တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့် လျှောက်လွှာ စရောင်း

0
514

ထားဝယ်မြို့ ဆန်းချီရပ်ကွက် အတွင်းရှိ တန်ဖိုးသင့် ပင်လုံ အိမ်ရာ တိုက်ခန်းများ ဝယ်ယူခွင့်လျှောက်လွှာ များကို မတ်လ ၁ ရက်မှစတင်ကာ ရောင်းချပေးနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။လျှောက်လွှာတစ်စောင်လျှင် ငွေ ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပြီး လျှောက်လွှာ ၂၁ စောင် ရောင်းချ ခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လျှောက်လွှာများကို မတ်လ ၃၁ ရက်နေ့အထိ ရောင်းချပေးသွားမည် ဖြစ် ပြီး အခန်းတစ်ခန်းကို ဝယ်ယူရန် အဆိုပြုသူ တစ်ဦးထက်ပိုနေပါက မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

” ဝယ်ယူခွင့်ပြုတဲ့အကြောင်း စာရင်းထုတ်ပြန်ပြီး ၁၅ ရက်အတွင်း အပြေအကျေ ငွေပေးသွင်းရမယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
တိုက်ခန်းအကျယ် ၇၁၇ စတုရန်း ပေနှင့် ၅၄၅ စတုရန်းပေ အကျယ်ဟူ၍ နှစ်မျိုးသတ်မှတ်ထားပြီး ထားဝယ်ခရိုင် အတွင်းနေထိုင်သည့် ပင်စင်စားဝန် ထမ်းဟောင်းများနှင့် လုပ်သက် ၂၀ နှစ် အထက်ရှိသည့် ဝန်ထမ်းများကို ရောင်း ချပေးမည်ဖြစ်သည်။

တိုက်ခန်းဈေးနှုန်း မှာ ကျပ် ၁၃၅ သိန်းမှ သိန်း ၃၀၀ အထိ ရှိသည်။လျှောက်လွှာများကို ထားဝယ်မြို့ ရေးလမ်းရှိ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနတွင် မေးမြန်း စုံစမ်းဝယ်ယူနိုင်ပြီး အသေးစိတ်သိလိုပါ က ရုံးဖုန်းဖြစ်သည့် ၀၅၉-၂၃၈၆၅ ထံ ဖုန်းဆက်မေးမြန်း နိုင်ကြောင်း အထက် ပါဌာနထံမှ သိရသည်။