေါ်မှာ ဖော်မြူလာပေါင်းများစွာ မှန်အောင် ချရေးတတ်ပေမယ့် လက်တွေ့ မှာ ဘာတစ်ခုမှ မလုပ်တတ်ချေ။ ထို့အတူ သမိုင်းဘာသာရပ်နှင့် ဘွဲ့ရခဲ့သူတချို့မှာ ကုန်းဘောင်မင်းဆက် (၁၁) ဆက် ရှိမှန်း ပင်မသိပေ။ ယခုလို ကိုယ့်ပတ်ဝန်းကျင်မှာ တက္ကသိုလ်က ဘွဲ့တစ်ခုရရှိပေမယ့် တကယ် ပညာ မတတ်ခဲ့သူတွေကို ကြည့်ပြီး တက္ကသိုလ် ကျောင်းသားအများစုမှာ ကျောင်းမြန်မြန်ပြီး၊ ဘွဲ့မြန်မြန်ရဟူသော ခံယူချက်ထက် မပိုတော့ပေ။

ယုတ်စွဆုံး ငါတို့ဘာကြောင့် ကျောင်းတက်ကြ သလဲ၊ ငါတို့ဘာကြောင့် စာတွေသင်နေ ရတာလဲ ဆိုတာတောင် ဦးနှောက် အခြောက်ခံပြီး တွေးတော မနေကြတော့ ပေ။ တစ်ခါက သူငယ်ချင်းအထက် တန်းပြ ဆရာမတစ်ဦးကို ကျွန်တော်က မြန်မာပြည် ပညာရေးဟာ ဆရာဗဟိုပြု လား၊ ကျောင်းသားဗဟိုပြုလား ဒါမှမဟုတ် ကျူရှင်ဗဟိုပြု ပညာရေး စနစ်လားဟု ခပ်နော့နော့လေး မေးမြန်း ရာသူက ယခုလိုခပ်ရွဲ့ရွဲ့ ပြန်ဖြေပါသည်။
” ဆရာဝန် ဗဟိုပြုပညာရေးစနစ်” ဟူလို။

တကယ်တော့ စူးစမ်းချင်စိတ်၊ တစ်နည်းပြောရလျှင် ” ဘာကြောင့်” ဟူသော မေးခွန်းမှာ သိပ္ပံပညာ၏ ဖခင် ကြီးပင် ဖြစ်ပါသည်။ ငှက်တွေဘာကြောင့် လေထဲ ဝဲပျံနိုင်ကြသလဲ ဆိုတာ စူးစမ်း ရင်း လူသားတွေ လေယာဉ်ပျံကို တီထွင် နိုင်ခဲ့ကြပါသည်။ ထို့အတူ နယူတန်ဆို သော ပုဂ္ဂိုလ်ကြီးက ပန်းသီးဘာကြောင့် မြေကြီးပေါ် ကြွေကျသလဲ ဟူသော ပုစ္ဆာ ကို အဖြေရှာ ခဲ့သောကြောင့် ကမ္ဘာ မြေကြီးမှာ ဆွဲငင်အားရှိကြောင်း ကျွန်တော်တို့ သိရှိခဲ့ရပါသည်။အကယ်၍ ကျွန်တော်တို့ ရှေ့က ပုဂ္ဂိုလ် ကြီးများသာ စူးစမ်းလေ့လာမှုများ မပြုလုပ်ခဲ့ပါက သိပ္ပံပညာလည်း ယခုလောက် တိုးတက် လာမှာ မဟုတ်ပေ။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ပညာရေး စနစ်မှာ ” ဘာကြောင့် ” ဟူသော အမေးပုစ္ဆာကို မြေတောင်မြှောက် မပေး နိုင်ပေ။ ဆရာနှင့်တပည့် အပြန်အလှန် ဆွေးနွေးသော အလေ့အထ ကျွန်တော်တို့ ဆီက စာသင်ခန်းတွေထဲမှာ မရှိပါ။ ကျောင်းသားမှန်သမျှ ကိုယ့်အစွမ်းအစ ဘာတစ်ခုမှ စိုက်ထုတ်စရာ မလိုဘဲ ဆရာ တွေ သင်ပေးသမျှ အလွတ်ကျက်မှတ် ရုံပင်။ များများ အာဂုံဆောင်နိုင်သော တပည့်က လူတော်စာရင်းဝင်ပြီး ဆရာ သင်ပေးသမျှ ဘာတစ်ခုမှ ပြန်လည် စောဒကမတက်သောတပည့်က လူလိမ္မာ ဟု သတ်မှတ်ခံရပေလိမ့်မည်။ ထိုသို့ စူးစမ်းလေ့လာမှုကို အားမပေးသော လူ့အဖွဲ့အစည်း၌ သိပ္ပံပညာ မထွန်းကား သလို ဘာကြောင့်ဟူသော အမေးပုစ္ဆာကို ရှင်သန်ခွင့် မပြုသော ပညာရေးစနစ်ဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော တိုင်းပြည် တစ်ခု ထူထောင်ဖို့ မဖြစ်နိုင် ပါ။

နောင်တစ်ချိန်မှာ တိုင်းပြည်၏ အနာဂတ်ကို ဖန်တီးထုဆစ်မည့် ခေါင်း ဆောင် လောင်းလျာလေးများမှာ ယနေ့ စာသင်ခန်းထဲရှိ ကလေးငယ်များ ဖြစ်ကြ ပါသည်။ ထိုကလေးငယ်များ၏ အနာ ဂတ်သည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်ပါသည်။ အကယ်၍ ဤပညာရေး စနစ်အတိုင်းသာ ရှေ့ဆက်ပါက သူတို့ ထဲမှ တစ်ဦးကောင်း တစ်ယောက်ကောင်း ပါရမီရှင် လေးတွေ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပေမယ့် တိုင်းပြည်နှင့် ချီပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါ။ ထိုကြောင့် ခေတ်အဆက် ဆက် အမှားအယွင်း များစွာနှင့် အကောင် အထည် ဖော်ခဲ့ကြသော ပညာရေး စနစ် ကို အချိန်မီ ပြန်လည် ပြင်ဆင်ဖို့ လိုပြီဟု ကျွန်တော့်အနေနှင့် မဝံ့မရဲ အကြံပြု ချင်ပါသည်။

ကိုးကား။ ။မောင်ခင်မင်(ဓနုဖြူ)၏ “မြန်မာစာ မြန်မာစကားဝိုင်း ” ။