ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ရုပ်သိမ်းပေးရန် မွန်လူထု ၃၀၀၀ ကျော် ဆန္ဒပြ

0
448

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူး ကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင် တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် သတ်မှတ်သည်ကို ရုပ် သိမ်းပေးရန် ဒေသခံ ချောင်းဆုံပြည်သူ လူထု ၃၀၀၀ ကျော်က မတ်လ ၂ ရက် တွင် ဆန္ဒပြ တောင်းဆိုလိုက်သည်။

 
မွန်လူထု ကန့်ကွက်နေသည့်ကြား မှာပင် တံတားအမည်အား အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အမည်ဖြင့် ဂုဏ်ပြုသတ်မှတ်ပေးရန် ဖေဖော်ဝါရီ ၂၈ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေးတွင် NLD မှ မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းမှ အဆိုတင်သွင်းခဲ့ပြီး အဆိုကို ကန့်ကွက် သူ ၂ ဦးဖြင့် လွှတ်တော်က လက်ခံ ဆွေးနွေးရန် အတည်ပြုခဲ့သည်။

 
ထိုကဲ့သို့ ပြည်သူ့လွှတ်တော်မှ အဆိုကို လက်ခံဆွေးနွေးခြင်းသည် ဒေသခံ ဌာနေ တိုင်းရင်းသားတို့၏သဘောထား ဆန္ဒနှင့် ဆန့်ကျင်နေရုံမျှမက ပထဝီအနေ အထား ပြယုဂ်များကိုလည်း အသိအမှတ် ပြုခြင်းမရှိသည့် သဘော သက်ရောက် နေပြီး အထက်မှအောက်သို့ အမိန့်ပေး သကဲ့သို့ ဖြစ်နေသည့်အတွက် ကန့်ကွက် ဆန္ဒပြသည်ဟု ဆန္ဒပြသူတို့က ပြောသည်။
” ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအမည်ခံ ကြွေးကြော်ထားပြီးတော့ ဒီတံတားအမည်ကိစ္စမှာ ဒေသနဲ့ကိုက်ညီ တဲ့ ဒေသခံ မွန်လူမျိုးတွေနဲ့ကိုက်ညီတဲ့ အမည်ကို မပေးဘဲနဲ့ ဘာမှမသက်ဆိုင် တဲ့ အမည်ပြောင်းအသုံးပြုတဲ့အပေါ် မကျေနပ်လို့ အခုလို ကန့်ကွက် ဆန္ဒထုတ် ဖော်တာပါ” ဟု ဆန္ဒပြသူ မုဒွန်းရွာခံ နိုင်စိန်ထွန်းက ပြောသည်။

 
ဆန္ဒပြသူတို့သည် တိုင်းရင်းသား ချစ်ကြည်ရင်းနှီးရေး ဒို့အရေး၊ နယ်မြေ တိုင်းရင်းသားဆန္ဒ အသိအမှတ်ပြုရေး ဒို့အရေး၊ တိုင်းရင်းသားဆန္ဒနှင့် မညီတဲ့ လုပ်ရပ် ချက်ချင်းရပ် စသည့်ကြွေးကြော် သံတို့ဖြင့် ချောင်းဆုံ ကညှော်ကျေးရွာနှင့် တံတားအကြားရှိ ချဉ်းကပ်လမ်း တစ် လျှောက်တွင် ချီတက်ဆန္ဒပြ တောင်း ဆိုခဲ့ကြသည်။

 
ဒေါ်မိကွန်ချမ်းက အဆိုတင်ချိန် တွင် ” ဗိုလ်ချုပ်အောင်ဆန်းအမည်ပေး တဲ့အပေါ်မှာ ခါးခါးသီးသီး ငြင်းနေခြင်း သည် အမြင်ကျဉ်းခြင်းသာ ဖြစ်ပါတယ်”  ဟု ပြောဆိုသွားသည့်အတွက်လည်း မွန်လူထု က မကျေမနပ် ဖြစ်လျက်ရှိသည်။