၅၅၅ တောင်ပေါ် ကိုရင်ကြီး စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

0
445

ကော့သောင်းမြို့၏ အထင်ကရ တောင်တစ်ခုဖြစ်သည့် ၅၅၅ တောင် ပေါ်ရှိ တောရကျောင်း တစ်ကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေသည့် ကိုရင်ကြီးတစ်ပါးထံမှ စိတ်ကြွဆေးပြား ၆၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

ကိုရင်ကြီးထံမှ ဆေးပြားဝယ်ယူ သူအား ဖမ်းမိရာမှ ၎င်း၏ ထွက်ဆိုချက် အရ ဖေဖော်ဝါရီ ၂၂ရက်ညက ကိုရင် ကြီးအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရဲစခန်း တာဝန်ရှိသူက ဆို သည်။အဆိုပါ ကိုရင်ကြီးအား ညတွင်း ချင်း လူဝတ်လဲကာ အရေးယူ ဆောင် ရွက်ထားသည်ဟု သိရသည်။

လက်ရှိတွင် ကိုရင်ကြီးနှင့် ၎င်း ထံမှ ဆေးပြား ဝယ်ယူသူတို့အား မူးယစ် ဆေးဝါး ဥပဒေဖြင့် ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပြီး ကွင်းဆက်များကို ဆက်လက်ရှာဖွေ လျက်ရှိသည်ဟု အထက်ပါ ရဲစခန်းမှ သိရသည်။