ပုံရိပ်များ၏ ကောက်ကြောင်း

0
544

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ငယ်က ပုံရိပ်တွေ မြင်ရတွေ့ရတော့ ဓာတ်ပုံ တွေရဲ့ သမိုင်းတန်ဖိုးကို တွေးမိသွားပြီး အဲဒီ ဓာတ်ပုံတွေက ဆွဲခေါ်ရာ အတိတ် နေ့ရက်များဆီ စိတ်က ရောက်သွား ပြန် တယ်။

ဘယ်တုန်းက၊ ဘယ်နေရာမှာ၊ ဘယ်အချိန်၊ ဘယ်သူတွေ၊ ဘာကြောင့် ရိုက်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့် လိုက်ရင်ကိုပဲ ဓာတ်ပုံလေး တစ်ပုံဆီကနေ လွမ်းဆွတ်အောက်မေ့မှု၊ ပျော်ရွှင်ကြည်နူး မှု၊ နာကျင်ကြေကွဲမှု စတဲ့ ရသတစ်ခုခုကို ခံစားလာရမှာပါ။ ဒီထက်ပိုပြီး သမိုင်း ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အထောက် အထား၊ လူမှုဘ၀ဝန်းကျင်နဲ့ ပတ်သက် တဲ့ အချက်အလက်တွေကိုလည်း ဓာတ်ပုံ တစ်ပုံက ပေးစွမ်းနိုင်သလို အလင်း အမှောင်၊ အရောင်အရိပ်၊ အနီးအဝေး မြင်ကွင်း၊ ဒြပ်ထု၊ သက်ငြိမ်၊ လှုပ်ရှားမှု စတဲ့ အနုပညာစံနှုန်းတွေနဲ့ ရသအာရုံ ခံစားမှုဟာလည်း ဓာတ်ပုံတွေထဲမှာ ရှိနေပါသေးတယ်။

အခုလို နည်းပညာတွေ အရှိန် အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဓာတ်ပုံတစ်ပုံရိုက်ဖို့၊ ရိုက်ထားတဲ့ပုံတွေကို မျှဝေရယူဖို့ဆိုတာ လူတိုင်းအဖို့ လက် လှမ်းမီတဲ့ ကိစ္စဖြစ်လာပေမယ့်၊ ဓာတ်ပုံ တစ်ပုံရဖို့ အခက်အခဲ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့ကြရတဲ့ ကျွန်တော်တို့ ငယ် ဘ၀တုန်းက ဓာတ်ပုံဆရာတွေ၊ ဓာတ်ပုံ စတူဒီယိုနဲ့ ဓာတ်ပုံလုပ်ငန်းတွေ အကြောင်း မှတ်မိသလောက်ပြန်တွေး၊ မေးမြန်းပြီး သိလာရသမျှတွေနဲ့ ဒီစာစု လေးကို ချရေး ဖြစ်ပါတယ်။
ကျွန်တော့်မွေးရပ် သင်္ဘောဆိပ်ရပ် ကွက်မှာ ရပ်ကွက်ထဲက သာရေးနာရေး ကိစ္စတွေ မှတ်တမ်းတင် ရိုက်တာ၊ အလှ ဓာတ်ပုံ၊ မိသားစု အမှတ်တရဓာတ်ပုံ တွေ ရိုက်တာတွေအတွက် ” ဝါဝါဝင်း” ဓာတ်ပုံဆိုင် ရှိခဲ့တယ်။

ဇရစ်ရပ် ဈေးတောင်ဘက်လမ်းမှာ ကျတော့ ဦးဘွန်စွီရဲ့ ” ဆန်းတင့်” ဓာတ်ပုံ ဆိုင်။ နှင်းရုပ်ရှင်ရုံအနားက ” စပယ်ဦး” ဓာတ်ပုံဆိုင်က နောက်ပိုင်းမှာ ခုံဝင်းဒပ် ရပ်ကွက် ပေ ၅၀ လမ်းဘက် ရွှေ့သွားခဲ့ တယ်။ အနောက်ရွာလယ်ဇရပ်လမ်းမှာ ဦးမောင်ဆန်းရဲ့စာအုပ် အငှားလုပ်ငန်းနဲ့ တွဲဖွင့်ထားတဲ့ ” စိန်ဓာတ်ပုံ စာအုပ် အငှား” ။ ကညုံရွာလယ်ဇရပ် လမ်းထောင့် မှာနေတဲ့ ဓာတ်ပုံဆရာ ဦးကျင်စိန်က “စိန်ဓာတ်ပုံ” ဆိုင် စထောင်ခဲ့သူပေါ့။ မြို့တွင်း ရပ်ကွက်ကတော့ ဓာတ်ပုံရွာလို့ တင်စား ရလောက်အောင် ဓာတ်ပုံဆိုင်၊ ဓာတ်ပုံဆရာ ထွန်းကားတဲ့ ရပ်ကွက်ပါ။ မြို့တွင်းလမ်းမှာ ဦးတင်လတ်ရဲ့ ” လတ် ” ဓာတ်ပုံဆိုင် ရှိတယ်။
ဦးတင်လတ်က ဓာတ်ပုံစက္ကူတို့၊ ဓာတ်ပုံ ဖလင်တို့၊ ပုံကူးဆေးရာမှာသုံးတဲ့ ပစ္စည်းတွေလည်း ရောင်းခဲ့သူပါ။

“လတ်” နဲ့ နှစ်အိမ် သုံးအိမ်ကျော် လောက်မှာ “မျိုးမြန်မာ”ဆိုင်။ ပြီးတော့ ဗဟိုစည် ပုံနှိပ်တိုက်နားက ဓာတ်ပုံ ဦးကျော်ဒင်။ ရဲရိပ်သာလမ်းဆုံ မရောက် ခင်မြို့တွင်းလမ်းမှာပဲ ဓာတ်ပုံ ဦးကျော်သန်း၊ ဓာတ်ပုံ မောင်မောင်ခိုင်။ နိဗ္ဗာန်လမ်း ဘက်မှာ ဦးသန်းအောင်ရဲ့ “ပုလဲ” ဓာတ်ပုံ နဲ့ လမ်းဆုံကြီးဘက်မှာ ဓာတ်ပုံတိုးဝါနဲ့ နောက်ပိုင်း ဒစ်ဂျစ်တယ် ခေတ်မှာ “ပဒေ သာ” တို့အထိ ဓာတ်ပုံလုပ်ငန်းတွင် ကျယ်ခဲ့တဲ့ ရပ်ကွက်။ဥတ္တံတားကြီးလမ်းဆုံမှာ ဦးတိုး မောင် မိသားစုရဲ့ “ဖြူဖြူဝင်း” ဓာတ် ပုံဆိုင်ရှိခဲ့ပြီး မြောက်ရွာရပ် သီရိလမ်း ထဲမှာက ဦးစိုင်နဲ့သား ကိုအောင်စိုးဦးတို့ ရဲ့” ပပဝင်း” ဓာတ်ပုံဆိုင်ပေါ့။

ဦးစိုင်က ရဲရိပ်သာလမ်း သစ်တော ရုံးဝင်းထဲမှာ ရေကန်ငယ်လေးတွေ၊ အလှစိုက် သစ်ပင် ပန်းပင်တွေ၊ ခုံတွေ ဒန်းတွေစတဲ့ မြေယာရှုခင်း(lညျေိခစေန)အလှနဲ့ ဓာတ်ပုံပညာကို ပေါင်းစပ်ပြခဲ့ သလို ခုံဝင်းဒပ်ထဲမှာ ဓာတ်ပုံကို ဘာစိုင် ကလည်း သူ့စတူဒီယိုခြံကို ပန်းချီပန်းပု ဆရာ ကိုတင်မောင်ယုရဲ့ စိတ်ကူးစိတ် သန်း အနုပညာပန်းပုလက်ရာ တွေနဲ့ ဖန်တီးပြီး အလှဓာတ်ပုံရိုက်မယ့် သူတွေ ကို ဆွဲဆောင်နိုင်ခဲ့ကြတယ်။ ရွှေဝယ် သီရိလမ်းဆုံ နားက”လှဘုရင်”၊ အထက(၁) ရှေ့က ဦးအောင်ညွန့်ရဲ့ “ရှုမ၀”၊ ကြက်စားပြင်ရပ် သံတံတား ကြီးအနားက ဦးမောင်စိန်ရဲ့ ရွှေမင်းသမီးနဲ့ ရှမ္မလည် ဆွဲ ရပ်ကွက်မှာ ဓာတ်ပုံပီတာတို့လည်း ဆိုင် ဖွင့်ခဲ့ကြတယ်။ မှုခင်းနဲ့ သတင်း ဓာတ်ပုံ ရိုက်ကြတဲ့ ဓာတ်ပုံ ခင်မောင်ကြီး၊ ဖိုးရွှေသွန်း၊ ဦးစိုင်တို့နဲ့ အောက်ဒိုး သီးသန့် လိုက်ရိုက်ကြတဲ့ ဘုန်းကြီး ပျံကုန်းက ဦးစန်းရန်၊ ပိန္နဲတောက ဦးဥာဏ်ဝင်း၊ ကျောက်မော်က ကိုတင်ဝင်း၊ ကရပ်ပြင်က ကိုဘစိုး၊ ကမျောက ကိုဘကျော်၊ လောင်းလုံးက ဦးစိုးထွန်း၊ ပလောက်က ဦးလင်စန်းနဲ့ နောက်ပိုင်း ကိုခင်အောင် ဝင်း၊ ကိုစိုးဝင်း၊ ကမ္ဘာကျော်တို့လို ဒစ်ဂျစ်တယ်ခေတ် အထိ ဓာတ်ပုံဆရာတွေကလည်း အဆက် မပြတ် ပေါ်ထွက်နေဆဲ ပါပဲ။

၈၀ ခုနှစ်များရဲ့ အစောပိုင်းကာလ တွေထဲ အဖြူအမည်းကနေ ရောင်စုံ ဖလင်ခေတ် အကူးအပြောင်းမှာ တချို့က အဟောင်းကို ဖက်တွယ်ပြီး ကျန်နေခဲ့တာ၊ ဆက်မလျှောက်နိုင်လို့ ကျန်နေခဲ့တာမျိုး ရှိပေမယ့် အတော်များများကတော့ အ ပြောင်းအလဲနောက် မီအောင် ကြိုးစား လိုက်ခဲ့ကြတယ်။ ရောင်စုံဖလင် ဆေး ကူးတဲ့ နည်းပညာမရကြသေးတဲ့ အချိန် က ကော့သောင်းကနေတစ်ဆင့် ထိုင်း နိုင်ငံ ရနောင်းကိုပို့ပြီး ဓာတ်ပုံ ကူးကြ ရသေးတယ်။ အဲဒီတုန်းက ထားဝယ် – ကော့သောင်း လေယာဉ်ခရီးစဉ်က လည်း ၂ ပတ်မှ တစ်ကြိမ်လောက် ရှိ တာပါ။ ဒီကြားထဲ ရာသီဥတု မကောင်း တာနဲ့ အကြောင်းတစ်ခုခုကြောင့် လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာမျိုးနဲ့ ကြုံရင် တစ်လကိုးသီတင်း ကြာသွား တတ်တာဆိုတော့ မင်္ဂလာဆောင်ဓာတ်ပုံ ကို သားဦးလေးမွေးပြီးမှ ရကြတာမျိုးများ ရှိခဲ့မလားတောင် မပြောတတ်ဘူး။

ဇရစ်ရပ်ကွက်က “သပြေညွန့်” ဦးကျော်ညွန့်ဟာ ရောင်စုံဓာတ်ပုံ ခေတ်ဦးမှာ ရောင်စုံဖလင် ကူးဆေး တာကို စွန့်ဦးလုပ်နိုင်ခဲ့တယ်။ တလိုင်း မရပ် သုခလမ်းက ဓာတ်ပုံမောင်မောင် လှထွန်းတို့ ဦးစိုင်နဲ့ ကိုအောင်စိုးဦးတို့ရဲ့ ပပဝင်းဓာတ်ပုံဆိုင်တွေဟာလည်း ထားဝယ်လေးမြို့နယ်က အောက်ဒိုး ဓာတ်ပုံဆရာတွေ အားကိုးအားထား လုပ်ခဲ့ကြရတဲ့ ရောင်စုံဖလင်ကူးဆေးတဲ့ ဆိုင်တွေပေါ့။

မောင်းမကန်ကမ်းခြေမှာလည်း အပန်းဖြေ အလည်အပတ်သွားတဲ့ ဧည့် သည်မပြတ်တော့ အောက်ဒိုး ဓာတ်ပုံ သမားတွေ ပေါတယ်။ “သရဖူ” ဆိုင် ကတော့ မောင်းမကန်မှာ အောင်မြင် တယ်။ ကမ်းခြေကို နေ့ချင်းပြန်လည် ကြပတ်ကြသူတွေက ဓာတ်ပုံအရည် အသွေးပိုင်းကို အရိုးများ ချေးခါးနေဖို့ အချိန်မရှိ။ ခုရိုက်ခုယူ ၁၅ မိနစ်အမြန် ဆိုတာနဲ့ ကွက်တိ။ အဖြူအမည်း ဖလင် ခေတ်တုန်းက ကင်မရာ၊ မှန်ဘီလူးတွေ၊ နည်းပညာတွေက အခုလို မမြင့်သေး တော့ ဓာတ်ပုံတွေကို ပုံကြီးချဲ့ကူးတဲ့ အခါ ပုံရဲ့အရည်အသွေး (image resolution) ကျသွားတာမျိုး ဖြစ်တယ်။ အဲဒီမှာ ပုံအရည်သွေးကောင်းလာအောင် မလိုတာတွေ စူးချွန်နဲ့ ခြစ်ပြီး ဖယ်ထုတ် တာ၊ လိုအပ်တဲ့နေရာတွေမှာ ခဲလိုက်တာ၊ အရောင်ဖြည့်တာတွေလုပ်တဲ့ တာ့ချင်း ဆိုတဲ့ပညာနဲ့ ဓာတ်ပုံပြုပြင်တာကို တလိုင်းမရပ် သဲပုံစေတီ အနားမှာနေတဲ့ ဦးဘိုကြီးတို့၊ မျိုးမြန် မာဆိုင်နဲ့ ကြက်စား ပြင် ရေတွင်း ကြီးနားက ဓာတ်ပုံ၊ ပန်းချီ ဦးမောင်တို့ လုပ်ခဲ့ကြတယ်။
ဓာတ်ပုံ၊ ပန်းချီဦးမောင်တို့ လုပ်ခဲ့ ကြတယ်။ ဦးဘိုကြီးကတော့ အဲဒီပညာ ရပ်မှာ အထူးချွန်ဆုံး၊ နာမည်အရဆုံးပါ။ နောက်ပြီး ထားဝယ်က ဓာတ်ပုံသမားတွေ အတွက် ဖလက်ရှ်ဂန်းပျက်တာ၊ အလင်း ပေးတဲ့(Lighting)ပိုင်း မီးသီးမီးလုံးကိစ္စ အခက်အခဲတွေကို အများကြီး ကူညီ ဖြေရှင်းပေးနိုင်ခဲ့သူတစ်ယောက်က ဆင်ပုနစ်ရပ်ကွက်က အီလက်ထရောနစ် ပညာရှင် ဦးသွင်ပေါ့။

သက်မွေးဝမ်းကျောင်းအနေနဲ့ မဟုတ်ဘဲ ဓာတ်ပုံပညာကို ဝါသနာအရ လေ့လာလိုက်စားကြပြီး ပုံကောင်းလေး တွေရအောင် ရိုက်နိုင်ကြတဲ့ ဆရာ ငြိမ်းအေးအိမ်တို့၊ ကိုတင်စိုးဝေတို့၊ ကိုကျော်ရှိန်၊ ကိုစန်းယု၊ ကိုဖိုးဇော်တို့လို ဓာတ်သမားတွေ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲ တွေမှာ ဆုတွေချိတ်အောင်ရိုက်ပြီး အောင် မြင်နေတဲ့ ကိုပြည်စိုးထွန်းတို့အပြင် ရွက်ပုန်းသီး ဓာတ်ပုံသမားတွေလည်း ထားဝယ်မှာ အများကြီး ရှိဦးမှာပါ။
မြို့ကလေးက ငယ်ငယ်နဲ့ ဓာတ်ပုံ ဆိုင်၊ ဓာတ်ပုံဆရာတွေ ဘာကြောင့် ဒီ လောက်များသလဲ မေးလာရင် ကျွန်တော် ကတော့ အချောအလှတွေများလို့၊ အလှတရားနဲ့ သဘာဝကို ချစ်တတ်သူ တွေ ပေါလို့ပါဆိုပြီး ဂုဏ်ယူဝမ်းမြောက် စွာနဲ့ ဖြေလိုက်မှာပါ။

ဖလင်ခေတ်ကနေ ဒစ်ဂျစ်တယ် ခေတ်ရောက်သွားတော့ ဓာတ်ပုံတစ်ပုံ အတွက် အချိန်ကုန် ငွေကုန်သက်သာတာ၊ နည်းပညာပိုင်းအရ အဆင့်မြင့်လာလို့ ဆော့ဖ်ဝဲလ်မျိုးစုံသုံးပြီး ပုံပြင်တာပြောင်း တာ၊ နောက်ခံရှုခင်း၊ ဘောင်ပုံစံ၊ အဖြူ အမည်းကို ရောင်စုံပုံဖြစ်အောင် ပြောင်း တာတွေကအစ လုပ်လို့လွယ်သွားတော့ မင်းကုသကိုလည်း ပဘာဝတီနဲ့ လိုက် ဖက်ညီသွားအောင် ဓာတ်ပုံထဲ တွဲပေးလို့ ရသွားပါပြီ။

လက်ကိုင်ဖုန်းတွေမှာလည်း ရှေ့ ကင်မရာ၊ နောက်ကင်မရာ၊ ၃၆၀လို ဆော့ဖ်ဝဲလ်တွေနဲ့မို့ ဘုရားကျောင်းကန် နောက်ခံနဲ့၊ စာသင်ခန်းထဲ၊ စားဝိုင်း သောက်ဝိုင်း၊ သာရေးနာရေး၊ ဘယ်နေရာ ရောက် အမှတ်တရဆိုတဲ့ ဆဲလ်ဖီ(selfie)တွေနဲ့ ဓာတ်ပုံဆိုတာ ဖောချင်းသော ချင်း ပေါတဲ့ခေတ်ကို ရောက်ခဲ့ပါပြီ။
ဒါပေမဲ့ ဓာတ်ပုံပညာရဲ့ နက်ရှိုင်း တဲ့ အနှစ်သာရ၊ ဓာတ်ပုံကောင်းတစ်ပုံရဲ့ တန်ဖိုးကို မြတ်မြတ်နိုးနိုး နှစ်နှစ်ကာကာ ရှိကြတဲ့ ဓာတ်ဖမ်းသမားတွေကတော့ ကလစ်တစ်ချက်ကို ချစ်မက်ပြီး နှိပ်နေ ဦးမှာမို့ လက်စွဲတော် ကင်မရာတကား ကားနဲ့ အလှတရားကို ရှာဖွေနေတဲ့ ဓာတ် မုဆိုးတွေကို ခေတ်တိုင်းအချိန်တိုင်း နေ ရာတိုင်းမှာ တွေ့နေကြရဦးမှာပါဗျာ။ ။