ဇာဒီကျောင်း လာမည့်နှစ် အထက်တန်းကျောင်း ဖြစ်ဖွယ်ရှိ

0
389

ရေဖြူမြို့နယ် ဇာဒီရွာရှိ အထက် တန်းကျောင်းခွဲသည် လာမည့် ပညာသင် နှစ်တွင် အထက်တန်းကျောင်းအဆင့် တိုးမြင့်သတ်မှတ်နိုင်ရန် စိစစ်ဆောင် ရွက်တော့မည် ဖြစ်သည်။

ယင်းကျောင်းသည် အထက်တန်း ကျောင်းတစ်ကျောင်း၏ သတ်မှတ်ချက် နှင့် ကိုက်ညီမှုရှိသဖြင့် လာမည့် ပညာ သင်နှစ်တွင် ကျောင်းအဆင့် တိုးမြင့်ပေး ခြင်း ဆောင်ရွက်ချိန်၌ သတ်မှတ်မူ ဘောင်များနှင့်အညီ စိစစ်ဆောင်ရွက် ပေးမည်ဟု ပြည်ထောင်စုပညာရေး ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်၌ ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရေဖြူ မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဟန်ဝင်းသိန်း၏ ရေဖြူမြို့နယ် ဇာဒီရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခြင်းကို ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အထက်တန်းကျောင်းသားဦးရေ ၂၀၀နှင့် အထက်ရှိပြီး မြေနေရာ၊ အဆောက်အအုံ စသည့် သတ်မှတ်ချက် များနှင့် ကိုက်ညီသော ကျောင်းများ အထက်တန်းကျောင်းအဖြစ် လျှောက် ထားနိုင်ကြောင်း သိရသည်။

ဇာဒီကျောင်းတွင် ကျောင်းသား ဦးရေ ၁၀၄၁ ဦး ရှိသည့်အနက် အထက် တန်းကျောင်းသား ၂၀၁ ဦး ရှိကြောင်း ဝန်ကြီးက ဖြေဆိုသည်။