အရေးယူမည်ဟု ကြေညာပြီးနောက် သောက်ရေသန့်လုပ်ငန်းများ လိုင်စင်လာလျှောက်

0
428

FDA ထောက်ခံချက်မဲ့ သောက် ရေသန့် လုပ်ငန်းများကို အရေးယူမည်ဟု ကြေညာပြီးနောက်ပိုင်း တိုင်းအတွင်းရှိ သောက်ရေသန့်လုပ်ငန်းအသစ် ၁၀ ခု လိုင်စင်လာလျှောက်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံမှ သိရသည်။

FDA ထောက်ခံချက်မရှိသည့် ရေသန့်များကို ဖေဖော်ဝါရီလတွင် စိစစ် အရေးယူတော့မည်ဟု ပြီးခဲ့သည့် ၂၁၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ကြေညာပြီး နောက်ပိုင်း တိုင်းအတွင်းရှိ ရေသန့် လုပ်ငန်းအသစ်များ လိုင်စင်လာလျှောက် ကြခြင်းဖြစ်သည်။ထောက်ခံချက်မရှိသည့် ရေသန့် များက အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းမှု စိတ်မချရသည့်အတွက် လုပ် ငန်းရှင်များအနေဖြင့် ထုတ်လုပ်ခွင့် လိုင်စင် (FDA ထောက်ခံချက်) လုပ် ဆောင်သင့်ကြောင်း FDA တိုင်းဒေသ ကြီး တာဝန်ခံက ဆိုသည်။” ပြည်သူတွေအနေနဲ့လည်း ထောက်ခံ ချက်ရှိတဲ့ရေသန့်ကိုပဲ ဝယ်သောက်စေ ချင်တယ်” ဟု FDA တိုင်းတာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

ယင်းအပြင် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် ရေသန့်များကိုသာ အများပြည်သူကို ရောင်းချခွင့်ရှိပြီး မိသားစုအတွင်း သောက်သုံးရန် ရည်ရွယ်ထုတ်လုပ် ထားသည့် အိမ်တွင်းထုတ် (ဇူလီယံကဲ့ သို့သော) ရေသန့်များကို အများပြည်သူ သို့ ရောင်းချခွင့်မရှိကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။ရေသန့်လုပ်ငန်းအသစ်အတွက် FDA ထောက်ခံချက် ပြုလုပ်မည်ဆိုပါက ရုံးတွင် လာလျှောက်နိုင်ပြီး သီးခြား ငွေ ကြေး (လျှောက်လွှာခ၊ ကွင်းဆင်းစစ် ဆေးခစသဖြင့်) တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း ၎င်းကပြောသည်။

FDဗ ထောက်ခံချက် သက်တမ်း သည် ၂ နှစ်ရှိပြီး သက်တမ်းကုန်ဆုံးရန် ၃ လ အလိုတွင် သက်တမ်းတိုး ဆောင် ရွက်ရသည်။
တိုင်းအတွင်းရှိ ထောက်ခံချက်မဲ့ သောက်ရေသန့်များကို ဖေဖော်ဝါရီလ အတွင်း စိစစ်အရေးယူသွားမည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့ မလုပ် ဆောင်ခဲ့ပေ။
ရေသန့် ထုတ်လုပ်ခွင့်အတွက် ထောက်ခံချက်ရရန်နှင့် ထောက်ခံချက် သက်တမ်းတိုးရာတွင် လပေါင်းများစွာ အချိန်ကြာလေ့ရှိသည့်အတွက် အခက် အခဲကြုံလေ့ရှိကြောင်း ထားဝယ်ရှိ ရေသန့်လုပ်ငန်းရှင်များကြားတွင် ဝေဖန် မှုများ ရှိနေသည်။

တိုင်းအတွင်း ထောက်ခံချက် သက် တမ်းရှိ၊ သက်တမ်းတိုးလျှောက်ထားဆဲ နှင့် လုပ်ငန်းအသစ်လျှောက်ထားဆဲ ရေသန့် လုပ်ငန်း ၂၆ ခု ရှိကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ထံမှ သိရသည်။