ဟိန္ဒားသတ္တုတွင်း မိုးရာသီ ရေနောက်ဆင်းပါက ထပ်မံပိတ်မည်ဟု သတိပေး

0
424
၂၀၁၆ ခုနစ်ဇွန်လနှောင်းပိုင်းတွင် ဟိန္ဒာသတ္တုတွင်း နုန်းစစ်ကန်မှ စီးဆင်းလာသည့် စွန့်ပစ်ရေကိုတွေ့ရစဉ်

ထားဝယ်ခရိုင်၊ မေတ္တာမြို့ရှိဟိန္ဒား သတ္တုမိုင်းတွင် သတ္တုတူးဖော်လျက် ရှိ သည့် မြန်မာပွန်ပီပက်ကုမ္ပဏီအား မိုးရာသီတွင် ချောင်းအတွင်းသို့ ရေ နောက်ဆင်းပါက ထပ်မံရပ်ဆိုင်းမည်ဟု သတိပေးထားကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

 
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များကြောင့်နှစ်ကြိမ်တိုင် ရပ်နားခံခဲ့ရ သည့် ဟိန္ဒားသတ္တုမိုင်းကို ပြန်လည်ပတ် ခွင့်ပေးထားပြီး နုန်းစစ်ကန်များကို ပြန် လည်တူးဖော်ရန် ညွှန်ကြားထားသော် လည်း လက်ရှိအချိန်အထိ ပြန်လည်တူး ဖော်ခြင်းမရှိသေးသည့် အတွက် ယင်းသို့ ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်။

 
” ဟိန္ဒားက ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းတယ်” ဟု တိုင်း အစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးမြင့်မောင် က ပြောသည်။သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်အတွင်း နုန်းစစ်ကန်ဆယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့မှ သယံဇာတနှင့်ပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံသို့ တစ်ပတ်တစ်ကြိမ်အစီရင်ခံရန် ညွှန်ကြား ခဲ့ကြောင်း ၎င်းက ပြောသည်။

 
သို့သော် အစီရင်ခံစာများအရ နှုန်း စစ်ကန်ကို ဆယ်ယူထားသည့်အနေ အထားမရှိသေးကြောင်း ဝန်ကြီးက ဆို သည်။
ယင်းကြောင့် မိုးရာသီတွင် နုန်းစစ် ကန်များလျှံကျကာ ရေနောက်များ ချောင်းအတွင်းဆင်းမည်ဆိုပါက ထပ်မံ ရပ်နားခိုင်းမည်ဟု တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
” ကန်က ပြန်လည်းမတူးထားဘူး။ မိုးရွာလာရင် ကန်ပြိုကျမှာကို အမြဲတမ်း စိုးရိမ်နေရတယ်” ဟု မြောင်းပြိုကျေးရွာမှ ဒေါ်တင်လှက ပြောသည်။

 
နုန်းစစ်ကန်များမှာ မြောင်းပြို ကျေးရွာ၏ အမြင့်ပိုင်းတွင် တည်ရှိသည့် အတွက် မြေသားတမံများဖြင့်သာ ကာ ရံထားသည့် နုန်းစစ်ကန်များ ပြိုကျ လာမည်ကို အမြဲ စိုးရိမ်နေရသည်ဟု ၎င်းကဆိုသည်။ဟိန္ဒားသတ္တုတွင်းကို သဘာဝပတ် ဝန်းကျင်ထိခိုက်မှုများကြောင့် ပထမ အကြိမ်အဖြစ် ဇွန်လ ၂၉ ရက်နေ့က ရပ်နားခိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဟိန္ဒားသတ္တုတွင်း၏ လုပ်ကွက် A ၊ B ၊ C သုံးကွက်တွင် B နှင့်C တို့ကို စမ်းသပ်လည်ပတ်ခွင့် ပြုခဲ့သည်။

 
သို့သော် ချောင်းအတွင်းရေနောက် များစီးဆင်းနေဆဲဖြစ်သည့် အတွက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ထပ်မံရပ်နားခိုင်းခဲ့ပြီးနောက် အောက်တို ဘာလ ၅ ရက်တွင် ထပ်မံလည်ပတ်ခွင့် ပြုထားခြင်းဖြစ်သည်။