ထိုင်းမှ အခမဲ့ငွေလွှဲနိုင်ရေး ညွှန်ကြားချက် မရောက်သေး

0
933
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်နေကြသည့် နိုင်ငံသားများ မြန်မာ နိုင်ငံသို့ ငွေလွှဲခနှင့် အခြား ဝန်ဆောင်ခ များ ပေးစရာမလိုဘဲ မကြာမီ ငွေလွှဲနိုင် တော့မည်ဟုဆိုသော်လည်း အဆိုပါ ညွှန်ကြားချက် မရောက်သေးကြောင်း မြန်မာ့စီးပွားရေးဘဏ် တနင်္သာရီတိုင်း ဒေသကြီးရုံးထံမှ သိရသည်။

ထိုင်းနိုင်ငံရှိ Krung Thai ဘဏ်မှ မြန်မာတစ်နိုင်ငံလုံးရှိ မြန်မာ့စီးပွားရေး ဘဏ်များကို ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက် တွင် အခမဲ့ စတင်လွှဲနိုင်တော့မည် ဖြစ် ကြောင်း မြန်မာ့စီးပွားရေးဘဏ်၏ ထုတ် ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းထုတ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။
” အထက်က ညွှန်ကြားချက်တော့ မရောက်သေးဘူး၊ အနှေးနဲ့အမြန်တော့ ဖြစ်လာမယ်ထင်တယ်” ဟု မြန်မာ့စီးပွား ရေးဘဏ် (တိုင်းဒေသကြီးရုံး)မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကာ နေရပ်ထံ ငွေလွှဲပါက ငွေလွှဲခနှုန်းကြီး စွာဖြင့် ပေးချေခဲ့ရပြီး ယင်းကဲ့သို့ ငွေလွှဲခ ပေးရန်မလိုပါက ပိုအဆင်ပြေမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံတွင် နှစ်အတန်ကြာ အလုပ်လုပ်ခဲ့ဖူးသည့် ထားဝယ်မြို့ ဝဲကျွန်း ထိန်လယ်ရပ်နေ ဦးစိုးစိုးက ဆိုသည်။

ထားဝယ် အထွေထွေရောဂါကု ဆေးရုံအရေးပေါ်ဌာန အဆင့်မြှင့်တင် ရေး၊ ငါးလုပ်ငန်း ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များ ငွေလွှဲပို့နိုင်ရန် မြန်မာ့စီးပွားရေးဘဏ် နှင့် Krung Thai Bank တို့ကြား ငွေကြေးလွှဲပြောင်းမှု ဆိုင်ရာ သဘောတူ စာချုပ်တို့ကို ဖေဖော်ဝါရီလ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ တရားဝင် Fခေနဘသသု စာမျက်နှာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းမှ ဒေသခံ နှစ်သိန်း နီးပါးထိုင်းနိုင်ငံတွင်သွားရောက် အလုပ် လုပ်ကိုင်နေကြောင်း ၂၀၁၄ သန်းခေါင် စာရင်း အရသိရသည်။