မြို့နယ်တစ်ခု မီးသတ်ထော်လာဂျီ တစ်စီး

0
433

လမ်းကျဉ်းသည့် နေရာများတွင် မီးငြှိမ်းသတ်နိုင်ရန် တနင်္သာရီ တိုင်း အတွင်းရှိ မြို့နယ်တစ်ခုလျှင် မီးသတ် ထော်လာဂျီ တစ်စီးနှုန်း ပေးသွားမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ် ဦးစီးဌာနထံမှ သိရသည်။

စနစ် ၃ မျိုးဖြင့် ရေဖြန်းနိုင်ပြီး ရေပိုက်ခေါင်း၊ မီးသတ်ကားသုံးရေပိုက်၊ အပေါ့စားမီးသတ်စက် စသည့် ပစ္စည်း များပါဝင်သည့် မီးသတ်ထော်လာဂျီများ ကို လာမည့်မတ်လဆန်းတွင် စတင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ခရိုင် မီး သတ်ဦးစီးမှူး ဦးသိန်းဇော်က ဆိုသည်။ရေဂါလံ ၄၀၀ သယ်ဆောင်နိုင်သည့် အဆိုပါ မီးသတ်ထော်လာဂျီများကို မြို့ နယ်များရှိ လူနေထူထပ်သည့် (မီးဘေး စိုးရိမ်ရသည့်) ရွာကြီးများကို ပေးထား မည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။
“နွေရာသီ ရေရှားရင် သောက်သုံး ရေအတွက် အသုံးပြုနိုင်သလို မီးလောင် ရင်လည်း သုံးလို့ရအောင်ပေးထားမယ်” ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်က ဆိုသည်။

ထားဝယ်ဒေသ မီးလောင်မှုဖြစ်စဉ် များတွင် ပြင်ပပုဂ္ဂလိက ရေရောင်းသည့် ထော်လာဂျီများက မီးသတ်ကားကြီး များမဝင်နိုင်သည့်နေရာများကို ဝင်ရောက် ငြှိမ်းသတ်ပေးလေ့ ရှိသည်။ယင်းအပြင် အပေါ့စားမီးသတ်စက် အလုံး ၉၀ ကိုလည်း ခရိုင် ၃ ခုသို့ ဖြန့် ဝေပေးသွားရန်ရှိကြောင်း ၎င်းက ပြောသည်။
ထားဝယ်မြို့နယ်တွင် မီးသတ်ကား ၁၃ စီး၊ ရေဖြူမြို့နယ်တွင် ၇ စီး၊ လောင်းလုံးမြို့နယ်တွင် ၇ စီးနှင့် သရက်ချောင်း မြို့နယ်တွင် ၆ စီးရှိပြီး ရှပ်ပြေး အမြန်ရေယာဉ်မှာ ထားဝယ်မြို့ နယ်တွင် ၃ စီးနှင့် မောင်းမကန် တွင် ၂ စီး ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကြိုးဖုန်းဖြင့် မီးသတ်ဌာန အရေး ပေါ်ဖုန်းနံပတ်ဖြစ်သည့် ၁၉၁ ကိုခေါ် ဆိုနိုင်သလို ၀၅၉-၂၁၀၁၇၊ ၀၅၉ -၂၃၈၇၁ ထံဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း သိရ သည်။