စပါးဈေးကျ၊ လယ်သမားများ ချေးငွေဆပ်ရန် အခက်တွေ့

0
461

ယခုနှစ်တွင် စပါးဈေးကျသည့် အတွက် စိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ် ရန် အခက်တွေ့နေရကြောင်း ထားဝယ် ခရိုင်အတွင်းရှိ လယ်သမားအချို့ထံမှ သိရသည်။ယခင်နှစ်က စိုက်ပျိုးစရိတ်ချေး ငွေပြန်ဆပ်ချိန်ဖြစ်သည့် ဖေဖော်ဝါရီ၊ မတ်လတို့တွင် စပါးတစ်တင်း ကျပ် ၆၀၀၀ အထိ ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင်မူ စပါးတစ်တင်းလျှင် ကျပ် ၄၀၀၀ သာ ဈေးရှိသောကြောင့် ချေးငွေ ပြန်ဆပ်ရန် အခက်တွေ့နေရကြောင်း လယ်သမားများက ပြောသည်။

 
” စပါးက ဈေးလည်းကျ၊ ဝယ်မယ့် သူလည်းမရှိလို့ ဖြစ်သလို ရှာကြံပြီး သွားဆပ်လိုက်ရတယ်” ဟု ရေဖြူမြို့ နယ်၊ သစ်တိုထောင့်ကျေးရွာမှ ဦးဟန် ရွှေက ပြောသည်။ချေးငွေပြန်ဆပ်ချိန် စပါးဈေးကျ နေသည့်အတွက် သစ်တိုထောင့် ကျေးရွာ တွင် ချေးငွေ မဆပ်ရသေးသူများရှိနေ ဆဲဖြစ်ပြီး ဆပ်ပြီးသူ အများ စုမှာလည်း ၄ ကျပ်တိုး သို့မဟုတ် ၅ ကျပ်တိုးဖြင့် ချေးငှားကာ ပြန်ဆပ်ခဲ့ကြရသည်ဟု  ၎င်းက ဆိုသည်။
” လယ်သမား အားလုံးညည်းနေ ကြတယ်။ မကိုက်လို့လေ” ဟု ထားဝယ် မြို့နယ်၊ ဇဟာကျေးရွာမှ မနန်းကေက ဆိုသည်။

 
စပါးဈေးကောင်းလာမည့်အချိန်ကိုမျှော်၍ စပါးကို မရောင်းဘဲ စောင့် ဆိုင်းနေခဲ့သော်လည်း အချိန်နှစ်လ ကြာသည်အထိ ဈေးမကောင်းလာသည့် အတွက် ချေးငွေပြန်ဆပ်ရန်ရသည့် ဈေး ဖြင့်ပင် ရောင်းခဲ့ရသည်ဟု မနန်းကေက ဆိုသည်။
စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် အလုပ်သမားခ ကြီးခြင်းနှင့် ဓာတ်မြေဩဇာစရိတ်၊ သယ်ယူပို့ဆောင်စရိတ် စသည်တို့ကြောင့် လက်ရှိပေါက်ဈေး တစ်တင်း ၄၀၀၀ ကျပ်နှုန်းမှာ အရင်းပင်မကြေဟု ဦးဟန်ရွှေ က ပြောသည်။

 
” သူများဆီမှာလည်း ငွေချေးထား ရတာဆိုတော့။ အနည်းဆုံး တစ်တင်းကို ၅၅၀၀ လောက်ရမှ ရောင်းနိုင်မှာ။ အစိုးရအနေနဲ့ စပါးဈေးကောင်းအောင် လုပ်ပေးစေချင်တယ်” ဟု လယ် ၁၀ ဧက ပိုင်ဆိုင်သည့် ဦးဟန်ရွှေက ဆို သည်။ပြီးခဲ့သည့်နှစ်က စပါးစပေါ်ချိန် တွင် တစ်တင်း ကျပ် ၅၀၀၀ ခန့် ပေါက် ဈေးရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လ တို့တွင် ကျပ် ၆၀၀၀ နှင့် ဧပြီလတွင် ကျပ် ၇၀၀၀ ခန့်အထိ မြင့်တက်ခဲ့ ကြောင်း လောင်းလုံးမြို့နယ်၊ မြို့ ဟောင်းကျေးရွာမှ ဆန်စက်ပိုင်ရှင် ဒေါ်စိန်စိန်က ပြောသည်။သို့သော် ယခုနှစ်တွက်မူ စပါး     စပေါ်ချိန်က တစ်တင်းလျှင် ကျပ် ၃၅၀၀ ပေါက်ဈေးရှိခဲ့ပြီး လက်ရှိ အချိန်ဖြစ် သည့် ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် ကျပ် ၄၀၀၀ သာ ပေါက်ဈေးရှိသည်ဟု ဒေါ်စိန်စိန်က ဆိုသည်။

 
စပါးဈေးကျရခြင်းမှာ  ထားဝယ် ဆန်ထက် ရန်ကုန်ဆန်ကို စားသုံးသူများ လာခြင်းကြောင့် ထားဝယ်ဆန် ဝယ်လို အားနည်းလာခြင်း ကြောင့်ဖြစ်ကြောင်း ဆန်စက်ပိုင်ရှင်နှင့် ဆန်ဆိုင်ပိုင်ရှင်များ က ဆိုသည်။နောက်နှစ်များတွင်လည်း ဆန်ဈေး ဆက်ကျနေမည်ဆိုပါက ထားဝယ် ဒေသ ရှိ လယ်သမားများ လယ်ယာလုပ်ငန်းကို စွန့်လွှတ်လာနိုင်ကြောင်း လယ်သမား များက ဆိုသည်။စပါးဈေး ကျနေသော်လည်း မတ်လ ၃ ရက်အထိ တနင်္သာရီတိုင်း ၏ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်သည့် ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် ပိုများ ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တနင်္သာရီတိုင်းဒေသကြီးဘဏ်ခွဲထံမှ သိရသည်။

 
“ပြန်တော့ပြန်ဆပ်နေကြပါတယ်။ မနှစ်က ဒီအချိန်ဆို ၅၂.၁၅ ရာခိုင်နှုန်း၊ ဒီနှစ်က ၅၃.၀၃ ရာခိုင်နှုန်းဆပ်ပြီးနေပြီ” ဟု အဆိုပါ ဘဏ်မှ မန်နေဂျာ ဦးဝင်း နိုင်က ပြောသည်။တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် မိုးစပါးဘဏ်ချေးငွေ သန်း ပေါင်း ၁၇၀၀၀ ကျော် ထုတ်ချေးထား ကြောင်း သိရသည်။