Mister Global Myanmar 2017 ပြိုင်ပွဲ တနင်္သာရီတိုင်း ကိုယ်စားပြု ခွန်ချန်ဟိန်း ဝင်ရောက်ယှဉ်ပြိုင်မည်

0
1082

ရန်ကုန်ုမြို့ Junction Square Water Fountain Area မှာမတ်လ ၃၁ တွင်ကျင်းပမယ့် Mister Global Myanmar 2017 ပြိုင်ပွဲမှာ တနင်္သာရီတိုင်းကိုယ်စားပြုခွန်ချန်ဟိန်းက ဝင် ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

” ကျွန်တော်ဘက်က နိုင်ငံဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ ပြည်ပပြိုင်ပွဲ အတွေ့အကြုံတော့ မရှိသေးပါဘူး။ Local ပွဲ တွေတော့ ပြိုင်ခဲ့ဖူးပါတယ်။ အခုလည်း Talent & NC ( National Costume) တွေကအစ အသေး စိတ်ပြင်ဆင်သွားမှပါ။ အကောင်းဆုံးကိုပဲချပြပြီး တော့ ယှဉ်ပြိုင်မှာဆိုတော့ ယှဉ်ပြိုင်မှုကိုတန်ဖိုး ထားပါတယ်။ ဆုကတော့ ဘယ်သူပဲရရမမျော် လင့်ထားပါဘူး” လို့ ခွန်ချန်ဟိန်းက ပြောပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီးမှာ ကိုယ်စားပြုရွေး ချယ်ထားတဲ့ Mister တွေ ဝင်ရောက်ယှဉ်ပြိုင်ကြ မှာဖြစ်ပြီး နောက်ဆုံးအဆင့်ဆုမရခဲ့ရင်တောင် တိုင်းဒေသကြီးအတွက် ဂုဏ်ယူနေမယ်လို့လည်း ဆိုပါတယ်။

“ Mister တယောက်ဖြစ်ဖို့အတွက်ကတော့အဓိကကိုယ့်ရဲ့ကြိုးစားလေ့လာအားထုတ်မှုကပို ပြီး အဓိကကျပါတယ်။ ကိုယ်တိုင်ကကိုယ့်ရဲ့အား နည်းချက်ကိုရှာမတွေ့ခဲ့ရင်တောင် ထောက်ပြပေး မယ့်လူတွေရဲ့စကားကိုလည်း အမြဲအလေးထား ပါတယ်။ ကျွန်တော့်ရဲ့အားနည်းချက်ကတော့ လော လောဆယ်တော့ Body ( ကိုယ်ခန္ဓာအလှ) အပိုင်း သိပ်အားမရသေးတာ တစ်ခုပဲမြင်မိတယ်။ Perfect မဖြစ်ပေမယ့် အားနည်းချက်တစ်ခုချင်းစီ သေချာ လေ့ကျင့်သွားပြီး အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် သွားမှာပါ ” လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ဆုရရှိသွားမယ့် Mister Global Myanmar 2017 ၂၀၁၇ ဟာ ချင်းမိုင်မြို့မှာ မတ်လ ၂၀ မှာ ကျင်းပမယ့် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု Mister များဝင်ရောက်ယှဉ်ပြိုင်မည့်Mister Global 2017 ပြိုင်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ကိုယ့်နိုင်ငံရိုးရာဝတ်စုံ National costume, Body, Brain, & knowledge အပိုင်းများကို အဆင့်ဆင့် ယှဉ်ပြိုင်ရမှာဖြစ်တယ် လို့ သိရပါတယ်။