တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်မည်

0
487

မွေးမြူရေး တိရစ္ဆာန်အရေအတွက် သိရှိနိုင်ရန် တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

တိုင်းပြည်၏ ပြည်တွင်းစုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး (GDP) တွက်ချက် ခြင်းနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းတန်ဖိုး တွက်ချက်ရာတွင် တိတိ ကျကျဖြစ်စေရန် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကောက်ယူသွားမည် ဖြစ်ကြောင်း တိုင်းမွေးမြူရေးနှင့် ကုသ ရေးဦးစီးမှူး ဒေါက်တာဥာဏ်လင်းက ဆိုသည်။ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်း တန်ဖိုး ထွက်ရှိလာပါက ဒေသတွင်း သာမက နိုင်ငံအတွင်း မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက် တိကျစွာ ရရှိလာပြီး ဖွံဖြိုးရေး လုပ်ငန်းဆိုင်ရာ မဟာဗျူဟာရေးဆွဲပါက အထောက်အကူ ပြုနိုင်မည်ဟု ၎င်းကဆိုသည်။

ကောက်ယူရာတွင် ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်စသည့် မွေးမြူရေး တိရစ္ဆာန်များ စာရင်းကောက်ယူမည် ဖြစ်သည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် ရှေ့ပြေးသန်းခေါင် စာရင်းကောက်ရန်ရှိပြီး အားသာ ချက်၊ အားနည်းချက်များကို လေ့လာနိုင်ရန် ဝန်ထမ်းစေလွှတ်ထားကြောင်း ဒေါက်တာ ဥာဏ်လင်းက ပြောသည်။

“ဘယ်အချိန် ကောက်ဖြစ်မယ် ဆိုတာတော့ တိတိကျကျ မသိသေးဘူး” ဟု တိုင်းဦးစီးမှူး ဒေါက်တာဥာဏ်လင်း က ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရာ တွင် တစ်လခန့်အချိန်ကြာမြင့် နိုင်ပြီး ပြည်သူများကိုလည်း တိရစ္ဆာန် သန်း ခေါင်စာရင်းကောက်ယူမှု ဆင့်ပွားသင် တန်းများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိရစ္ဆာန် သန်းခေါင်စာရင်းကို ပြီးခဲ့သည့် ၁၉၉၃-၁၉၉၄ ခုနှစ်က နောက်ဆုံးအကြိမ် ကောက်ခဲ့ဖူးကြောင်း အထက်ပါဌာနထံမှ သိရသည်။