သဲကျောက်တင်ကားများ လမ်းပေါ် ဖိတ်စဉ်က အရေးယူတော့မည်

0
379

မြေသယ်ယာဉ်များ တင်ဆောင် လာသည့် သဲကျောက်နှင့် မြေများ လမ်း မပေါ် ဖိတ်စဉ်ပါက အရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လမ်းဦးစီးဌာနထံမှ သိရသည်။လမ်းမများပေါ် ကျောက်၊ သဲနှင့် မြေကြီးများ ဖိတ်စဉ်မှု မရှိစေရန် ကြပ် မတ်ဆောင်ရွက်သွားရန် မတ်လ ၄ ရက် နေ့က တိုင်းဒေသကြီး လမ်းဦးစီးဌာနက ဌာနတွင်း ဝန်ထမ်းအဆင့်ဆင့်ကို ညွှန် ကြားခဲ့သည်။

လမ်းမပေါ် ဖိတ်စဉ်ကျနေသည့် သဲ၊ ကျောက်နှင့် မြေကြီးများကြောင့် လမ်းမပေါ်သွားလာနေသည့် ကား၊ ဆိုင်ကယ်များ အန္တရာယ်ဖြစ်လာနိုင်ခြင်း နှင့် လမ်းများပျက်စီးလာနိုင်သဖြင့် ကြပ် မတ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။” သဲနဲ့ ကျောက်စရစ်လုံးလေးတွေက ယာဉ်တွေ ချော်ဖြစ်ပြီး အန္တရာယ်ဖြစ်လာ နိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

သဲ၊ ကျောက်နှင့် မြေကြီးသယ် ဆောင်မည့်ယာဉ်များအနေဖြင့် လမ်းမ ပေါ်လွင့်စဉ်မှု မရှိစေရန် တာလပတ် အထူစများဖြင့် ဖုံးအုပ်သယ်ဆောင်ရ မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက လမ်းမ ကြီးများဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။သဲကျောက်တင်ယာဉ်များ သတ်မှတ် စည်းကမ်း လိုက်နာမှုရှိစေရန် သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင် ရွက် သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။

” စီမံချက်အနေနဲ့ လိုင်စင်တွေပါ စစ်ပြီး ဖိတ်စဉ်မှုတွေကိုပါ စိစစ်အရေး ယူသွားမယ်” ဟု တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရဲမှူးကြီးနေမျိုးက ဆိုသည်။
ကမြောကင်းတံတား အနီးတစ်ဝိုက် တွင် မြေ၊ သဲ၊ ကျောက်တင်ယာဉ်များ ပရမ်းပတာ မောင်းနှင်မှုများပြားပြီး ကြပ်မတ်စိစစ်မှု လုပ်ဆောင်နေခြင်းများ မမြင်ရသေးကြောင်း ထားဝယ်မြို့သစ် တွင်နေထိုင်သူ ဦးညီလေးက ဆိုသည်။

” ကမြောကင်းတံတားထိပ်မှာဆို ကြမ်းလွန်းလို့ ဘုရားတောင် တမိတယ်၊ လုပ်မယ်ဆိုလည်း ထိထိ ရောက်ရောက် လုပ်စေချင်တယ်” ဟု ဦးညီလေးက ပြောသည်။စည်းကမ်းမဲ့မောင်းနှင်သည့် သဲ၊ ကျောက်နှင့် မြေသယ်ယာဉ်များကြောင့် ယာဉ်တိုက်မှု ဖြစ်စဉ်များရှိခဲ့သည်။