ထားဝယ်အခြေစိုက် ခရီးသွားကုမ္ပဏီအများစု အလုပ်မဖြစ်

0
425

ထားဝယ်ဒေသတွင် အခြေစိုက်ကာ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသည့် ခရီးသွားကုမ္ပဏီများ ခရီးသည်ပို့ဆောင် ရမှုနည်းကာတွက်ခြေမကိုက် ဖြစ်နေ ကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရ သည်။

နိုင်ငံခြားသားခရီးသည် ဝင်ရောက် မှုများပြားသော်လည်း ဆိုင်ကယ်ငှားကာ နိုင်ငံခြားသားများ ကိုယ်တိုင် မောင်းနှင် သွားလာနေခြင်းနှင့် နိုင်ငံခြားသား အများစု စိတ်ဝင်စားသည့် ကမ်းခြေဒေသ များတွင်ညအိပ်ခွင့်မပေးသဖြင့် ခရီးသည် ရရှိမှု နည်းပါးလာကြောင်း ကုမ္ပဏီအချို့ က ပြောဆိုသည်။ ” နိုင်ငံခြားသားတွေ အဝင်များနေ ပေမဲ့ ခရီးသွားကုမ္ပဏီတွေဆီ မလာကြ တော့ဘဲ ကိုယ့်အစီအစဉ်နဲ့ ဆိုင်ကယ် ငှားပြီး သွားနေကြတာ များတယ် ” ဟု Titan ခရီးသွားကုမ္ပဏီပိုင်ရှင် ဦးတင်နိုင် က ပြောသည်။

ယမန်နှစ်က နာမည်ကြီးခဲ့သော ဘုတ်ကျွန်းခရီးစဉ်များ သွားခွင့်မပေး ခြင်းကြောင့် ခရီးသွားကုမ္ပဏီများမှာ လောင်းလုံးကျွန်းဆွယ် ကမ်းရိုးတန်း နှင့် ပဲ့စင်ကျွန်း ခရီးစဉ်ကိုသာ ပို့ဆောင် ပေးခဲ့ရသည်။ ဘုတ်ကျွန်းခရီးစဉ်များကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ အခေါက် ၃၀ ခန့် ပို့ဆောင်ပေးရပြီး လက်ရှိအချိန် တွင် ၅ ခေါက်သာ ပို့ဆောင်ပေးရသေး ကြောင်း ဦးတင်နိုင်က ဆိုသည်။ပြည်တွင်းခရီးသွားကို အဓိက မှီခို ရသော ခရီးသွား ကုမ္ပဏီများသည်လည်း တွက်ချေမကိုက် ဖြစ်လျက်ရှိသည်။

” ဘုတ်ကျွန်းကို ပိတ်ထားတာ ပါတယ်၊ ပြန်ဖွင့်ပေးမယ်ဆိုရင်တောင် အရှိန်ကျနေပြီဖြစ်လို့ အရှိန် ပြန်ယူရဦး မယ် ထင်တယ်” ဟု ထားဝယ်အခြေစိုက် Sky Light ခရီးသွားကုမ္ပဏီပိုင်ရှင် ဒေါ်မိုးမိုးသူက ပြောသည်။ယမန်နှစ်က ဘုတ်ကျွန်းခရီးစဉ် ကြောင့် နေ့စဉ်နီးပါး ပို့ဆောင်ရပြီး ယခု နှစ်တွင်လည်း ခရီးသည် လာရောက်မှု များမည်ဟု မျှော်မှန်းကာ ကုမ္ပဏီလိုင် စင်များ အသီးသီး လုပ်ထားကြသော် လည်း လက်ရှိတွင် ၃ ခေါက်သာ ပို့ရ သေးကြောင်း ဒေါ်မိုးမိုးသူက ဆိုသည်။

ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံခြားသားများ မည်သည့်နေရာကို စိတ်ဝင်စားကြောင်းနှင့် မည်သည့် နိုင်ငံ သားများ အဝင်များသည်ကို သိရှိနိုင်ရန် တိုင်းအစိုးရက သုတေသနလုပ်သင့် ကြောင်း ဦးတင်နိုင်က အကြံပြုသည်။လက်ရှိအချိန်တွင် လောင်းလုံး ကမ်းရိုးတန်းတစ်လျှောက် (မောင်းမ ကန်မပါ)တွင် နိုင်ငံခြားသား များ တည်းခိုခွင့်ရှိသည့် ဘန်ဂလို ၁ ခုသာ ရှိသည့်အတွက် အဆင်မပြေ ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ထီးခီးနယ်စပ်မှတစ်ဆင့် နိုင်ငံခြားသား ၄၁၂၀၃ ဦး ဝင်ရောက်ပြီး ၂၀၁၇ ဇန်န ဝါရီလတွင် ၁၀၈၉ ဦးဝင်ရောက်ခဲ့ကာ ထားဝယ်ခရိုင်အတွင်း ခရီးသွားကုမ္ပဏီ ၂၃ ခု ရှိကြောင်း တိုင်းဒေသကြီး ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းအရ သိရသည်။