ကော့သောင်းဘင်ခရာအဖွဲ့ ပြန်လာမည်

0
505

နိုင်ငံတော်အခမ်းအနားများနှင့် အားကစားဖွင့်ပွဲများတွင် ဖျော်ဖြေလေ့ရှိ သည့် ဘင်ခရာအဖွဲ့ ပြန်လာတော့မည်ဟု ကော့သောင်းမြို့နယ် ဘင်ခရာတီးဝိုင်း အဖွဲ့ဖြစ်မြောက်ရေးထံမှ သိရသည်။

ကော့သောင်းဒေသ အတွင်း ဆယ် စုနှစ်တစ်စုကျော်ကြား တိမ်မြုပ် ပျောက် ကွယ်သွားပြီးမှ ဘင်ခရာတီးဝိုင်းအဖွဲ့ တစ်ဖွဲ့ ပြန်လည်အကောင်အထည်ဖော်နိုင် ရေး ဝါသနာရှင်တချို့က စတင်အကောင် အထည်ဖော်နေခြင်း ဖြစ်သည်။မြို့ပေါ်ရပ်ကွက် ကျောင်း ၄ ကျောင်း မှ ကျောင်းသားပေါင်း ၂၀၀ ကျော်ကို မတ်လ ၁ရက်တွင် အဏ္ဏဝါ အ.လ.က ကျောင်းတွင် ဘင်ခရာတီးဝိုင်း အဖွဲ့ ခေါင်းဆောင်ဟောင်းများက သင်တန်းပို့ ချပေးမည်ဟု ကော့သောင်းမြို့နယ် ဘင်ခရာတီးဝိုင်း အဖွဲ့ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးအောင်မိုးက ဆိုသည်။

” သင်ထောက်ကူပစ္စည်းတွေကို ကျွန်တော်တို့ဘက်က ထောက်ပံ့မှာ ဖြစ်ပါတယ် ၊ အသင်းအဖွဲ့ တစ်ခု ရေ ရှည်ရပ်တည်နိုင်ဖို့ဆိုရင်တော့ စေတနာ ရှင်အလှူရှင်တွေ အပါအဝင် အဖက်ဖက် က ပံ့ပိုးမူတွေလည်း လိုအပ်တယ် ” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် မတည်ငွေ ကျပ် ၁၀ သိန်း ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း သိရသည်။

” ပုံမှန်လုပ်နေကျ နိုင်ငံတော်အဆင့် အခမ်းအနား ပွဲတွေမှာ ဘင်ခရာတီးဝိုင်း အဖွဲ့ မပါတော့ ခြောက်ကပ်ကပ်ကြီး ဖြစ်နေတာပေါ့လေ၊ တခြားမြို့တွေမှာ တွေ့ရတော့ ကိုယ့်မြို့မှာလည်း ရှိစေချင် တယ်” ဟု အောင်သုခရပ်ကွက်နေ ဒေါ်နှင်းနှင်းအေးက ဆိုသည်။ကော့သောင်းမြို့နယ်အတွင်း ဘင်ခရာတီးဝိုင်းအဖွဲ့ကို ၁၉၇၉ခုနှစ်တွင် ကျောင်းသားလူငယ်များဖြင့် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၈ခုနှစ်မှ စတင် ကာအကြောင်းကြောင်းကြောင့် ဘင်ခရာ တီးဝိုင်းအဖွဲ့ ကွယ်ပျောက်သွားခဲ့ကြောင်း သိရှိရသည်။