လောင်းလုံး ခရီးသွားလမ်းညွှန် စာအုပ်ထုတ်မည်

0
454

လောင်းလုံးမြို့နယ် ခရီးသွားလမ်းညွှန် စာအုပ်အား လာမည့် ၃ လအတွင်း ပုံနှိပ် ထုတ်ဝေသွားမည်ဟု လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရ သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရည်ရွယ်ကာ လောင်းလုံးမြို့ နယ်သို့ လာရောက်မည့် ခရီးသွားဧည့် သည်များ သွားလာလည်ပတ်ရ လွယ်ကူ ချောမွေ့စေရန်နှင့်လည်ပတ် လေ့လာ သင့်သည့်နေရာများအား သိရှိစေရေး ထုတ်ဝေရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။

” သွားရေးလာရေးအတွက် လွယ်ကူ တဲ့ အခြေအနေရောက်အောင် အထောက် အထားလေးတစ်ခု မှတ်တမ်းလေး တစ်ခု ပြုစုပေးတဲ့ သဘောပါ” ဟု ဦးကျော်သူက ပြောသည်။စာအုပ်တွင် သွားသင့်လာသင့်သည့် ကမ်းခြေများ၊ ကျွန်းများ၊ ဘုရားများ အတွက် ခရီးသွားလမ်းညွှန်များ ပါဝင် မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကမ်းခြေ များ၊ ကျွန်းများအား ကွင်းဆင်း စစ်ဆေး ကာ အချက်အလက် စုဆောင်းနေပြီး မကြာမီ ထုတ်ဝေရေးကော်မတီ ဖွဲ့စည်း ထုတ်ဝေသွားမည်ဟု ဆိုသည်။

ယင်းသို့ ခရီးသွားလမ်းညွှန်စာအုပ် ထုတ်ဝေမည်ဆိုပါက ကြိုဆိုပြီး အခမဲ့ သို့မဟုတ် မည်သို့မည်ပုံ ဖြန့်ဝေမည်ကို လည်း စိတ်ဝင်စားကြောင်း Sky Light ခရီးသွားကုမ္ပဏီမှ ဒေါ်မိုးသူက ပြော သည်။လောင်းလုံးမြို့နယ်သည် သမိုင်း ဝင် ရှင်ကိုးရှင်ဘုရား ၃ ဆူ၊ မောင်းမ ကန် အပါအဝင် ခရီးသွားများ စိတ်ဝင် စားသော ကမ်းခြေများ၊ ကျွန်းများရှိသည့် မြို့နယ် ဖြစ်သည်။

သို့သော် မောင်းမကန်မှအပ ကမ်း ခြေတိုင်းတွင် ပြည်တွင်းပြည်ပ ခရီး သွားများ တရားဝင်တည်းခိုနိုင်သော ဟိုတယ်နှင့် တည်းခိုခန်းများ မရှိသေး ပေ။