မြိတ် မင်္ဂလာကန်တော် အကြီးစားတူးဖော်ရန် ကျပ်သိန်းနှစ်သောင်းခန့် ကုန်ကျမည်

0
377

မြိတ်မြို့ မြစ်ငယ်ရပ်ရှိ မင်္ဂလာကန် တော်(ဒေသအခေါ် ရေကန်ဘောင်) အား အကြီးစားတူးဖော် ပြင်ဆင်ရန် စီစဉ် လျက်ရှိရာ ငွေကျပ်သိန်းပေါင်း တစ် သောင်းခွဲမှ နှစ်သောင်းကြား ကုန်ကျ မည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကို ထံမှ သိရသည်။

ယင်းရေကန်သည် မြိတ်မြို့အတွက် အရေးပါသည့် ရေလှောင်ကန်တစ်ခု ဖြစ်ကာ မီးဘေးကြုံပါက အားထားရ သည့် ရေအရင်းအမြစ်အဖြစ် အသုံးပြု လျက်ရှိသည်။ ထို့အပြင် ဘေးမဲ့ ရေကန်တစ်ခုဖြစ် ပြီး ကန်ပတ်လည် အရိပ်ရအပင်များနှင့် ကျန်းမာရေးအတွက် လမ်းလျှောက်သည့် နေရာတစ်ခုဖြစ်ကာ ငှက်မျိုးစုံ(ဆောင်း ခိုငှက်တစ်ချို့ပါ) ကျက်စားကြသည့် နေရာလည်း ဖြစ်ကြောင်း သိရသည်။

“လာမည့်နှစ်အတွင်းမှာ အကောင် အထည်ဖော်နိုင်အောင် လုပ်သွားမယ်” ဟု ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
ကုန်ကျငွေများအတွက် စေတနာ ရှင်အလှူရှင်များနှင့် တိုင်းအစိုးရတို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ကော်မတီမှ သိရသည်။
ကန်တော်အတွင်းရှိ နုန်းများအား တူးဖော်ပြီး ကန်ပတ်လည်တွင် ကျောက် တန်းများစီကာ အများပြည်သူအပန်းဖြေ အနားယူနိုင်သည့် ထိုင်ခုံများပြုလုပ်ရန် လျာထားသည်ဟု ကော်မတီထံမှ သိရ သည်။

” ကန်ဘောင်ဘေးပတ်လည်က သစ်ပင်တွေက အရိပ်ရပြီး နားခိုနိုင်တဲ့ အတွက်၊ အပင်တွေကိုတော့ မခုတ်စေချင် ဘူး” ဟု မြစ်ငယ်ရပ်နေ ဦးသန်းစိုးက ပြောသည်။ရေကန်အား မတူးဖော်မီ သက်ဆိုင် ရာ သဘာဝပတ်ဝန်းကျင်အဖွဲ့များနှင့် သစ်တောဌာနတို့ ပူးပေါင်းကာ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဦးမြတ်ကိုကို က ပြောသည်။

မင်္ဂလာကန်တော်သည် ဧရိယာ အကျယ် ၂၁ ဧကကျော်၊ ကန်ပတ်လမ်း ပေ ၄၀၀၀ ကျော်ရှိပြီး ရေကန်အား ၁၂ ပေ အနက်ခန့် ဆယ်ယူမည်ဆိုပါက ရေဂါလံပေါင်း သန်း ၇၀ ကျော်ဝင် ဆံ့နိုင်မည်ဖြစ်ကြောင်း စည်ပင်ကော် မတီထံမှ သိရသည်။