လှေနှစ်စီးတိုက်မိ အမျိုးသမီးတစ်ဦး ပျောက်ဆုံး

0
414

ကော့သောင်းရေပြင် ခိုကျွန်း အနီး တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁ နာရီအချိန်ခန့်က စက်လှေနှစ်စီး တိုက်မိ ကာ လှေပေါ်ပါ အမျိုးသမီးတစ်ဦးပျောက် ဆုံးနေကြောင်း အတိုက်ခံခဲ့ရသည့် စက် လှေပိုင်ရှင် ဦးအောင်စိုးထံမှ သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် မှိုင်း တွေးရွာနေ ဦးအောင်စိုး၏ မြင့်မြတ် အောင် ၁၈ ကမ်းနီးငါးသယ်ရေယာဉ်သည် ကော့သောင်းမြို့မှ ဆားကြမ်းများနှင့် အခြားပစ္စည်းများ တင်ဆောင်လျက် မှိုင်းတွေးရွာသို့အပြန် ခိုကျွန်းအနီးတွင် အောင်သူဇော် ၂၃ ငါးသယ်ရေယာဉ်က နောက်မှ ဝင်တိုက်မိကာ မြင့်မြတ် အောင် ၁၈ စက်လှေ နစ်မြုပ်သွား ခဲ့ကြောင်း ဦးအောင်စိုးက ပြောပြသည်။

“လမ်းကြောင်းက အတူတူပဲ နောက်ကနေ ဘာကြောင့် ဝင်တိုက်မိရ တာလဲ မသိဘူး”ဟု မြင့်မြတ်အောင် ၁၈ စက်လှေပိုင်ရှင် ဦးအောင်စိုးက ပြော သည်။
စက်လှေနစ်မြုပ်မှုကြောင့် လှေ ပေါင်းအမိုးထဲတွင် အိပ်ပျော်နေသည့် လှေ စာရေး၏ ဇနီးဖြစ်သူ မသန်းမြင့်ဆိုသူမှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေပြီး စက် လှေတန်ဖိုးအပါ ဆားကြမ်းများနှင့် အခြားကုန်ပစ္စည်းများ စုစုပေါင်း သိန်း ၈၀၀ နီးပါးခန့် ဆုံးရှုံးခဲ့ရကြောင်း မြင့် မြတ်အောင် ၁၈ စက်လှေပိုင်ရှင်က ပြောပြသည်။

ယင်းဖြစ်စဉ်တွင် စက်လှေနှစ်စီး စလုံးကို မြိတ်ရဲစခန်းက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၂၈၀ အရ အမှုဖွင့်ဆောင် ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။