သုံးနှစ်သား ထန်းတစ်ပင် ဘေးမဲ့အိုင်

0
364

ထားဝယ်မြို့နယ်၊ သပြုချောင်း ကျေးရွာအုပ်စုရှိ ကထောင်းနီ ကျေးရွာ တွင် သတ်မှတ်ထားသည့် ထန်းတစ်ပင် ရေနေသတ္တဝါဘေးမဲ့အိုင် သုံးနှစ်ပြည့် အခမ်းအနားကို မတ်လ ၇ ရက်က ကျင်းပခဲ့သည်။

သတ္တုတူးဖော်မှုများ၊ သစ်ထုတ်မှု များကြောင့် ရေချောင်းများတိမ်ကော ခြင်း၊ ရေနေသတ္တဝါများ မျိုးတုံးလာ သည့် အတွက် ထန်းတစ်ပင်ရေအိုင်ကို ၂၀၁၄ ခုနှစ်က စတင် သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။” ဒီဘက်မှာ ရေကောင်းတဲ့ချောင်း ဆိုလို့ ဒီတစ်ချောင်းပဲ ကျန်ပြီ၊ ဒါ ကြောင့်ဘယ်လုပ်ငန်းပဲဖြစ်ပါစေ ဒီဘေး မဲ့အိုင်ကို မထိခိုက်အောင် သတိထား ဖို့လိုတယ်” ဟု လူထု အခြေပြုရေရှည် တည်တံ့ခိုင်မြဲရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့(CSLD) ဥက္ကဋ္ဌ စောခိုက ပြောသည်။
ဘေးမဲ့အိုင် ၃ နှစ်ပြည့်အခမ်းအနား တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲများ၊ ဘေးမဲ့အိုင်အတွင်း ငါးစာကျွေးခြင်းတို့ အပြင် ရေကူးပြိုင်ပွဲ၊ ရေထဲတွင် ခေါင်း အုံးရိုက်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပခဲ့သည်။

ထန်းတစ်ပင်ဘေးမဲ့အိုင်သည် တနင်္သာရီမြစ်အတွင်းစီးဝင်သည့် ခမောင်းသွယ်ချောင်း၏ တစ်နေရာဖြစ် ပြီး ဧရိယာ ၄၅.၈၉၂ ဧက ကို ဘေးမဲ့ အိုင်အဖြစ် သတ်မှတ်ထားသည်။ဘေးမဲ့အိုင်ဧရိယာအတွင်းတွင် ရေညစ်ညမ်းစေခြင်း၊ အဆိပ်ချခြင်း၊ လျှပ်စစ်ဓာတ်တို့ ငါးဖမ်းခြင်း၊ ငါးမိုင်း ခွဲခြင်း၊ ရေငုပ်ဆူးတံပစ်ခြင်း စသည့် အချက်များကို မပြုလုပ်ရန် စည်းကမ်း ချက်ထုတ်ပြန်ထားသည်။

ဘေးမဲ့အိုင်အတွင်း ရေနေသတ္တဝါ ၈၆ မျိုးကျန်ရှိနေပြီး ရှားပါးမျိုးစိတ်ရေနေသတ္တဝါများလည်း ကျန်ရှိနေသေး ကြောင်း ဒေသခံများ၏ သုတေသနမှတ် တမ်းများအရ သိရသည်။