အိပ်မက်နှင့် သူ၏ အဆက်အစပ်များ

0
509

ကိုယ့်ကိုကိုယ်ဦးဆောင်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ရင်း လူတစ်ဦးချင်းစီ၏ ဘ၀ အိပ်မက်များနှင့် အဆက်အစပ်များ အကြောင်းကို လေး လေးနက်နက် သတိထားမိလာသည်။ လူတိုင်းတွင် အိပ်မက် ကိုယ်စီရှိကြ သည်။

သို့သော် လူတိုင်း ကိုယ်မက်သည့် အိပ်မက်များကို လှမ်းမဆုပ်နိုင်ကြပေ။ အဘယ်ကြောင့်နည်း။ကိုယ့်ကိုကိုယ် ဦးဆောင်မှုဆွေးနွေးပွဲ တက်ရောက်သူများ၊ ဘ၀တွင် ထိစပ် ဆက်ဆံနေရသူများနှင့် ဆွေးနွေးတိုင်း မရိုးနိုင်သည့် အဆက်အစပ်များကို တွေ့ရသည်။ ထိုအဆက်အစပ်များကို အထပ်ထပ် ဆင်ခြင်ပြီးချိန်တွင် အဓိက ကျသည့် အဆက်အစပ်များဟု ပြောနိုင် သည့် ဆက်စပ်မှုတစ်ခုကို တွေ့ရှိခဲ့သည်။ အနာဂတ်ကာလတစ်ခုခုအတွက် အိပ်မက်တစ်ခု ရှိသည်ဆိုပါစို့။
ယင်းအိပ်မက် အမှန်တကယ်ဖြစ် လာရန်ဘ၀၏ နေ့ရက်တိုင်းတွင် တွေ့ကြုံရသည့် အရာများ ကိစ္စရပ်များ အား မည်သို့မည်ပုံ ရွေးချယ်သည်ဟူသည့် အပေါ် မူတည်သည်။

ဘ၀နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်မျိုးစုံ ဖွင့်သည်ကို တွေ့ရပါသည်။ ကျွန်တော့်အတွက်တော့ ကိုယ့်ကို ကိုယ် ဦးဆောင်မှု အယူအဆအရ “ဘ၀ ဟူသည် ရွေးချယ်မှုဖြစ်သည်” ဟု ယုံ ကြည်သည်။ ကိုယ်ရွေးချယ် ဆုံးဖြတ်သည်များက ကိုယ်ရောက်ချင်သည့် အနာဂတ်၊ ကိုယ် မြင်မက်သည့် အိပ်မက်အပေါ် ကြီးစွာ သက်ရောက်သည်။ သို့ဆိုလျှင် လူတစ်ဦးချင်းစီသည် တစ်ခါတစ်ရံ တူညီသည့် ကိစ္စများ အပေါ် တွင် မတူကွဲပြားသည့် ဆုံးဖြတ်ချက်၊ ရွေးချယ်မှုများ အဘယ်ကြောင့် ပြုကြ သနည်း။ အချက် ၄ ခု ရှိသည်ဟု မြင်ပါ သည်။

၁) ကိုယ့်ကိုကိုယ် သိမှု
၂) စိတ်နေသဘောထား
၃) တန်ဖိုးထားမှု
၎) ယုံကြည် သက်ဝင်မှု တို့သည် လူတစ်ဦးချင်းစီ၏ ရွေးချယ်မှုအပေါ် သက်ရောက်သည်။

ကိုယ့်ကိုကိုယ် သိမှု
ကိုယ့်ကိုကိုယ်သိမှုဟု ဆိုလိုက်လျှင် ကိုယ့်ရည်ရွယ်ရာကို ရှင်းလင်းစွာသိမှု၊ ကိုယ့်အတွက် မည်သည့်အရာများက အရေးကြီးသည်ကို နားလည်သဘော ပေါက်မှု၊ ကိုယ့်၏ ဘုံတန်ဖိုးထားမှုကို သိမှု၊ ကိုယ့်အိပ်မက် ကိုယ်သိမှုတို့ ဖြစ် သည်။ မသိမှုများတွင် ကိုယ့်ကိုကိုယ် မသိမှုက အဆိုးဆုံးဟုပင် ဆိုနိုင်သည်။
ထိုမသိမှုကြောင့် ဆုံးဖြတ်ချက် အမှားများ ချမိပြီး ဘ၀လမ်းချော်ကြ ရသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က နည်း ပညာကောလိပ် ပထမနှစ် အတန်းတွင် ခပ်နွဲ့နွဲ့ကျောင်းသား တစ်ဦးရှိသည်။ ကျောင်းပျက်ရမည့် ကိစ္စများနှင့် ပတ် သက်ပြီး ခဏခဏ ညည်းတွားနေသည့် အတွက် ထိုကျောင်းသားအား ဘာကြောင့် နည်းပညာကောလိပ်လျှောက်သလဲဟု မေးဖြစ်သည်။သူပြန်ဖြေသည့် အဖြေအတိအကျကို မေ့သွားပြီဖြစ်သော်လည်း ဆိုလိုရင်းမှာ မရည်ရွယ်ဘဲ ဒီကျောင်းကို လျှောက် မိသည်။သူဝါသနာပါသည်မှာ အလှပြင် လုပ်ငန်း။ လုပ်နေသည်။ သို့အတွက် ကျောင်းမကြာမကြာ ပျက်ရမည်။ နောက်ဆုံးသူ နည်းပညာကောလိပ် ကို နှုတ်ဆက်သွားသည်။ ကိုယ့်ကိုကိုယ် အမှန်သိပြီး ရဲဝံ့စွာ သူဆုံးဖြတ်ခဲ့သည်။

အခု ထိုကျောင်းသားသည် ထား ဝယ်တွင် နာမည်ကြီး အလှဖန်တီးရှင် ဖြစ်နေသည်။ အကယ်၍သာ ကိုယ့်ကိုကိုယ် ပြတ်သားစွာ မသိဘဲ သူကျောင်းဆက် တက်လျှင် မည်သို့ ဆက်ဖြစ်မည်ဟု မတွေးရဲစရာ။ ကိုယ့်ကိုကိုယ် စောစီးစွာ အမှန် တကယ် သိမှုအတွက် ကျေးဇူးတင်ရမည် ဖြစ်သည်။

စိတ်နေသဘောထား
စိတ်နေသဘောထားကို လောက အပေါ် တုံ့ပြန်မှုရှုမြင်မှုဟု နားလည်ပါ သည်။မတူညီသည့် စိတ်နေသဘော ထားများကြောင့် လူတစ်ဦးချင်းစီသည် ဘ၀တွင်ကြုံရသည့် တူညီသည့် ကိစ္စရပ် တစ်ခုတည်း အပေါ်တွင်ပင် မတူညီသည့် တုံ့ပြန်မှု ခံယူမှုများ ရှိသည်။
ဥပမာ – နေခြစ်ခြစ်တောက် ပူနေ သည့် အခြေအနေမျိုးတွင် တစ်ခန်း တည်းအတူနေသည့်သူ ၂ ဦး၏ တုံ့ပြန် မှုသည် တူချင်မှ တူမည်။
တစ်ဦးက သက်သောင့်သက်သာဖြင့် ဖြတ်သန်းပြီး နောက်တစ်ဦးက တောက် တခေါက်ခေါက်နဲ့ ညည်းတွားပြီး ဖြစ်နေ ကောင်းဖြစ်နေမည်။
လူများလျှင် ပိုသိသာပေသည်။

ယင်းမှာ နေပူခြင်းအပေါ် လူတစ်ဦး ချင်း၏ မတူညီသည့် တုံ့ပြန်မှုဖြစ်သည်။ဘ၀တွင် ကြုံရသည့် အခြား ကိစ္စရပ်များတွင်လည်း တစ်ဦးချင်းစီ၏ မတူညီသည့် တုံ့ပြန်မှုများက မတူညီ သည့် ရွေးချယ်မှုများကို ဖြစ်စေမည် ဖြစ်သည်။အကောင်းမြင် စိတ်နေသဘော ထားရှိသူ၏ တုံ့ပြန်ပုံက တနည်းဖြစ်ပြီး အဆိုးမြင် စိတ်နေသဘောထားရှိသူ၏ တုံ့ပြန်ပုံက တစ်မျိုးဖြစ်မည် ဖြစ်သည်။

တန်ဖိုးထားမှု
တန်းဖိုးထားမှုကို လူတစ်ဦးချင်း စီက ကိုယ်တိုင်သတ်မှတ်သည့် အဆင့် အတန်း၊ နှုန်းစံဟု နားလည်ပါသည်။ ဘ၀တွင် ကြုံရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆုံးဖြတ်သည့် ဆုံးဖြတ်ချက် များအပေါ် လူတစ်ဦးချင်းစီ၏ တန်ဖိုး ထားမှုက သက်ရောက်သည်။ငွေကိုသာ တန်ဖိုးထားသူတစ်ဦးက ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်များကို ငွေကိုသာ အခြေတည်ပြီး စဉ်းစားကာ ဆုံးဖြတ်မည် ဖြစ်သည်။ ပညာကို တန်ဖိုးထားသူတစ်ဦးက ပညာကို အခြေတည်ပြီးသာ စဉ်းစား မည်ဖြစ်သည်။

ယုံကြည် သက်ဝင်မှု
လူတစ်ဦးချင်းစီ၏ တစ်စုံတစ်ရာ အပေါ် လက်ခံမှုအခြေအနေကို ဆိုလို သည်ဟု နားလည်ပါသည်။ ကိစ္စရပ်များ နှင့် ပတ်သက်ပြီး ကိုယ်လက်ခံ ယုံကြည် သည့် အခြေအနေအပေါ် မူတည်ပြီး ဆုံး ဖြတ်ချက်များ၊ ရွေးချယ်မှုများ ကွဲလွဲကြ တတ်သည်။ဘာသာတရားနှင့် ဥပမာပေးလျှင် ထင်းလင်းစွာ မြင်ရမည်ဖြစ်သည်။
မိမိသက်ဝင်ရာ ဘာသာတရား ကြောင့်၊ အတွေးအခေါ် အယူအဆကြောင့် ဘ၀တစ်ဆစ်ချိုးလောက်သည်အထိ ဖြစ်ခဲ့ရသည်များလည်း တွေ့ရမည်ဖြစ် သည်။
အထက်ပါအရာများသည် တစ်ခုခု နှင့် တစ်ခု အပြန်အလှန် ဆက်စပ်မှုလည်း ရှိနေသည်။

ဝန်ကြီးချူပ် ဖြစ်ချင်သူတစ်ဦး အတွက် သူဝန်ကြီးချူပ်ဖြစ်ချင်သည့် အိပ်မက်ကို အထောက်အပံ့ဖြစ်စေသည့် စိတ်နေသဘောထား၊ တန်ဖိုးထားမှု၊ သက်ဝင်ယုံကြည်မှုနှင့် ကိုယ့်အိပ်မက် ကိုယ်သိမှုတို့ ရှိရမည်ဖြစ်သည်။ရည်မှန်းချက် နှင်းမကွဲလျှင် ချောက်ထဲလည်း ကျကောင်းကျနိုင်သည်။ ချိုင့်ထဲလည်း ဆင်းမိလျှင် ဆင်းမိနိုင် သည်။

ဝန်ကြီးချုပ်ဖြစ်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည့် အခွင့်အရေးများ ကိုယ်ရှေ့ ရောက်နေပါသော်ငြား တုံ့ပြန် ပုံ မှားယွင်းလျှင် ဖြစ်စေ၊ တန်ဖိုးထားမှု မကိုက်၊ သက်ဝင်မှုစံချော်လျှင် ဖြစ်စေ လက်လွှတ် ဆုံးရှုံးရနိုင်သည်။ အိပ်မက်များ ရှင်းလင်း၊ တန်ဖိုး ထားမှု ကိုက်ညီ၊ သက်ဝင်မှု စံကိုက်ပြီး အကောင်းအမြင် စိတ်နေသဘောထား ရှိလျှင်၊ ထိုသို့ဖြစ်အောင် ကြိုးစားလျှင် အိပ်မက်များသည် အမှန်တကယ် ဖြစ် လာမည်သာ ဖြစ်သည်။