တနင်္သာရီ-ဗောဓိကမ်းကူးတို့လေလံဈေး ကျပ်သိန်း ၄၀၀ ကျော် အထိ မြင့်တက်

0
419

တနင်္သာရီ – ဗောဓိကမ်း ကူးတို့ လိုင်စင်(၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ် အတွက် ဖေဖော်ဝါရီလ ၂၀ ရက်က ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ရာ ကျပ် သိန်း ၄၀၀ ကျော်အထိ မြင့်တက်ခဲ့ ကြောင်း ယင်းမြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရ သည်။

တနင်္သာရီ-ဗောဓိကမ်း ကူးတို့လိုင် စင်အပါ ဆိပ်ကမ်းခွန်၊ ဈေးကောက် လိုင်စင်၊ မြို့ဝင်ဘီးကောက်နှင့် ကားည အိပ်ရပ်နားခွန် စသည့် လိုင်စင် ၁၄ ခု အနက် ၁၂ ခုကို ပထမအကြိမ်အဖြစ် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“လေလံစည်းမျဉ်းအရ ၁၅၀ ရာခိုင် နှုန်း ပြည့်သွားတဲ့အတွက် အိတ်ဖွင့် တင်ဒါစနစ်နဲ့ ထပ်သွားရအုံးမယ်” ဟု ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။
တနင်္သာရီ-ဗောဓိကမ်း ကူးတို့ လိုင်စင်ကို ကြမ်းခင်းဈေးနှုန်း ကျပ် သိန်း ၂၇၅ ဖြင့် ဈေးပြိုင်စနစ်ဖြင့် လေလံ တင်ရောင်းချခဲ့ရာ ကျပ်သိန်း ၄၀၀ ကျော်ဖြင့် လေလံဈေးပေးမြင့်ခဲ့ပြီး အိတ်ဖွင့် တင်ဒါကို မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စည်ပင်ရုံး မှ သိရသည်။

” အိတ်ဖွင့်တင်ဒါမှာ ခုပေးထားတဲ့ ကျပ်သိန်း ၄၀၀ ကျော်က ကြမ်းခင်းဈေး ဖြစ်သွားပြီး ပိုတိုးပေးနိုင်တဲ့သူက ရမှာ ပါ” ဟု စည်ပင်အမှုဆောင်အရာရှိ ဦးဟုန်စိုးက ပြောသည်။ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် တနင်္သာရီ-ဗောဓိကမ်း ကူးတို့ လိုင်စင်ကို ငွေကျပ်၂၆၈သိန်းဖြင့် လေလံ အောင်မြင်ခဲ့ကြောင်းစည်ပင် သာယာရေး ရုံးမှ သိရသည်။တနင်္သာရီမြို့တစ်ဖက်ရှိ ဗောဓိ ကမ်းမှ တစ်ဆင့်ကျေးရွာအုပ်စု ၄ စုခန့်နှင့် မောတောင်နယ်စပ်အထိဖြတ်သန်း သွားလာနေကြကြောင်း တနင်္သာရီမြို့ခံ တစ်ချို့မှ သိရသည်။