အောင့်လုံးကြီး ကွဲတော့မည်

0
432

ရန်ကုန်တိုင်းတွင် လျှပ်စစ်မီတာခ ၃ ဆတက်မည်ဟူသည့် သတင်း ထွက်ချိန် ရန်ကုန်တိုင်းနေလူထု ပွက် လောရိုက် ညည်းတွားတော့ တနင်္သာရီ တိုင်းသားများက ခပ်ပြုံးပြုံးဖြင့် နာနာ ကျင်ကျင် ခနဲ့ကြသည်။ လျှပ်စစ်မီတာခ ပေးချေလွှာများ၊ လျှပ်စစ်မီတာခ ဈေးနှုန်းများကို လူမှု ကွန်ရက်ပေါ်တွင် ရေးတင်ကြသည်။

အခြားကြောင့် မဟုတ်။ တနင်္သာ ရီတိုင်းသားများ လက်ရှိပေးချေနေရသည့် မီတာခသည် ရန်ကုန်တိုင်းတွင် ပေးချေ ရသည့် တစ်ယူနစ် နှုန်းထားနှင့် အနည်း ဆုံး ၈ ဆကျော် ကွာနေသောကြောင့် ဖြစ်သည်။ ရန်ကုန်တိုင်းမှ လူထုက လက်ရှိ မီတာခ၏ ၃ ဆဖြစ်သည့် တစ်ယူနစ် ကျပ် ၁၀၀ ကျော်ကို မျက်ပြူးဆန်ပျာ ပြောနေချိန်တွင် တနင်္သာရီတိုင်းတွင် တစ်ယူနစ် ကျပ် ၃၀၀ ပေးချေနေရသည်။

လျှပ်စစ် တစ်ယူနစ် ပျမ်းမျှ ထုတ် လုပ်မှုစရိတ်မှာ ၇၇ ကျပ်၊ ပြန်ရောင်း ဈေး ၅၄ ကျပ် ဖြစ်သည့်အတွက် တစ်ယူနစ်သုံးတိုင်း ၂၃ ကျပ် စိုက်နေရ သည်ဟု လျှပ်စစ် ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။ “နိုင်ငံတော်ဓာတ်အားလိုင်းကနေ တစ်နေ့ယူနစ်သန်း ၂၀ ခန့် သုံးတဲ့ အတွက် တစ်နေ့ ၄၆၀ သန်း စိုက်ရတဲ့ သဘောပါ။ တစ်လမှာ ကျပ်သန်း ၁၃၈၀၀ စိုက်ရမယ်ဆိုတော့ ဒေါ်လာ ၁၀ သန်းဖြစ်နေပြီ။ ဒီတော့ ကမ္ဘာ့ ဘဏ်ကနေ လျှပ်စစ် ဖွံ့ဖြိုးရေးအတွက် ချေးလာတဲ့ ဒေါ်လာသန်း ၁၀၀ ဟာ ၁၀ လ စိုက်ရင် ပြောင်ပြီ။ လျှပ်စစ် ဘတ် ဂျက် ခွဲတမ်းရသမျှအားလုံး ” ၃၅ကျပ် တန် ရပ်ဝန်း” ဖစ်တဲ့ လူကြီးမင်းတို့ ဆီမှာပဲ ကုန်ပြီ” ဟု တနင်္သာရီတိုင်းတွင်း လျှပ်စစ်နှင့် ပတ်သက်ပြီး အစဉ်တစိုက် ထောက်ပြ ရေးသားနေသည့် ဒေါက်တာ ဝင်းထိန်က မချိတင်ခဲ ထုတ်ဖော်ရေး သားသည်။

အစိုးရ၏ လက်ရှိ မီတာခနှုန်းထား မတိုးပါက တနင်္သာရီတိုင်းတွင် မီတာခ နှုန်းထားချိုစွာ သုံးစွဲခွင့်ရရေး အလှမ်း ဝေးနေဦးမည်ဟု တိုင်းတွင်းသားများက ယူဆကြသည်။ တနင်္သာရီတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည် လှိုင်က ရန်ကုန်တွင် ဈေးမတိုး ပါက လက်ရှိအစိုးရ သက်တမ်းတွင်ပင် ဈေးနှုန်း တန်းတူဖြစ်ရန် မလွယ်ဟု ဖွင့်ဟသည်။ သို့သော် တိုင်းအစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားနေသည်ဟု ပြောသည်။
” ဝန်ကြီးချုပ်ကတော့ တောင်းဆို နေတာပဲ၊ အဓိကကတော့ ဟို.. ဘယ်လို ပြောမလဲ..၊ ခွဲခြားတယ်ပဲ ဖြစ်မလား မသိဘူး ရန်ကုန်ဘက်ကိုပဲ အဓိက ဦးစားပေးမျိုး ဖြစ်နေတယ်၊ ခွဲခြားသလို သက်ရောက်နေတယ်” ဟု ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

ယင်းသို့ လျှပ်စစ်ကိစ္စနှင့် ပတ်သက် ပြီး တနင်္သာရီ တိုင်းသူတိုင်းသားများ၏ မကျေနပ်မှုသည် တဖြည်းဖြည်း မြင့် တက်လာပြီး ပြည်ထောင်စုအစိုးရမှ ခွဲခြားဆက်ဆံသည်ဟု တွေးကြသူများ လည်း ရှိသည်။ ” တိုင်းကထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွေက ပြည်ထောင်စုကို ပို့နေ ရတယ်။ လျှပ်စစ်ကတော့ ဈေးကြီး ပေးပြီး ဝယ်သုံးနေရတယ်။ အကျိုးခံစား ခွင့် ခွဲခြားပြီး ခံစားနေရတာမျိုး မဖြစ် သင့်ဘူး။ ခွဲခြားခံနေရသလိုမျိုး ခံစား နေရတယ်” ဟု ထားဝယ်မြို့မှ သုံးဘီး ယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးလှသိန်းက ဆိုသည်။

မတ်လ ၃ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေး နွေးပွဲတွင် ပြည်ထောင်စု လျှပ်စစ် ဒုတိယ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးက ရန်ကုန်တိုင်းတွင် နိုင်ငံတော်မှ အရှုံးခံ မီးဝေနေမှုနှင့် ဓာတ်အားခ တိုးမြင့်သင့်မှု အပေါ် ထားဝယ်၏ လျှပ်စစ်ဈေးနှုန်းကို စံပြု ပြောဆိုသွားသည်။

” အရှုံးခံမှုဟာ ကျန်တဲ့ ပြည်သူတွေ အတွက် ဝန်လေးစေပြီး အင်မတန်အား နာစရာ ကောင်းပါတယ်” ဟု ဦးအောင် သန်းဦးက ယင်းပွဲတွင် ပြောကြားခဲ့သည်။
လာမည့် ဇွန်လဝန်းကျင်တွင် တစ်ယူ နစ်ကျပ် ၂၀၀ ဝန်းကျင်ဖြင့်ရတော့မည်ဟု တိုင်းအစိုးရက ကြေညာထားသည်။
သို့သော် ယင်းဈေးသည် မဟာ ဓာတ်အားလိုင်းရသည့် ဒေသများမှ ပေးရသည့် နှုန်းထားထက် အဆများစွာ ပိုနေပါသေးသည်။
ဒေါက်တာဝင်းထိန်းကတော့ တောင်ပိုင်းသားများ သည်းခံရ လွန်း သည့်အတွက် အောင့်လုံးကြီး ကွဲတော့ မည်ဟု ဖွင့်ဟသည်။